Skip to main content

Aug 07, 2026

နိုင်ငံတော်အစိုးရအနေဖြင့် ကမ္ဘာတစ်ဝန်းရှိ လူသားမျိုးနွယ်အားလုံး၏ လူမှုဘဝများကို ထိခိုက်ပျက်စီးစေပြီး အများပြည်သူအကျိုးစီးပွားကို ထိခိုက်ပျက်စီးအောင် အလုံးစုံအန္တရာယ်ပေးလျက်ရှိသည့် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိပြီး ပြည်တွင်းအင်အားစုများအပြင် အိမ်နီးချင်းနိုင်ငံအစိုးရများနှင့်လည်း ပေါင်းစပ်ညှိနှိုင်း၍ လုံးဝပြန်လည်အခြေမချနိုင်သည်အထိ ထိရောက်စွာ ရှာဖွေနှိမ်နင်းလျက်ရှိသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ခဲ့ပြီး ယနေ့မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့၊ ဒွန်မောင်းအပြည်ပြည်ဆိုင်ရာလေဆိပ်မှ မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာကြသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၊ ထိုင်းဘုရင့်နန်းတော်ဝင်းအတွင်းရှိ မြဘုရားသို့ သွားရောက်ဖူးမြော်ကြည်ညိုသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းအမျိုးသားလွှတ်တော် ယာယီဥက္ကဋ္ဌ မစ္စတာ မုံခွန်း ဆူရာဆာဂျာနှင့် ယနေ့နံနက်ပိုင်းတွင် ထိုင်းအမျိုးသားလွှတ်တော်တွင် တွေ့ဆုံဆွေးနွေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင်ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၊ စစ်သံရုံးတို့မှ ဝန်ထမ်းများ၊ မိသားစုဝင်များ၊ ပညာတော်သင် သင်တန်းသားများအား ယနေ့မွန်းလွဲပိုင်းတွင် ဗန်ကောက်မြို့ရှိ မြန်မာသံရုံး၌ တွေ့ဆုံအမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံတွင် ရေဝင်ရောက်မှုများပြားလာသည့်အတွက် ရေထိန်းညှိလျှော့ချခြင်းများပြုလုပ်ခဲ့သည့်အတွက် ချောင်းမကြီးအနီးရှိကျေးရွာများ ရေဝင်ရောက်ပြီး မန္တလေး-မိုးကုတ်ကားလမ်း တံငါတောင်ကျေးရွာအနီးမိုင်တိုင်အမှတ် ၂၅/၁နှင့် ၅ ကြားတွင် ယနေ့နံနက် ၆ နာရီမှစ၍ သုံးပေခန့်ရေကျော်လျက်ရှိကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

ဧရာဝတီမြစ်ဆုံ-မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းနှင့်စပ်လျဉ်း၍ ဒေသတွင်းရှိ ပြည်သူများ နည်းပညာဆိုင်ရာ သိသင့်သိထိုက်သည်များနှင့် အသိပညာဗဟုသုတ ပိုမိုသိရှိနားလည်စေရေး ကချင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဧရာဝတီ မြစ်ဆုံ - မြစ်ညာ မြစ်ဝှမ်းရေအားလျှပ်စစ်စီမံကိန်းဆိုင်ရာ အထောက်အကူပြုရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကချင်ပြည်နယ် ဒေသခံကော်မတီတို့က မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းနှင့် စပ်လျဉ်း၍ မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲများကို သြဂုတ် ၆ ရက်က မြစ်ကြီးနားမြို့ ရှမ်းစုရပ်ကွက်နှင့် စီတာပူရပ်ကွက်တို့၌ ပြုလုပ်ရာ ဆွေးနွေးပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာအောင်ဝင်းက မြစ်ဆုံနေရာကို ရွေးချယ်ရခြင်း၏ အင်ဂျင်နီယာဆိုင်ရာ အားသာချက်များကို သုံးသပ်ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

ဆော်ဒီအာရေဗျနိုင်ငံ ရီယာဒ်မြို့၌ ကျင်းပပြုလုပ်မည့် Esports Nations Cup 2026 ပြိုင်ပွဲကြီးတွင် မြန်မာနိုင်ငံကိုယ်စားပြု Team Myanmar MLBB အသင်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်သန်းသည် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migration-IOM) ရုံးချုပ် ဂျီနီဗာမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS နှင့် အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

ကလောမြို့သည် ခရီးသွားဧည့်သည်များ လာရောက်လေ့လာလည်ပတ်လေ့ရှိသည့် ခရီးစဉ်ဒေသတစ်ခုဖြစ်ရာ ကလောမြို့ရှိ ရှေးဟောင်းအဆောက်အအုံများဖြစ်သည့် ကလောစာတိုက် (ဟောင်း)၊ ကလောရေကူးကန်နှင့် နားနေစခန်း (ကလောကလပ်)တို့ကို ရှေးဟောင်းအမွေအနှစ် အဆောက်အအုံများအဖြစ် သတ်မှတ်ခဲ့ပြီး ယနေ့တွင် ကြေးပြားကမ္ပည်းမော်ကွန်း တပ်ဆင်ခဲ့ကြောင်း သိရသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် အပန်းဖြေရိပ်သာ (Recreation Center) ၌ တက္ကသိုလ်အားကစားပွဲများ၊ အနုပညာအသင်းအဖွဲ့များ၊ ဆိုင်ခန်းများ၊ အပန်းဖြေနားနေရန်ထိုင်ခုံများဖြင့် စည်ကားနေစေရေး မွမ်းမံရန်လိုအပ်သည်များကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

တတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး (တတိယနေ့) ကို ယနေ့နံနက် ၁၀ နာရီက မန္တလေး အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီးလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

တတိယအကြိမ် ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် တတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ယနေ့ကျင်းပရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌက အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခဲ့ပြီး လွှတ်တော်ကိုယ်စားလှယ်များ၏ ခွင့်ပန်ကြားချက်များကို လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

မြန်မာဖိုက်တာ ဂျော့ရှုဝါဗန်နှင့် ဘရာဇီးလ်နိုင်ငံသား အလက်ဇန္ဒားပန်တိုဂျာတို့၏ မကျေပွဲကို UFC က တရားဝင်အတည်ပြုလိုက်ပြီဖြစ်သည်။ အဆိုပါပွဲကို လာမည့်စက်တင်ဘာ ၁၉ ရက်နေ့တွင် အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်မြို့၌ ကျင်းပမည့် UFC 331 ပြိုင်ပွဲကြီး၏ အဓိကတွဲဆိုင်းတစ်ခုအဖြစ် ထည့်သွင်းထားကြောင်း ယူအက်ဖ်စီပရိုမိုးရှင်းက ထုတ်ပြန်ကြေညာသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

အားကစားရေးရာဝန်ကြီးဌာန အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဖူဆယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပလျက်ရှိရာ ယနေ့ဖူဆယ် (အမျိုးသား) အုပ်စုပတ်လည်ပွဲစဉ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအသင်းက အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနအသင်းကို ၂၆ ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

(၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလားပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယနေ့ပွဲစဉ်များကို ယနေ့တွင် ဗန်ကောက်မြို့၌ ဆက်လက်ယှဉ်ပြိုင်လျက်ရှိရာ အမျိုးသမီးနှစ်ယောက်တွဲပြိုင်ပွဲတွင် မြန်မာအသင်းက ပါကစ္စတန်အသင်းကို ပထမပွဲ၌ ၁၅ - ၂ မှတ်နှင့် ဒုတိယပွဲ ၌ ၁၅ - ၆ မှတ်ရရှိကာ နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိခဲ့သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

ASEAN Championship Hyundai Cup 2026 အမျိုးသားဘောလုံးပြိုင်ပွဲကို ဩဂုတ် ၈ ရက်တွင် ထိုင်းနိုင်ငံဗန်ကောက်မြို့ရှိ ရာဇမင်္ဂလာအားကစားကွင်း၌ ကျင်းပမည်ဖြစ်ရာ မြန်မာလက်ရွေးစင်အမျိုးသားဘောလုံးအသင်းနှင့် ထိုင်းအမျိုးသားဘောလုံးအသင်းတို့၏ အုပ်စုအဆင့်ပွဲစဉ်ယှဉ်ပြိုင်မှုကို ယင်းနေ့မြန်မာစံတော်ချိန် ည ၇ နာရီ ၁၅ မိနစ်မှစတင်၍ MRTV Sports Channel မှ တိုက်ရိုက် (Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ် ငဝန်တာကျိုးပေါက်မှုနှင့် ဆက်စပ်ရေဘေးသင့်ပြည်သူများအတွက် အလှူငွေနှင့်ပစ္စည်းများ လှူဒါန်းနိုင်

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

​​​​​​​၁။ ပြန်ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားသည် အကျိုးအမြတ်ရယူခြင်းမရှိသော နိုင်ငံပိုင် ပြည်သူ့ဝန်ဆောင်မှုမီဒီယာဖြစ်သည်နှင့်အညီ (Free to Air-FTA) ဖြင့် အခမဲ့ထုတ်လွှင့်လျက်ရှိရာ (MRTV-HD Channel) မှ အများပြည်သူများ ပျော်ရွှင်မှုဖြစ်စေရန်၊ အပန်းပြေစေရန်နှင့် စိတ်ခွန်အားသစ်များရရှိနိုင်ရန်အတွက် အပတ်စဉ် သောကြာနေ့ညများတွင် Friday Night Live Show ဖျော်ဖြေရေးအစီအစဉ်များကို ဆန်းသစ်တင်ဆက်လျက်ရှိပါသည်။

ဆက်လက်ဖတ်ရှုရန်

Aug 07, 2026

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာသန့်ဇော်လွင်သည် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့အခြေစိုက် အပြည်ပြည်ဆိုင်ရာရွှေ့ပြောင်းသွားလာရေးအဖွဲ့ (International Organization for Migra-tion-IOM) ရုံးချုပ်၏ Operations ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် Ms. Ugochi DANIELS ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။

ဆက်လက်ဖတ်ရှုရန်