Aug 06, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးပွဲကို ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော် Pakdi Bodin Building ၌ ကျင်းပပြုလုပ်သည်။
Aug 06, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့ညပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဗန်ကောက် မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြုညစာစားပွဲဖြင့်တည်ခင်းဧည့်ခံသည်။
Aug 06, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံ၌ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲ့ဖြင့်ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးကြသည်။
Aug 06, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) သွားရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်လေဆိပ်မှ အထူးလေယာဉ်ဖြင့် ထွက်ခွာကြသည်။
Aug 06, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံ ဗန်ကောက်မြို့ရှိ Queen Sirikit National Convention Center ၏ Plenary Hall တွင် ကျင်းပသည့် မြန်မာ–ထိုင်းစီးပွားရေးဖိုရမ် ၂၀၂၆ သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။
Aug 06, 2026
၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၆ ရက်မှ ၇ ရက်အထိ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပါသည်။ ခရီးစဉ်အတွင်း နှစ်နိုင်ငံခေါင်းဆောင်များသည် ချစ်ကြည်ရင်းနှီးစွာဖြင့် နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုများကို ပြုလုပ်ခဲ့ကြသည်။
Aug 06, 2026
“မြန်မာ-ထိုင်း စီးပွားရေးဖိုရမ်” ကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်ပြီး နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု ပိုမိုမြှင့်တင်နိုင်ရေးအတွက် မိန့်ခွန်းပြောကြားသည်။
Aug 06, 2026
ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်း (သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ အထွေထွေ) သတင်းအေဂျင်စီလုပ်ငန်းများ ခွင့်ပြုထားရှိမှုနှင့် ထုတ်ဝေမှုအခြေအနေ (၃၁-၇-၂ဝ၂၆)
Aug 06, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်နှင့် ထိုင်းနိုင်ငံတို့အကြား နှစ်နိုင်ငံ တွေ့ဆုံဆွေးနွေးပွဲကို ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၊ Pakdi Bodin Building ၌ ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့ တက်ရောက်ဆွေးနွေးသည်။
Aug 06, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်တို့သည် ယနေ့ ဩဂုတ် ၆ ရက် နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံအစိုးရအိမ်တော် Reception Room ၌ စီးပွားရေးနှင့် ယဉ်ကျေးမှုကဏ္ဍများအပါအဝင် ကဏ္ဍပေါင်းစုံ၌ နှစ်နိုင်ငံအကျိုးတူ ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်တိုးမြှင့်သွားရေးနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ခဲ့ကြသည်။
Aug 06, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်အား ယနေ့နံနက်ပိုင်းတွင် ထိုင်းနိုင်ငံဝန်ကြီးချုပ်က ဗန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ဂုဏ်ပြုတပ်ဖွဲဖြင့် ကြိုဆိုပြီး တွေ့ဆုံဆွေးနွေးသည်။
Aug 06, 2026
ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ တရားဝင်ခရီးစဉ် (Official Visit) ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတအား ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စတာ အနုထင် ချာဝီရကွန်က ယနေ့နံနက်ပိုင်းတွင် ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ နိုင်ငံတော်အဆင့် အခမ်းအနားဖြင့် ဂုဏ်ပြုကြိုဆိုခဲ့သည်။
Aug 06, 2026
မတ္တရာ ဩဂုတ် ၆ မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ဆည်တော်ကြီးရေလှောင်တမံအထက်ပိုင်းဒေသများမှ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မိုးရေများဝင်ရောက်လာသည့်အတွက် ကန်ရေပြည့်မှတ်သို့မရောက်မီကြိုတင်၍ ဆည်ရေပိုလွှဲ ရေတံခါးများကိုထိန်းညှိ၍ ရေလွှတ်ထားကြောင်းသိရသည်။
Aug 06, 2026
ရန်ကုန်မြို့နှင့် မန္တလေးမြို့အတွက် ရည်ညွှန်းလက်ကားဈေးနှုန်းများနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ် မြို့တော်များအတွက် ရည်ညွှန်းလက်လီဈေးနှုန်းများ
Aug 06, 2026
(၃၉) ကြိမ်မြောက် ထိုင်းဘုရင့်ဖလား ပိုက်ကျော်ခြင်းပြိုင်ပွဲ လေးယောက်တွဲနှင့် နှစ်ယောက် တွဲပြိုင်ပွဲ အုပ်စုဒုတိယနေ့ကို သြဂုတ် ၅ ရက်က စတင်ကျင်းပရာ မြန်မာအသင်းများ ရလဒ်ကောင်း ရယူနိုင်ခဲ့သည်။
Aug 06, 2026
မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်သည့် သဘာဝဘေးအန္တရာယ်များ၊ လိုအပ်သည့်နေရာများတွင် အစဉ်အမြဲကူညီပံ့ပိုးပေးလျက်ရှိသည့် ဧရာဝတီဖောင်ဒေးရှင်းသည် လေးမျက်နှာမြို့နယ်အတွင်း ကျေးရွာများရှိ ရေဘေးသင့်ပြည်သူများအား သြဂုတ် ၄ ရက်နှင့် ၅ ရက်တို့တွင် သွားရောက်၍ စားရေရိက္ခာနှင့် ဆေးဝါးများ ထောက်ပံ့လှူဒါန်းခဲ့သည်။
Aug 06, 2026
မန္တလေးငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ထိခိုက်ပျက်စီးခဲ့သည့် မြန်မာ့ကျောက်မျက်ရတနာပြတိုက် (နေပြည်တော်) ကို အကြီးစားပြုပြင်တည်ဆောက်မှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Aug 06, 2026
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ အားကစားပြိုင်ပွဲရုံ (၂) ၌ လေးမျက်နှာမြို့နယ် ငဝန်တာ၏ အောက်ခံမြစ်ကျိုးအင်းသဲကြောမှ ထူးပေါက်၍ ရေဖြတ်သန်းစီးဆင်းမှုကြောင့် တာတမံနိမ့်ကျမှု ဖြစ်ပွားပြီး ရေကျော်စီးဝင်ကာ ရေဘေးသင့်ခဲ့ရသည့် လေးမျက်နှာမြို့နယ်အတွင်းရှိ ရေဘေးသင့်ပြည်သူများအတွက် အလှူရှင်များက လှူဒါန်းသည့် စားသောက်ဖွယ်ရာများ၊ ထောက်ပံ့ရေးပစ္စည်းများကို ပုသိမ်မြို့ အားကစားပြိုင်ပွဲရုံ (၂) ၌ စုဆောင်းထားရှိပြီး လိုအပ်သည့်နေရာများသို့ အမြန်ဆုံး ပို့ဆောင်လှူဒါန်းလျက်ရှိသည်။
Aug 06, 2026
၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်ဘတ်စကက်ဘောပြိုင်ပွဲ အုပ်စုပတ်လည် တတိယနေ့ပွဲစဉ်များကို ယနေ့နံနက်ပိုင်းက တောင်ကြီးမြို့ရှိ ပြည်နယ်လေ့ကျင့်ရေးအားကစားရုံ၌ ဆက်လက်ယှဉ်ပြိုင်ခဲ့ရာ အမျိုးသားပွဲစဉ်အဖြစ် အုပ်စု (က) မှ ကချင်ပြည်နယ်အသင်းက ပဲခူးတိုင်းဒေသကြီးအသင်းကို ၉၄ မှတ်ဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ၆၃ မှတ်ဖြင့်လည်းကောင်း၊ အုပ်စု (ခ) မှ မန္တလေးတိုင်းဒေသကြီးအသင်းက မကွေးတိုင်းဒေသကြီးအသင်းကို ၉၉ မှတ်ဖြင့်လည်းကောင်း၊ အုပ်စု (ဂ) မှ မွန်ပြည်နယ်အသင်းက ကရင်ပြည်နယ်အသင်းကို ၆၃ မှတ်ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်အသင်းက နေပြည်တော်အသင်းကို ၅၂ မှတ်ဖြင့်လည်းကောင်း၊ အုပ်စု (ဃ) မှ ရန်ကုန်တိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၈၁ မှတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့သည်။
Aug 06, 2026
အားကစားရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဖူဆယ်ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသည့် ၂၀၂၆ ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ ဖူဆယ်ပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ ကျင်းပလျက်ရှိရာ ယနေ့ အုပ်စုပတ်လည်ပွဲစဉ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာနအသင်းက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအသင်းကို ၁၀ ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
