Apr 28, 2026
ဆဋ္ဌသင်္ဂါယနာတင်အောင်ပွဲ နှစ် (၇၀) ပြည့်အထိမ်းအမှတ် မဟာမင်္ဂလာအခမ်းအနားကြီးကို ၁၃၈၈ ခုနှစ် ကဆုန်လပြည့်နေ့မှ ကဆုန်လပြည့်ကျော် ၂ ရက်အထိ (ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ) ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် သီရိမင်္ဂလာကမ္ဘာအေးကုန်းမြေ မဟာပါသာဏလိုဏ်ဂူတော်ကြီး၌ သုံးရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်သည်။
Apr 28, 2026
မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှုတားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက် စကားသံများအား သဇင် FM ၏ “အုပ်ချုပ်ရေးစနစ်ပြောင်းလဲခဲ့ပေမယ့် အဖျက်အမှောင့်နဲ့ အပြစ်မဲ့ပြည်သူကို ခြိမ်းခြောက်သတ်ဖြတ်ရေးအလုပ်တွေကိုသာ အရှိန်မပျက်လုပ်နေဆဲ အကြမ်းဖက်သမားများ” ခေါင်းစဉ်ဖြင့် ၆-၅-၂၀၂၆ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက်ပေးသွားမည်ဖြစ်သည်။ လာမည့်အပတ် ၁၃-၅-၂၀၂၆ ရက် မွန်းလွဲ ၁ နာရီတွင် “PDF အမည်ခံအဖွဲ့စည်းများ၊ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ အစိုးရသစ်ကြားမှာ ငြိမ်းချမ်းခြင်းနေ့သစ်တွေ မြင်တွေ့ရတော့မှာလား” ခေါင်းစဉ်ဖြင့် ဆက်လက်ဆွေးနွေးတင်ဆက်မည်ဖြစ်သည်။
Apr 28, 2026
မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မီးဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြ ပြုလုပ်ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ကော်မရှင်ရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ဥက္ကဋ္ဌ ဦးသစ်လင်းအုန်း၊ ကော်မရှင်အဖွဲ့ဝင်များ၊ ကော်မရှင်ရုံးညွှန်ကြားရေးမှူးချုပ်၊ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးနှင့် အရာထမ်း၊ အမှုထမ်းများ၊ ကော်မရှင်ရုံးအရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Apr 28, 2026
၂၀၂၆ ခုနှစ် ကာကွယ်ရေးဦးစီးချုပ် (လေ) တံခွန်စိုက်ဒိုင်း သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တောင်ငူမြို့ရှိ တောင်ငူလေတပ်စခန်းဌာနချုပ် မီတာ-၃၀၀ စက်ပစ်ကွင်း၌ ကျင်းပပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စိုးကျော်ထက်၊ တောင်ငူလေတပ်စခန်းဌာနချုပ် လေတပ်စခန်းဌာနချုပ်မှူး ဗိုလ်မှူးကြီး ရန်နိုင်၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်မတော်အရာရှိကြီးများ၊ တပ်မတော် (လေ) မှ အရာရှိကြီးများ၊ အရာရှိ/စစ်သည်များ၊ မိသားစုဝင်များနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ကြသည်။
Apr 28, 2026
နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ စနစ်တကျ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ ဟိုတယ်ဆိုင်ရာ ဝန်ဆောင်မှုအဆင့်အတန်းများ မြင့်မားလာစေရေးနှင့် နေပြည်တော်ရှိ ခရီးစဉ်ဒေသများသို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ ပိုမိုတိုးတက်ဝင်ရောက်လာစေရေးတို့အတွက် ရည်ရွယ်၍ ဟိုတယ်၊ ခရီးသွားလာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မြင့်သည် ယနေ့မွန်းလွဲပိုင်းတွင် ဝန်ကြီးဌာန၏ ကျောက်စိမ်းခန်းမ၌ နေပြည်တော်ပြည်ထောင်စုနယ်မြေအတွင်းရှိ ဟိုတယ်နှင့်ခရီးသွားဆိုင်ရာအသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များ၊ ဟိုတယ်များမှ တာဝန်ရှိသူများအား တွေ့ဆုံသည်။
Apr 28, 2026
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ အုပ်စုရွှေမိုးတောင်ပေါ်တွင် ကိန်းဝပ်တည်ရှိတော်မူသော ရဟန္တာတစ်ထောင်ရှင်ပင် မြတ်စွာဆုတောင်းပြည့်စေတီတော်၌ ကျင်းပသည့် ဒုတိယအကြိမ် အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲ ပဋ္ဌာန်းသိမ်းအောင်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် အင်းလေးကျောင်းတိုက်ဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့ဝင် ဘဒ္ဒန္တဓမ္မနန္ဒအမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ဇော်ထွေးနှင့် တာဝန်ရှိသူများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ကြသည်။
Apr 28, 2026
အရာထမ်းလောင်း (အထူး) သင်တန်းအမှတ်စဉ် (၁၆) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) ရတနာခန်းမ၌ ကျင်းပသည်။
Apr 28, 2026
စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် မိုးစပါး စိုက်ရာသီတွင် အချိန်မီရရှိရေး အစည်းအဝေးကို ယနေ့နံနက်ပိုင်းက သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဦးမျိုးဇော်သိမ်း၊ ဒုတိယဝန်ကြီးများနှင့် စိုက်ပျိုးရေးသွင်းအားစု ကုမ္ပဏီများမှ တာဝန်ရှိသူများတက်ရောက်သည်။
Apr 28, 2026
တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်နှင့် မြန်မာ့စစ်တုရင်အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်ရည်ရွယ်၍ “၂၀၂၆ ခုနှစ် တိုင်းဒေသကြီးနှင့် ပြည်နယ်စစ်တုရင်ပြိုင်ပွဲ” ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ်ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပသည်။
Apr 28, 2026
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားလျက်ရှိသော ပဋိပက္ခများကြောင့် အာဆီယံဒေသတွင်း စွမ်းအင်ဖူလုံမှုအပေါ် အကျိုးသက်ရောက်မည့် နောက်ဆုံးအခြေအနေများနှင့်စပ်လျဉ်း၍ အာဆီယံစွမ်းအင်ဝန်ကြီးများ အထူးအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက အာဆီယံစွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်နိုင်ငံ စွမ်းအင်ဝန်ကြီးက ကြီးမှူး၍ Video Conferencing စနစ်ဖြင့် ကျင်းပရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
Apr 28, 2026
စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ နေပြည်တော်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံသည်။
Apr 28, 2026
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်ရှိ အလုပ်သမားဆေးရုံ (ထန်းတပင်) သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
Apr 28, 2026
မှန်ကန်သော သတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီ ပြည်သူလူထုသိရှိနိုင်စေရန်အတွက် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထိန်လင်းသည် ယနေ့နံနက်ပိုင်းတွင် ပျဉ်းမနား-သပြေတောင် ရုပ်မြင်သံကြားထပ်ဆင့်လွှင့်စက်ရုံနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပျဉ်းမနားမြို့နယ်ရုံးနှင့် လယ်ဝေးမြို့နယ်ရုံးတို့ကို သွားရောက်၍ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
Apr 28, 2026
ပြည်ထောင်စုအစိုးရအဖွဲ့၏ ရက်ပေါင်း (၁၀၀) အတွင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနက ဆောင်ရွက်မည့် စိုက်ပျိုးစရိတ်ချေးငွေတိုးမြှင့်ထုတ်ချေးရေးနှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရုံးအမှတ် (၂၆) ရှိ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Apr 28, 2026
ပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက ဒုတိယဝန်ကြီး ဦးထွန်းလူ၊ ရန်ကုန်တိုင်းလျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါက်တာ မျိုးသော်နှင့်အတူ ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလဝါဆိပ်ကမ်းဧရိယာရှိ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဖြင့် တည်ဆောက်-လုပ်ကိုင်-လွှဲပြောင်း (Build-Oper-ate-Transfer, BOT) စနစ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ခေတ်မီသိုလှောင်ရုံစီမံကိန်းလုပ်ငန်းခွင်သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး BOT ဆိပ်ကမ်း တံတားများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
Apr 28, 2026
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ယမန်နေ့ မွန်းလွဲပိုင်းက ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်ရှိ စိုက်ပျိုးရေးနှင့် မွေးမြူရေးတက္ကသိုလ် (မအူပင်) သို့ ရောက်ရှိ ပြီး ပါမောက္ခချုပ်၊ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
Apr 28, 2026
နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာ ခါလစ်ဘင်မို ဟာမက်အယ်လ် အက်တီယာဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
Apr 28, 2026
ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ကောင်စီဝင် ဦးသန်းဆွေသည် ကာတာနိုင်ငံ ဒုတိယဝန်ကြီးချုပ်ဟောင်းနှင့် ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူ ဒေါက်တာ ခါလစ်ဘင်မို ဟာမက်အယ်လ် အက်တီယာအား ယနေ့မွန်းလွဲပိုင်းတွင် Jasmine Naypyitaw Hotel ၌ လက်ခံတွေ့ဆုံသည်။
Apr 28, 2026
တောင်ဇလပ်ပန်းတို့ပွင့်လန်းရာ၊ အောက်ချင်းငှက်တို့ပျော်စံရာ ချင်းပြည်နယ်သည် သာယာလှပသော ပြည်နယ်တစ်ခုဖြစ်သည်။ သာယာလှပသော ပြည်နယ် တစ်ခုဖြစ်သော်လည်း တောင်တန်းထူထပ်ပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲသောကြောင့် ဖွံ့ဖြိုးတိုးတက်မှုအနိမ့်ဆုံးဖြစ်နေသည်။ ထို့ကြောင့် အစိုးရအဆက်ဆက်တို့က ချင်းပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးကို အလေးထားဆောင်ရွက်ပေးခဲ့သည်။ သို့သော် အကြမ်းဖက်သောင်းကျန်းသူများလက်ချက်ကြောင့် ပြည်နယ်၏ လှပမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့သည် အကျည်းတန်အရုပ်ဆိုးဖြစ်ခဲ့သည်။
Apr 28, 2026
နိုင်ငံ့စီးပွားမြင့်မားရေးအတွက် စက်မှုလုပ်ငန်းများ၊ MSME များ ထူထောင်ရေး၊ ပြည်တွင်းပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာရေးနှင့် ပြည်သူများ၏ လူနေမှုအဆင့်အတန်း တိုးတက်မြင့်မားရေးတို့အတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရန်လိုသည်။ မိမိတို့နိုင်ငံတွင် လျှပ်စစ်ဓာတ်အားလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိရာ အဓိကအားဖြင့် ရေအားလျှပ်စစ်ကို အကောင်အထည်ဖော်လျက်ရှိပြီး အခြားပြန်ပြည့်ဖြိုးမြဲစွမ်းအင်များဖြစ်သည့် နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်နှင့် လေအားလျှပ်စစ်တို့ကိုလည်း ဆောင်ရွက်လျက်ရှိသည်။
