Feb 16, 2020
ပိုင်ကျုံ ဖေဖော်ဝါရီ ၁၆
ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်ပိုင်းက ပိုင်ကျုံမြို့၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံခဲ့သည်။
Feb 16, 2020
မန္တလေး ဖေဖော်ဝါရီလ ၁၆
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နံနက်ပိုင်းတွင် မန္တလေးမြို့ရှိ ကန်တော်နဒီဆေးရုံသို့သွားရောက်ကာ ဆေးရုံ၌ သီးခြားထားရှိကာ ရောဂါဖြစ်ပွားမှု ရှိ၊ မရှိ စောင့်ကြည့် ကာလ (၁၄) ရက် ပြည့်မြောက်ပြီးနောက် ကျန်းမာရေးအခြေအနေကောင်းမွန်သည် ဖြစ်၍ နေအိမ်အသီးသီးသို့ပြန်တော့မည့် ဝူဟန်မြို့မှ အထူးလေယာဉ်ဖြင့်ခေါ်ဆောင်ခဲ့သော ကျောင်းသား၊ ကျောင်း သူများ (၅၉) ဦး နှင့် ထိုသို့ခေါ်ဆောင်ရာတွင် လိုက်ပါသွားခဲ့သော ကျန်းမာရေးဝန်ထမ်း (၃) ဦးတို့အား သွားရောက် တွေ့ဆုံခဲ့ပါသည်။
Feb 16, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၅
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဆွေးနွေးပွဲကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန စုပေါင်း ခန်းမ၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။
Feb 16, 2020
ထေရဝါဒဗုဒ္ဓဘာသာဝင်တို့၏ ရည်မှန်းတောင့်တရာဖြစ်သော ထာဝရငြိမ်းချမ်းရေးဖြစ်သည့် မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရေး နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ထာဝရငြိမ်းချမ်းရေးရရှိရေးတို့ကို ရည်သန်၍ ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက အမှူးပြုသော ဘုရားဒါယကာ၊ ဒါယိကာမများနှင့် (၇) ရက်သားသမီး အလှူရှင်များ၏ ပေါင်းစုကောင်းမှုဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်း၊ ကံ့ကော်ပန်းအဝိုင်းအနီးတွင် ထာဝရငြိမ်းချမ်းရေး စေတီတော်ကို အနန္တရာယိက မြေသန့်မဟာမင်္ဂလာအခမ်းအနားမှ အစပြု၍ အထက်ဌာပနာတော်သွင်း၊ ရွှေထီးတော်တင်၊ မြသပိတ်၊ ရွှေကြာသင်္ကန်းတော်ကပ်နှင့် ဗုဒ္ဓါဘိသေက အနေကဇာတင် မဟာ
Feb 16, 2020
ရန်ကုန် ဖေဖော်ဝါရီ ၁၅
အမျိုးသမီးများအား အကြမ်းဖက်မှုများကို ဆန့်ကျင်ကြောင်းပြသရန် ရည်ရွယ်ချက်ဖြင့် Gender Studies Center (Myanmar Institute of Theology) ကြီးမှူးကျင်းပသည့် တတိယအကြိမ်မြောက် သန်းတစ်ထောင်လှုပ်ရှားမှုအခမ်းအနားကို ယနေ့ ညနေ ၃ နာရီက ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ရှိ မဟာဗန္ဓုလပန်းခြံ၌ ကျင်းပသည်။
လူထုလှုပ်ရှားမှုတစ်ခု
Feb 15, 2020
မုံရွာ ဖေဖော်ဝါရီ ၁၆
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်နှင့် တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီး၊ ဥပဒေချုပ်၊ စားရင်းစစ်ချုပ်၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး ဌာနဆိုင်ရာ အကြီးအကဲများနှင့်အတူ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲများကို ယမန်နေ့ နံနက် ၉ နာရီက ကသာမြို့နယ် ရပ်ကွက်(၅)ရှိ မြို့တော်ခန်းမ၌ လည်းကောင်း၊ နေ့လယ် ၂ နာရီက ထီးချိုင့်မြို့နယ် အမှတ်(၁) ရပ်ကွက်ရှိ ရွှေပြည်သာ ခန်းမ၌ လည်းကောင်း ကျင်းပခဲ့သည်။
Feb 15, 2020
နေပြည်တော် ဖေဖော်ဝါရီ ၁၅
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနဝန်ထမ်းများ၏ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲကို ယမန်နေ့က နေပြည်တော်ရှိ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၌ ကျင်းပသည်။
ထမနဲထိုးပွဲသို့ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူ များနှင့် အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြည့်ရှုအားပေးသည်။
Feb 15, 2020
မန္တလေး ဖေဖော်ဝါရီ ၁၅
မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မန္တလေးမြို့မှ အိန္ဒိယနိုင်ငံ အင်ဖာမြို့သို့ နှစ်နိုင်ငံ ပူးပေါင်း၍ တိုက်ရိုက် ဘတ်စ်ကားလိုင်းကို လာမည့် ဧပြီလအတွင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။