Mar 07, 2026
လတ်တလောဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းပဋိပက္ခများကြောင့် ပြည်ပမှ စက်သုံးဆီတင်သွင်းရာတွင် ယာယီကြန့်ကြာမှုအချို့ရှိနိုင်သော်လည်း ပြည်သူလူထု၏ လိုအပ်ချက်များနှင့်အညီ စက်သုံးဆီ စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချနိုင်ရန် နိုင်ငံတော်အနေဖြင့် စီစဉ်ထားရှိကြောင်းသိရသည်။ လက်ရှိတွင် အရန်သိုလှောင်ထားရှိသည့် စက်သုံးဆီများရှိသည့်အပြင် ဝယ်ယူထားသော စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ရောက်ရှိနေသည့်အတွက် မြန်မာနိုင်ငံတွင် စက်သုံးဆီ လုံးဝပြတ်လပ်မှုမရှိနိုင်ကြောင်း အသိပေးကြေညာထားသည်။
Mar 07, 2026
မကြာသေးမီက အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ပြည်နယ်ကြီးအချို့ကို ဖြတ်သန်း၍ မိုင်ထောင်ချီရှည်လျားသော ငြိမ်းချမ်းရေးခရီးရှည်ကြီး (Walk for Peace) ကို ဗီယက်နမ်လူမျိုး ဆရာတော် ဘိက္ခုပညာကာရ ဦးဆောင်သည့် ထေရဝါဒဗုဒ္ဓဘာသာ ရဟန်းတော် အပါး ၂၀ ခန့်တို့ ခြေလျင်ကြွမြန်းတော်မူခဲ့ကြသည်။ ကြမ်းတမ်းသည့် ဆောင်းရာသီ၏ အအေးဒဏ်ကို အန်တုကာ ရက်ပေါင်းများစွာ လျှောက်လှမ်းခဲ့ကြသည့် သံဃာတော်တို့၏ ခရီးစဉ်ကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် တွေ့မြင်ခဲ့ရပြီး ကုသိုလ်တရားတို့ ပွားများခွင့်လည်း ရခဲ့ကြသည်။
Mar 06, 2026
ပြည်သူများ၏ ပကတိလိုအင်ဆန္ဒမှာ နေ့စဉ်လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးဖြစ်သည်။ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူများ၏ လူမှုစီးပွားဘဝများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းပြည်အေးချမ်းသာယာရေးနှင့် စားရေရိက္ခာဖူလုံရေးဆိုသည့်အချက်ကို အမျိုးသားရေးရည်မှန်းချက်အဖြစ်ချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိသည်။
Mar 06, 2026
မိုဘိုင်းလက်ကိုင်ဖုန်းများ တစ်နည်းအားဖြင့် ဟန်းဆက်များ မှတ်ပုံတင်သည့်စနစ်ကို သက်ဆိုင်ရာက ဆောင်ရွက်နေကြောင်း ပြည်သူသို့ အသိပေးကြေညာထားသည်။ အဆိုပါစနစ်ကို “ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ်(Central Equipment ldentity Register_CEIR)” ဟုခေါ်သည်။ မှတ်ပုံတင်သည်ဟုဆိုရာတွင် မိုဘိုင်းလက်ကိုင်ဖုန်းများအပါအဝင် မိုဘိုင်းကွန်ရက်သုံး ဆက်သွယ်ရေးစက်ပစ္စည်းများ၏ မူရင်းအမှတ်အသား (Inter-national Mobile Equipment Identity-IMEl Code)ကို CEIR တွင် မှတ်ပုံတင်ခြင်းဖြစ်သည်။
Mar 05, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် လတ်တလောဖြစ်ပေါ်နေသော အခြေအနေများအရ စက်သုံးဆီခြိုးခြံချွေတာရေးနှင့် စည်းကမ်းချက်များကို မတ်လ ၃ ရက်က အများပြည်သူသို့ အသိပေးထုတ်ပြန်လိုက်သည်ကို တွေ့ရသည်။ ထိုသို့ထုတ်ပြန်လိုက်သည့်အတွက် အများပြည်သူများကြား၌ ဂယက်ရိုက်ခတ်မှုရှိမည်ဖြစ်သည်။ ယခုဖြစ်စဉ်နှင့်ပတ်သက်၍ ယခင်ကလည်းကြုံတွေ့ခဲ့ဖူးသဖြင့် စိုးရိမ်ပူပန်မှုကြီးကြီးမားမားမဖြစ်ဘဲ အခိုက်အတန့်အနေဖြင့် သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ လိုက်နာဆောင်ရွက်ကြရန်လိုပါသည်။
Mar 05, 2026
စက်သုံးဆီကိစ္စ စိုးရိမ်ပူပန်ဖွယ်ရာမရှိကြောင်း သက်ဆိုင်ရာဝန်ကြီးဌာနက ပြည်သူသို့ အသိပေးထုတ်ပြန်လိုက်ပြီဖြစ်သည်။ သို့ရာတွင် လက်ရှိကမ္ဘာ့နိုင်ငံရေး အခြေအနေအရလည်းကောင်း၊ ဆက်လက်၍ ဖြစ်လာနိုင်ဖွယ်ရှိသည့် အခြေအနေများကို တွက်ဆ၍ လည်းကောင်း တတ်နိုင်သမျှ ခြိုးခြံချွေတာကြခြင်းဖြင့် လက်ထဲတွင်ရှိနေသည့် စက်သုံးဆီကို ရေရှည်ဆွဲဆန့်၍ အသုံးပြုကြခြင်းက အကျိုးဖြစ်ထွန်းစေနိုင်မည်ဖြစ်သည်။
Mar 04, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၁၃၈၇ ခုနှစ် မင်္ဂလာရှိသော တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ် မတ်လ ၂ ရက်နေ့ တွင်ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်ကာလတွင် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်များနှင့် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ၅၂ (က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းခြင်းအမိန့်များအား ထုတ်ပြန်ကြေညာခဲ့သည်။
Mar 04, 2026
ခွေးရူးပြန်ရောဂါသည် ရာခိုင်နှုန်းပြည့်ကာကွယ်နိုင်သည့် ရောဂါဖြစ်သော်လည်း ပေါ့ဆမှုကြောင့် ရောဂါကူးစက်ခံရပြီး ခွေးရူးရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာပြီဆိုပါက ကုသ၍ မရနိုင်တော့ဘဲ ရာခိုင်နှုန်းပြည့်သေဆုံးနိုင်သည့် ရောဂါဖြစ်သည်။ လူတွင် ခွေးရူးပြန်ရောဂါပိုးကူးစက်ခံရခြင်းသည် အဆိုပါရောဂါပိုးရှိနေသည့် ခွေး၊ ကြောင် စသည့်တိရစ္ဆာန်များ ကုတ်ခံရခြင်း၊ ကိုက်ခံရခြင်း၊ ၎င်းတို့၏ သွားရည်နှင့် မိမိတွင်ရှိသည့် အနာ၊ ဒဏ်ရာများကို ထိမိခြင်း၊ ခွေးရူးပြန်ရောဂါဖြင့် သေဆုံးသူထံမှရရှိသည့် ခန္ဓာကိုယ်အစိတ်အပိုင်းများဖြင့် အစားထိုးကုသမှုခံယူခြင်း စသည်တို့ကြောင့် ဖြစ်နိုင်သည်။
Mar 03, 2026
မတ်လ ၂ ရက်နေ့သည် တောင်သူလယ်သမားဦးကြီးများကို လေးစားဂုဏ်ပြုသည့် တောင်သူလယ်သမားနေ့ဖြစ်သည်။ ပြည်သူများ နေ့စဉ်စားရေးအတွက် တောင်သူလယ်သမားဦးကြီးများသည် နေပူမိုးရွာမရှောင် အပင်ပန်းအဆင်းရဲခံ၍ ကြိုးပမ်းလုပ်ကိုင်နေကြသည်ကို လေးစားဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တောင်သူလယ်သမားများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် အားပေးမြှင့်တင်သောအားဖြင့်လည်းကောင်း နှစ်စဉ်နှစ်တိုင်း ဤနေ့ဤရက်တွင် အထူးဂရုပြုဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
Mar 03, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်နေ့ အခါသမယနှင့် ၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်နေ့တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏မေတ္တာနှင့်စေတနာကိုနားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအမိန့်များထုတ်ပြန်ကာ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်များနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က)ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်းလိုက်သည်။
