Mar 27, 2026
တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူ မွေးဖွားပေါ်ပေါက်လာသော အမျိုးသားတပ်မတော်ဖြစ်သည်။ တိုင်းရင်းသားပြည်သူများနှင့် ဖွဲ့စည်းထားသည့် မျိုးချစ်တပ်မတော်ဖြစ်သည်။ တပ်မတော်၏ အဓိကလုပ်ငန်းတာဝန်သည် ပြည်ပရန်ကာကွယ်ရေးဖြစ်သော်လည်း နိုင်ငံတော်တွင် ဖြတ်သန်းခဲ့ရသည့် သမိုင်းကြောင်းအခြေအနေများအရ ပြည်ပရန်စွယ်အန္တရာယ်အပြင် ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများ၊ အမျိုးသားအကျိုးစီးပွားများအား ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပေးလျက်ရှိသည်။
Mar 27, 2026
အချုပ်အခြာအာဏာပိုင် လွတ်လပ်သည့်နိုင်ငံတိုင်း မိမိနိုင်ငံကို ကာကွယ်ရေးအတွက် အမျိုးသားတပ်မတော်တစ်ရပ်ကို ဖွဲ့စည်းတည်ထောင်ကြရသည်။ ခေတ်သစ်မြန်မာ့တပ်မတော်သည် သာမန်အားဖြင့် ဖွဲ့စည်းထားသည့် တပ်မတော်မျိုးမဟုတ်ဘဲ နိုင်ငံလွတ်လပ်ရေးအတွက် နယ်ချဲ့လက်အောက်မှ လွတ်မြောက်ရန်ကြိုးပမ်းမှုမှ ပေါ်ပေါက်လာခဲ့သည့် တပ်မတော်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းသည် မျက်မှောက်ခေတ် မြန်မာနိုင်ငံ၏ သမိုင်းကြောင်းနှင့် ခွဲခြား၍မရဘဲ တစ်သားတည်း ဆက်စပ်လျက်ရှိသည်။
Mar 26, 2026
စက်သုံးဆီများ ဖူလုံစွာရရှိရေးနှင့် သုံးစွဲမှုများစနစ်တကျဖြစ်စေရေး အစည်းအဝေးကို မတ် ၂၄ ရက်က ကျင်းပပြုလုပ်ရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားခဲ့ရာ “ပြည်တွင်း စက်သုံးဆီသုံးစွဲမှုကို အကောင်းဆုံးစီမံခန့်ခွဲနိုင်ရန်လိုပြီး အရန်စက်သုံးဆီများကို သိုလှောင်ထားရှိနိုင်ရန်နှင့် ချွေတာသုံးစွဲနိုင်ရေး ဆောင်ရွက်သွားကြရန်လိုကြောင်း” မှာကြားခဲ့သည်။
Mar 26, 2026
တီဘီရောဂါသည် ကမ္ဘာ့အပြင်းထန်ဆုံး ကူးစက်ရောဂါများထဲမှတစ်ခုဖြစ်ပြီး ကာကွယ်၍၊ ကုသ၍ရသော ရောဂါဖြစ်သည့်တိုင် ကမ္ဘာတစ်ဝန်းသေဆုံးမှုများ၏ အဓိကအကြောင်းရင်းတစ်ခုအဖြစ် ရှိနေဆဲဖြစ်သည်။ နှစ်စဉ်ကမ္ဘာပေါ်ရှိ လူသန်းပေါင်းများစွာ တီဘီရောဂါဖြစ်ပွားနေဆဲဖြစ်ပြီး ပြည်သူ့ကျန်းမာရေးအတွက် စိုးရိမ်ဖွယ်ရာအကြောင်းအရာတစ်ရပ်လည်း ဖြစ်နေသည်။
Mar 25, 2026
လက်ရှိကာလတွင် မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် နိုင်ငံတကာရိုက်ခတ်မှုကို အနည်းနှင့် အများဆိုသလို ကြုံတွေ့ခံစားနေကြရသည်။ အထူးသဖြင့် စက်သုံးဆီပြဿနာကြောင့် မော်တော်ယာဉ်သုံးစွဲသူများကြားတွင် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိသည်။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ နိုင်ငံတော်အနေဖြင့် နည်းလမ်းအမျိုးမျိုးကို မဖြစ်မနေဆောင်ရွက်ခဲ့ရသည်။
Mar 25, 2026
အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခမှာ ပြီးဆုံးမည့်အရိပ်အယောင်ကို မမြင်ရသေးဘဲ ခန့်မှန်းရခက်နေဆဲအခြေအနေတွင် ရှိနေသည်။ စစ်ပွဲ၏ အကျိုးဆက်ဖြစ်သည့် စွမ်းအင်အကျပ်အတည်းအတွက်လည်း အရှေ့အလယ်ပိုင်းဒေသမှ ရေနံဝယ်ယူတင်သွင်းနေရသည့် နိုင်ငံတိုင်းတွင် စက်သုံးဆီချွေတာသုံးစွဲရေးအစီအမံများ ကိုယ်စီချမှတ်ဆောင်ရွက်နေကြရသည်။
Mar 24, 2026
မျက်မှောက်ကာလတွင် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်တို့အရ အများပြည်သူ မည်သူမဆို ခြိုးခြံချွေတာရေးကို မဖြစ်မနေဆောင်ရွက်ရမည့် အချိန်အခါ ဖြစ်သည်။ ခြိုးခြံချွေတာလိုက်ခြင်းဖြင့် အခြားသူတို့ကို အကျိုးပြုရာရောက်သည်။ တစ်ဦးချင်းတစ်ယောက်ချင်းစီ ခြိုးခြံချွေတာလိုက်ခြင်းဖြင့် အခြားလိုအပ်သူများကို ဖြည့်ဆည်းပေးရာရောက်သဖြင့် မွန်မြတ်သောလုပ်ဆောင်မှုအဖြစ် ခံယူနိုင်ပေသည်။ လက်ရှိတွင် ခြိုးခြံချွေတာအပ်သည့် အဓိကအရာသုံးခုမှာ သောက်သုံးရေ၊ စက်သုံးဆီနှင့် လျှပ်စစ်ဓာတ်အားတို့ဖြစ်သည်။
Mar 24, 2026
လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားပုဂ္ဂိုလ် တစ်ဦးဦးကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်မှုပြုရန်အလို့ငှာ အောက်ပါနည်းလမ်းတစ်ရပ်ရပ်ကို အသုံးပြု၍ ထိုသူကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကိုဆိုသည်ဟု လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေတွင် အဓိပ္ပာယ်ဖွင့်ဆိုထားသည်။
Mar 23, 2026
နှစ်စဉ် မတ်လ ၂၃ ရက်နေ့သည် ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့်အဖွဲ့ဝင်နိုင်ငံများက သတ်မှတ်ကျင်းပလေ့ရှိသည့် ကမ္ဘာ့မိုးလေဝသနေ့ဖြစ်သည်။ ၂၀၂၆ ခုနှစ် ကမ္ဘာ့မိုးလေဝသနေ့အတွက် “သဘာဝဘေးကာကွယ်ဖို့ နေ့စဉ်တိုင်းတာစောင့်ကြည့်စို့” ဆောင်ပုဒ်ကို ထုတ်ပြန်ထားသည်။ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးအတွက် နေ့စဉ်နေ့တိုင်း မိုးလေဝသတိုင်းတာစောင့်ကြည့်ခြင်းလုပ်ငန်းများသည် နိုင်ငံအလိုက်အနေဖြင့် အလွန်အရေးပါလျက်ရှိကြောင်း အသိပေးထားခြင်းဖြစ်သည်။
Mar 23, 2026
လွန်ခဲ့သည့် နှစ်ပေါင်း ၄၀ ခန့်အတွင်း ကမ္ဘာကြီး၏အပူချိန်မှာ ဆယ်စုနှစ်အလိုက် သိသိသာသာပူနွေးလာခဲ့သည်။ ကမ္ဘာ့အပူချိန် မြင့်တက်လာခြင်းက ရာသီဥတုပြောင်းလဲမှုကိုဖြစ်ပေါ်စေပြီး ရာသီဥတုပြောင်းလဲလာမှုက လူတို့၏ရှင်သန်နေထိုင်မှုအပေါ် ခြိမ်းခြောက်မှုတစ်ခုဖြစ်လာသည်။ ကမ္ဘာ့လေထုအတွင်း မှန်လုံအိမ်ဓာတ်ငွေ့များ ပမာဏများပြားစွာ ရောက်ရှိနေခြင်းကြောင့် လေထုပူနွေးကာ ထိုအပူစွမ်းအင်ကြောင့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များကို ဖြစ်ပေါ်စေသည်။ ထို့အပြင် အပူလှိုင်းများ ကျရောက်ခြင်း၊ မိုးခေါင်ခြင်း၊ တောမီးလောင်ခြင်း၊ ရေကြီးခြင်း၊ ပြင်းထန်အားကောင်းသည့် မုန်တိုင်းများတိုက်ခတ်ခြင်း စသည့် သဘာဝဘေးအန္တရာယ်များကို ယခင်ထက်ပိုမို၍ပြင်းထန်ပြီး ယခင်ထက် အကြိမ်ရေ ပိုမိုများပြားစွာဖြစ်ပေါ်စေသည်။
