Skip to main content
May 15, 2026
နိုင်ငံတော်အစိုးရသည် အွန်လိုင်းလိမ်လည်မှုနှင့် အွန်လိုင်းလောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အရှိန်အဟုန်မြှင့်တင်တိုက်ဖျက်နှိမ်နင်းလျက်ရှိသည်။ နိုင်ငံတော်အနေဖြင့် Online Scam Center လုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသူများနှင့် နောက်ကွယ်မှ ကြိုးကိုင်နေသော နိုင်ငံခြားသားများကို ဖော်ထုတ်ဖမ်းဆီးပြီး ထိထိရောက်ရောက် ပြင်းပြင်းထန်ထန်အရေးယူနိုင်ရေး အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
May 15, 2026
အိန္ဒိယနိုင်ငံတွင် ပထမဆုံးသော မီးရထားလမ်းပိုင်းအဖြစ် ဘုံဘေ (ယနေ့ခေတ် မွမ်ဘိုင်း) နှင့် မိုင်၂၀ ကျော်ခန့်ကွာဝေးသော သာနေကိုဆက်သွယ်သည့် လမ်းပိုင်းကို ၁၈၅၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့သည်။ ၎င်းရထားလမ်းသည် အာရှတိုက်၏ အစောဆုံးသော ရထားလမ်းဖြစ်သည်။ ယင်းနောက် ၂၄ နှစ်ခန့် ကြာပြီးသောအခါ မြန်မာနိုင်ငံတွင် ရန်ကုန်-ပြည် ရထားလမ်းကို ဖွင့်လှစ်သည်။ ၁၆၁ မိုင်ရှည်လျားသည့် အဆိုပါရထားလမ်းအား မြန်မာနိုင်ငံအောက်ပိုင်းကို သိမ်းယူထားသည့် ဗြိတိသျှတို့က စစ်ရေးလိုအပ်ချက်အရ ဖောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အရှေ့တောင်အာရှတွင် အစောဆုံးသော ရထားလမ်းဖြစ်သည်။
May 14, 2026
နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိပါက ပြည်သူလူထု လူမှုစီးပွားဘဝများပျက်ပြားပြီး ဒုက္ခဆင်းရဲအမျိုးမျိုးနှင့် ကြုံတွေ့နိုင်သည်ကို စစ်အတွင်းကာလ၊ လွတ်လပ်ရေးရပြီးနောက်ပိုင်းကာလများတွင် ကြုံတွေ့ခဲ့ရပြီးဖြစ်သည်။ မျက်မှောက်ကာလတွင် နိုင်ငံရေးအခြေအနေကိုအကြောင်းပြု၍ ပေါ်ပေါက်လာသော အကြမ်းဖက်သောင်းကျန်းသူများ ခေတ္တထိန်းချုပ်ခဲ့သည့် နယ်မြေဒေသများမှ ပြည်သူများ၏ဘဝဆင်းရဲဒုက္ခများကို ဒေသခံပြည်သူများသာမက မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး သိရှိကြပြီးဖြစ်သည်။
May 14, 2026
၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း အချက်အလက်များအရ မြန်မာနိုင်ငံတွင် အသက် ၅ နှစ်အထက် လူဦးရေတွင် ၂ ဒသမ ၂၉ သန်း ( ၇ ဒသမ ၆ ရာခိုင်နှုန်း ) သည် မသန်စွမ်းမှုအနည်းဆုံးတစ်မျိုးမျိုးရှိသည်ဟု သိရသည်။ မသန်စွမ်းမှုအမျိုးအစားအနေဖြင့် တစ်နိုင်ငံလုံးတွင် အများဆုံးဖြစ်ပွားသည့် မသန်စွမ်းမှုအမျိုးအစားများမှာ အမြင်အာရုံ ခက်ခဲသူ ၄ ဒသမ ၁ ရာခိုင်နှုန်း၊ ပစ္စည်းကိုင်တွယ်/ လမ်းလျှောက်/ လှေကားတက် ခက်ခဲသူ ၃ ဒသမ ၁ ရာခိုင်နှုန်း၊ မှတ်ဉာဏ်/ သင်ယူလေ့လာခြင်း ခက်ခဲသူ ၂ ဒသမ ၈ ရာခိုင်နှုန်း၊ အကြားအာရုံခက်ခဲသူ ၂ ဒသမ ၇ ရာခိုင်နှုန်းရှိနေသည်။ ရန်ကုန်တိုင်းဒေသကြီးသည် မသန်စွမ်းလူဦးရေ အများဆုံးဖြစ်ပြီး ၆ သိန်းနီးပါး၊ ဧရာဝတီတိုင်းဒေသကြီးတွင် ၄ ဒသမ ၅ သိန်းကျော်၊ မန္တလေးတိုင်းဒေသကြီးတွင် ၂ ဒသမ ၆ သိန်းခန့်ရှိသည်။
May 13, 2026
ကြိုတင်ကာကွယ်ခြင်းသည် ရောဂါဖြစ်မှ ကုသခြင်းထက် ပိုမိုကောင်းမွန်သည်ဟု ဆိုထားသည်။ မဖြစ်ခင်က ကြိုတင်ကာကွယ်တားဆီးထားခြင်းအားဖြင့် ရောဂါဘယများ အထူးသဖြင့် ကူးစက်ရောဂါများမှ ကင်းဝေးမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ပုံမှန်ဖြစ်ပွားနေကျ ကူးစက်ရောဂါအမျိုးမျိုးအပြင် တစ်ကမ္ဘာလုံး ရင်ဆိုင်ကြုံတွေ့ခဲ့ရသည့် ကိုဗစ်-၁၉ ကပ်ရောဂါနှင့် ယခုနောက်ဆုံးပေါ်ကာကွယ်ဆေးမရှိသေးသည့် ဟန်တာဗိုင်းရပ်စ်ကူးစက်ရောဂါတစ်မျိုးဖြစ်ပွားမှုနှင့်ပတ်သက်၍ မဖြစ်မီက ကြိုတင်ကာကွယ်တားဆီးထားကြရမည်ဖြစ်သည်။
May 13, 2026
ပြည်ထောင်စုအစိုးရအဖွဲ့သစ်၏ ရက်ပေါင်း (၁၀၀) အတွင်း ဦးစားပေးဆောင်ရွက်မည့် ကိစ္စရပ်များတွင် ပါဝင်သော ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက တောင်သူလယ်သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးမည့်အစီအစဉ်နှင့် လယ်ယာသုံးစက်ကိရိယာချေးငွေများ ထုတ်ချေးမည့်အစီအစဉ်တို့ကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။ ၎င်းအစီအစဉ်သည် ကျေးလက်နေပြည်သူများ၊ တောင်သူလယ်သမားဦးကြီးများက လယ်ယာထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုလုပ်ငန်း (Agro - based Industry) များ တည်ဆောက်ရေးတို့အတွက် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ရာ ချေးငွေများရယူ၍ လုပ်ငန်းများ အောင်မြင်မှုရအောင် ဝီရိယစိုက်ထုတ်ကြိုးပမ်းလုပ်ကိုင်ခြင်းအားဖြင့် မိမိတို့၏ဘဝများ မြင့်မားတိုးတက်လာနိုင်မည်ဖြစ်သည်။
May 12, 2026
​​​​​​​မြန်မာနိုင်ငံသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN)အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံကို အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် စတင်အသိအမှတ်ပြုခဲ့သည့် ၁၉၉၇ ခုနှစ်မှစတင်၍ အာဆီယံ၏လုပ်ငန်းစဉ်များကို အာဆီယံ တူညီဆန္ဒများနှင့်အညီ တက်ကြွစွာပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့သည်။ ထို့အပြင်တာဝန်ယူမှုရှိသော အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ် အာဆီယံ၏ယန္တရားများနှင့် လှုပ်ရှားမှုများအတွက် နှစ်စဉ်ထည့်ဝင်ငွေများ ပေးဆောင်ခြင်းအပါအဝင် အာဆီယံအဖွဲ့ဝင်နိုင်ငံများ၏ တာဝန်ဝတ္တရားများကို အစဉ်တစိုက်ဖြည့်ဆည်းဆောင်ရွက်လျက်ရှိသည်။
May 12, 2026
​​​​​​​လာမည့်ရက်အနည်းငယ်အတွင်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများသို့ အနောက်တောင်မုတ်သုံလေ စတင်ဝင်ရောက်တော့မည် ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သတင်းထုတ်ပြန်သည်။ မုတ်သုံလေ စတင်ဝင်ရောက်သည့် မိုးဦးလေဦးသည် သဘာဝဘေးအန္တရာယ်များ ကျရောက်လေ့ရှိသော အချိန်ကာလလည်းဖြစ်သည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှု၏ အကျိုးသက်ရောက်မှုအရ သဘာဝဘေးအန္တရာယ်များမှာ အကြိမ်ရေ ပို၍များများ ဖြစ်ပေါ်လာသလို ပို၍လည်း ပြင်းထန်လာသည်။
May 11, 2026
နိုင်ငံတော်အစိုးရသည် နိုင်ငံတော်ကပိုင်ဆိုင်ထားသည့် သဘာဝအရင်းအမြစ်များကို အကျိုးရှိစွာအသုံးချပြီး စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ်မြှင့်တင်၍ တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန်အတွက် ပြည်တွင်း အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်း (MSME) များကို အားပေးမြှင့်တင်ပေးလျက်ရှိသည်။ စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးတို့အတွက် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်သည်။
May 11, 2026
၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအထိ ကျင်းပခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲက မြန်မာပြည်သူတစ်ရပ်လုံး၏ ဆန္ဒနှင့်အညီ နိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေခဲ့သည်။ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၂၄ ဒသမ ၂၃ သန်းရှိသည့်အနက် ၁၃ ဒသမ ၁၃ သန်းကျော်တို့က လွတ်လပ်စွာဆန္ဒမဲပေးခဲ့ကြခြင်းဖြစ်ရာ ရာခိုင်နှုန်းအားဖြင့် ၅၄ ရာခိုင်နှုန်းကျော်ရှိသည်။