Skip to main content
May 10, 2026
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးကောင်းမွန်ရန်လိုအပ်သည်။ နိုင်ငံတော်က ချမှတ်ထားသော စီးပွားရေးမူဝါဒများနှင့်အညီ ပြည်တွင်းကုန်ထုတ်လုပ်မှုများကို အားပေးဆောင်ရွက်၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာအောင် အားပေးမြှင့်တင်ဆောင်ရွက်သွားရမည်ဖြစ်သည်။ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှု မြင့်မားတိုးတက်ရေးကို မဖြစ်မနေဆောင်ရွက်ကြရမည်ဖြစ်သည်။ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့်လုပ်ငန်းများအပြင် အခြားကုန်ထုတ်လုပ်ငန်းများကိုလည်း တိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
May 10, 2026
အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး(Counter - Terrorism Operation) တစ်ရပ်ကို တစ်နှစ်နှင့် သုံးလကျော်ကြာ ဆင်နွှဲပြီးနောက် မန္တလေး-မြစ်ကြီးနား ကားလမ်းကြောင်းကို မေလ ၆ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ပေးနိုင်ခဲ့သည်။ အကြမ်းဖက်သောင်းကျန်းသူများ ယာယီထိန်းချုပ်ထားသည့် အဆိုပါဆက်သွယ်ရေး လမ်းကြောင်းတစ်လျှောက်ရှိ မြို့ရွာများကို အဆင့်ဆင့်ပြန်လည်သိမ်းပိုက်နိုင်ရေးအတွက် တိုက်ပွဲ ကြီး/ ငယ် စုစုပေါင်း ၃၂၂ ကြိမ် ဖြစ်ပွားခဲ့ရာတွင် ရန်သူအလောင်း၊ လက်နက်ရာနှင့်ချီ၍ သိမ်းပိုက်ရရှိခဲ့ပြီး တပ်မတော်အရာရှိ၊ စစ်သည် အချို့အသက်ပေးလှူခဲ့ရသည်။
May 09, 2026
မြန်မာနိုင်ငံသည် ရေခံ၊ မြေခံကောင်းမွန်ပြီး သဘာဝသယံဇာတအရင်းအမြစ်များ ပေါများကြွယ်ဝသောနိုင်ငံဖြစ်သည်။ ဘုရား၊ ကျောင်း၊ ကန်၊ စေတီ၊ တန်ဆောင်းများနှင့် ကောင်းခြင်းမင်္ဂလာအဖြာဖြာ ထုံမွမ်းနေသောနိုင်ငံဖြစ်သည်။ ဘာသာတရားအဆုံးအမများ၊ လောကီမင်္ဂလာ ဗြဟ္မစိုရ်တရားလေးပါးနှင့်အညီ ကျင့်ကြံနေထိုင်သော နိုင်ငံဖြစ်သည်။ မင်းနှင့်ပြည်သူ လက်တွဲကြည်ဖြူပြီး ကောင်းမှုကုသိုလ်များ စဉ်ဆက်မပြတ်ပြုလုပ်နေသော နိုင်ငံဖြစ်သည်။ ထိုသို့ကောင်းမြတ်သည့်အချိန်ကာလတွင် အဖိုးတန်သယံဇာတ ကျောက်မျက်ရတနာများပေါ်ထွန်းခြင်းသည် အေးချမ်းသာယာဝပြောမည့် အတိတ်နိမိတ်လက္ခဏာကိုဆောင်သည်။
May 09, 2026
နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်ထုတ်လုပ်မှုကဏ္ဍကိုမြှင့်တင်ကာ ထုတ်ကုန်ပစ္စည်းများ ပိုမိုတိုးတက်ထုတ်လုပ်နိုင်ရန်လိုအပ်သည်။ ကုန်ထုတ်လုပ်မှု တိုးတက်မြင့်မားလာခြင်းအားဖြင့် ပြည်တွင်းလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သကဲ့သို့ ပြည်ပပို့ကုန်ကိုလည်း တိုးမြှင့်ရရှိစေနိုင်သည်။ ပြည်ပပို့ကုန်တင်ပို့မှု တိုးတက်မြင့်မားလာသည်နှင့်အမျှ ပြည်ပဝင်ငွေ ပိုမိုရရှိလာစေမည်ဖြစ်ပြီး နိုင်ငံ့စီးပွားကိုလည်း ဖွံ့ဖြိုးလာစေမည်ဖြစ်သည်။
May 08, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးကို မေ ၆ ရက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံးတော် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်က “ဒီမိုကရေစီနည်းလမ်းတကျ မိမိဆန္ဒဖြင့် လာရောက်မဲပေးကြသူများကို ဒီမိုကရေစီနိုင်ငံများမှ တန်ဖိုးထားရန်လိုပါကြောင်း၊ မည်ကဲ့သို့ပင်ဖြစ်စေ မိမိတို့အနေဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ခိုင်ခိုင်မာမာဖြစ်စေရေး ဆက်လက်ဆောင်ရွက်ပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကို ဆက်လက်အကောင်အထည်ဖော်တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်နှင့် လျော်ညီသည့် ပြောင်းလဲမှုများကိုလည်း ဖော်ဆောင်သွားမည်ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
May 08, 2026
ကြက်ခြေနီဆိုသည်မှာ စစ်ပွဲများ၊ သဘာဝဘေးအန္တရာယ်များနှင့် အရေးပေါ်အခြေအနေများတွင် ထိခိုက်ဒဏ်ရာရသူများ၊ ဘေးဒုက္ခခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကူညီကယ်တင်ရေးလုပ်ငန်းများကို အကျိုးအမြတ်မမျှော်ကိုးဘဲ စေတနာ့ဝန်ထမ်းအသွင်ဖြင့် ဆောင်ရွက်သည့် နိုင်ငံတကာအဖွဲ့အစည်းကြီးတစ်ခုဖြစ်သည်။ ကရုဏာစိတ်နှင့် ကိုယ်ချင်းစာတရားတို့ကိုအခြေခံ၍ ပေါ်ပေါက်ခဲ့သည့် ကြက်ခြေနီလုပ်ငန်းမှာ ယခုနှစ်တွင် နှစ်ပေါင်း ၁၆၃ နှစ် ပြည့်မြောက်ပြီဖြစ်သည်။
May 07, 2026
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတထံမှ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် လူရည်ချွန်မောင်မယ်များ ဩဝါဒခံယူပွဲအခမ်းအနားကို မေလ ၅ ရက်နေ့က နေပြည်တော်ရှိ Naypyitaw State Academy ၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်၍ ဩဝါဒအမှာစကားပြောကြားရာတွင် “နိုင်ငံဖွံ့ဖြိုးတိုးတက်ရန်အတွက် ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များ၏အင်အားများဖြင့် တည်ဆောက်ရခြင်းဖြစ်ကြောင်း၊ လူငယ်တိုင်းသည် နိုင်ငံကို ဦးဆောင်နိုင်သူမဖြစ်သော်လည်း လူငယ်အားလုံးသည် နိုင်ငံတော်၏ အနာဂတ်ကို အကောင်အထည်ဖော်ကြမည့် နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်များပင် ဖြစ်ကြောင်း” ပြောကြားခဲ့သည်။
May 07, 2026
ခရီးသွားနှင့် အလည်အပတ်လုပ်ငန်း (Travel and Tourism) သည် ကမ္ဘာပေါ်တွင် တတိယမြောက် အကြီးဆုံးသော ပို့ကုန်လုပ်ငန်းဖြစ်သည်။ ခရီးသွားနှင့် အလည်အပတ်လုပ်ငန်းတွင် ပြည်တွင်းနှင့် ပြည်ပဟူ၍ရှိရာ ပြည်တွင်းခရီးသွားလုပ်ငန်းက အလုပ်အကိုင်အခွင့်အလမ်းအများအပြားကို ဖန်တီးပေးနိုင်ပြီး ဒေသစီးပွားရေးကို ဖွံ့ဖြိုးတိုးတက်စေသကဲ့သို့ ပြည်ပခရီးသွားလုပ်ငန်းက နိုင်ငံခြားဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်းအပြင် ကမ္ဘာ့နိုင်ငံများအချင်းချင်း ယဉ်ကျေးမှု၊ အပြန်အလှန်နားလည်မှုနှင့် မိမိနိုင်ငံ၏ ကောင်းသတင်းများကို ဖြန့်ဝေနိုင်မှုစသည့် အကျိုးကျေးဇူးများ ဖြစ်ထွန်းစေနိုင်သည်။
May 06, 2026
​​​​​​​၂၀၂၆ ခုနှစ် မေလ ၃ ရက်နေ့တွင်ကျရောက်သည့် ကမ္ဘာ့စာနယ်ဇင်းလွတ်လပ်ခွင့်နေ့(World Press Freedom Day) အထိမ်းအမှတ်အခမ်းအနားကို ကမ္ဘာပေါ်ရှိ ဒီမိုကရေစီနိုင်ငံများတွင် နှစ်စဉ်နှစ်တိုင်း ကျင်းပလေ့ရှိပါသည်။ အဆိုပါအထိမ်းအမှတ်အခမ်းအနားကို သတင်းလွတ်လပ်ခွင့်၊ စာနယ်ဇင်းလွတ်လပ်ခွင့်ကို အလေးအနက်ပြုရန်၊ ကာကွယ်စောင့်ရှောက်ရန်နှင့် ထိန်းသိမ်းမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံများကကျင်းပကြရာ လက်ရှိအခြေအနေ အချိန်အခါနှင့်ကိုက်ညီသည့် ဆောင်ပုဒ်နှင့်အညီ နိုင်ငံများက ဆောင်ရွက်ကြသည်။
May 06, 2026
​​​​​​​လူရည်ချွန်စီမံကိန်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်သုံးရပ်မှာ (၁) ဉာဏ်ပညာထူးချွန်ပြီး ကျန်းမာသန်စွမ်းကာ အကျင့်စာရိတ္တ ကောင်းမွန်သည့် ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ (၂) ပညာရေးလက်တွေ့ ဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာပြီး နိုင်ငံ့အကျိုးပြုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်နိုင်စေသည့် နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်နှင့် (၃) ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများကို စံနမူနာပြု၍ ကျောင်းသားလူငယ်များအား ပြုစုပျိုးထောင်ပေးရန် ဟူ၍ဖြစ်သည်။ တစ်နည်းအားဖြင့် လူရည်ချွန်စီမံကိန်းသည် နိုင်ငံတည်ဆောက်ရေးတွင် မရှိမဖြစ်လိုအပ်သော တန်ဖိုးမြင့်မားသည့် လူ့စွမ်းအားအရင်းအမြစ်တည်ဆောက်ရေး၏ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်သည်။