Oct 07, 2023
ကမ္ဘာပေါ်တွင် အမြင့်မားဆုံးတောင်တန်းကြီးမှာ ဟိမဝန္တာတောင်တန်းကြီးဖြစ်သည်။ ဟိမဝန္တာကို ကမ္ဘာ့ခေါင်မိုးဟုဆိုကြသည်။ ထူးခြားဆန်းကြယ်ပြီး အံ့ဩ ဖွယ်ရာများစုံလင်သည့် ဟိမဝန္တာတောင်တန်းကြီးသည် ရေထုဖုံးနေသောကမ္ဘာကြီး စတင်ဖြစ်တည်စဉ် ဦးစွာပေါ်ထွန်းခဲ့သော တောင်တန်းကြီးဖြစ်သည်။ မြန်မာနိုင်ငံ၏ အနောက်မြောက်ဘက်တွင် တည်ရှိသည့် ပတ်ကွိုင်တောင်တန်းသည် ဟိမဝန္တာ တောင်တန်းကြီးမှ ဆင်းသက်လာသည်။ အရှေ့မြောက်ဘက်မှ အနောက်ဘက်သို့ နိုင်ငံတော်၏ နယ်နိမိတ်သဖွယ် ကာဆီးထားပြီး တောင်ဘက်စွန်းတွင် နာဂတောင်တန်းရှိသည်။
Oct 07, 2023
ရော်ဘာသည် စက်မှုကုန်ကြမ်းသီးနှံဖြစ်ပြီး နှစ်ရှည်ပင် အမျိုးအစား လည်းဖြစ်သည်။ မြန်မာနိုင်ငံတွင် ရော်ဘာစိုက်ဧက ၁၆ သိန်းကျော် ရှိပြီး စိုက်ပျိုးဧက ထက်ဝက်ကျော်မှ နှစ်စဉ် ရော်ဘာစေးတန်ချိန် သုံးသိန်းကျော် ထွက်ရှိနေသည်ဟုဆိုသည်။ သို့ရာတွင် ပြည်တွင်းမှ ထွက်ရှိသည့် စက်မှုကုန်ကြမ်းဖြစ်သော ရော်ဘာကို ပြည်တွင်းမှသုံးစွဲ နိုင်မှုမှာ ၈ ရာခိုင်နှုန်းမျှသာ ရှိနေသည့်အတွက် ရော်ဘာကုန်ကြမ်း သုံးစွဲသော စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်း ဆောင်ရွက်သွားရန် လိုအပ်လျက်ရှိသည်။
Oct 06, 2023

ဆရာဟူသည် အနန္တငါးပါးဂိုဏ်းဝင်ကျေးဇူးရှင်ဖြစ်သည်။ “ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ ဆရာ” ဟူသည့် ငါးပါးသော ကြီးမြတ်သည့်ပုဂ္ဂိုလ်များတွင် အပါအဝင်ဖြစ်သည်။ ဆရာဟူသည် အသိပညာ၊ အတတ်ပညာများပေးဝေငှသည့် ပုဂ္ဂိုလ်များဖြစ်ပြီး သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာဟူသော တိုက်ရိုက်မထိတွေ့သည့် ပုဂ္ဂိုလ်များကိုပင် ကျေးဇူးရှင်ဆရာဖြစ်သည်ဟု သတ်မှတ်ကြသည်။ ထို့ကြောင့် ဆရာဟူသမျှကို ရိုသေလေးစားကြ၍ ဆည်းကပ်ကိုးကွယ်အပ်သည်။ ဆရာဟူသမျှကို စိတ်ဝယ်မျှပင် ပြစ်မှားကျူးလွန်ခြင်းအမှုတို့ကို မပြုအပ်ပေ။
Oct 06, 2023

ယဉ်ကျေးမှုဆိုသောစကားရပ်က လူ့ဘောင်လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် သက်ဆိုင်ပြီး လွန်စွာကျယ်ပြန့်သည်။ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုဟုဆိုရာတွင် ထိုလူမျိုးတို့၏ ဘဝတစ်သက်တာ တစ်လျှောက် ဝတ်စားဆင်ယင်မှု၊ နေထိုင်မှု၊ သွားလာမှု၊ စားသောက်မှု၊ ယုံကြည်ကိုးကွယ်မှု၊ ဘာသာစကား၊ ဓလေ့ထုံးစံ၊ လက်မှုပညာများ၊ ဖျော်ဖြေမှုအနုပညာများစသည့် ဒြပ်ရှိဒြပ်မဲ့အရာ အားလုံးပါဝင်သည်။ နည်းပညာက အရာရာကိုဦးဆောင်လာသည့် မျက်မှောက်ခေတ်တွင် ယဉ်ကျေးမှုများလည်း အပြန်အလှန် ကူးလူးယှက်သွယ်လျက်ရှိရာ ပျက်လွယ်ပျောက်လွယ်သည့် ဒြပ်မဲ့ယဉ်ကျေးမှုများကို မပျောက်မပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ လွန်စွာအရေးကြီးလာသည်။
Oct 05, 2023

ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရန် တပ်မတော်တွင်အဓိကတာဝန်ရှိပြီး နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်ရန်အတွက်လည်း အဓိကတာဝန်ရှိသည်ဟုပြဋ္ဌာန်းထားရာ ယင်းအပေါ်တွင်မူတည်၍ နိုင်ငံတော်၏တာဝန်အရပ်ရပ်ကို ထမ်းဆောင်လျက်ရှိသည်။
Oct 05, 2023

လူတစ်ယောက်၏အကျင့်စရိုက်ကို မျိုးရိုးဗီဇ၊ သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်ဟူသောအကြောင်းတရားသုံးမျိုးက ဖန်တီးပေးသည်ဟူ၍အဆိုရှိသည်။ မျိုးရိုးဗီဇသည် အမိအဖတို့နှင့်သက်ဆိုင်၍ သင်ကြားပြသမှုသည် ဆရာများနှင့်သက်ဆိုင်ပြီး ပတ်ဝန်းကျင်မှာမူ မိဘများနှင့်ရောဆရာတို့နှင့်ပါသက်ဆိုင်သည်။ ကျောင်းနေအရွယ် ကလေးငယ်များအတွက် သင်ကြားပြသမှုနှင့် ပတ်ဝန်းကျင်ပြုပြင်မှုဟူသော ဒုတိယအကြောင်းတရားနှစ်ရပ်ကို စာသင်ကျောင်းများတွင်ခံယူရရှိနိုင်ပြီး ၎င်းတို့၏ဘဝ တစ်သက်တာအတွက်ရော နိုင်ငံအတွက်ပါ လွန်စွာအရေးပါသည့် အချိန်အခါသည် ဆရာများနှင့်ထိတွေ့သင်ယူကြရသည့် အချိန်အခါပင်ဖြစ်သည်။
Oct 04, 2023
ဆေးဝန်ထမ်းတပ်ဖွဲ့သည် လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းနှင့်အတူ ပေါက်ဖွား လာသောအဖွဲ့အစည်းဖြစ်ပြီး ယခုအောက်တိုဘာလ ၁ ရက်နေ့တွင် (၇၆)နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။ သမိုင်းကြောင်းကောင်းသည့် ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် နှစ်ပေါင်း ၇၀ ကျော်ကာလအတွင်း တိုင်းပြည်တာဝန်များကို တပ်မတော်ကဏ္ဍတွင်သာမက ကျရာအခန်းကဏ္ဍများတွင်ပါ ကျေပွန်စွာထမ်းဆောင်ခဲ့သည်။
Oct 04, 2023

၂၀၂၄-၂၀၂၅ ပညာသင်နှစ်တွင် ခရိုင် ၃၄ ခရိုင်၌ စက်မှု၊ စိုက်ပျိုး ရေးနှင့် မွေးမြူရေးအတတ်ပညာများ တွဲဖက်သင်ကြားပေးမည့် အခြေခံပညာအထက်တန်းကျောင်း ၃၄ ကျောင်း ထပ်မံဖွင့်လှစ် သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာနက သတင်းထုတ်ပြန်ကြေညာပေးလျက်ရှိသည်။ အခြေခံပညာအလယ်တန်းဆင့် (Grade 9) ပြီးမြောက်အောင်မြင်သည့် ကျောင်းသား ကျောင်းသူများ အထက်တန်းဆင့် ပညာသင်ယူနေစဉ် ကာလအတွင်း စက်မှုနည်းပညာ၊ စိုက်ပျိုးရေး၊ မွေးမြူရေး အသက်မွေးဝမ်းကျောင်း အတတ်ပညာများ သင်ယူတတ်မြောက်နိုင်မည့် အခွင့်အလမ်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများလည်း ရရှိနိုင်ရန် ရည်ရွယ်သည့် စက်မှု၊ စိုက်မွေးပညာများ တွဲဖက်သင်ကြားသည့် အခြေခံပညာအထက်တန်းကျောင်းများကို ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ခရိုင် ၅၀ ခရိုင်ရှိ အခြေခံပညာအထက်တန်းကျောင်း ၅၁ ကျောင်းတွင် ဖွင့်လှစ်ပေးခဲ့ပြီးဖြစ်ရာ ထပ်မံဖွင့်လှစ်မည့်ကျောင်းများနှင့်ဆိုပါက တစ်နိုင်ငံလုံးတွင် ၈၅ ကျောင်းအထိ ရှိလာမည်ဖြစ်သည်။
Oct 03, 2023

ကမ္ဘာပေါ်ရှိနိုင်ငံအချို့တွင် အကြမ်းဖက်တိုက်ခိုက်မှုများ ကြုံတွေ့နေရသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ အထူးသဖြင့် အစွန်းရောက်တိုက်ခိုက်မှုများကို မကြာခဏမြင်တွေ့ကြရပြီး မကြာသေးမီက ပါကစ္စတန်နိုင်ငံ ဘလူချီစတန်ပြည်နယ်၌ ဘာသာရေးအဆောက်အအုံအနီး အသေခံဗုံးဖောက်ခွဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူ ၅၀ ကျော် သေဆုံးပြီး ၅၀ ကျော် ဒဏ်ရာများရရှိခဲ့သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်တိုက်ခိုက်မှုများ မရှိသလောက်ဖြစ်ခဲ့သော်လည်း လွန်ခဲ့သည့် နှစ်ကာလများမှစ၍ အကြမ်းဖက်တိုက်ခိုက်မှုများ ပေါ်ပေါက်လာခဲ့သည်။
Oct 03, 2023

၂၀၁၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းမှ ကောက်ယူရရှိသော လူဦးရေကိုအခြေခံ၍ ခန့်မှန်းတွက်ချက်မှု အရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်တွင် မြန်မာနိုင်ငံ၏ ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ ၂ သန်းဖြစ်ပြီး ယင်းအနက် ၆ ဒသမ ၃ သန်းကျော်မှာ သက်ကြီးရွယ်အိုဦးရေဖြစ်သည်။ မြန်မာနိုင်ငံတွင်သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေအရ သက်ကြီးရွယ်အိုဆိုသည်မှာ အသက် ၆၀ နှစ်နှင့် အထက်ရှိသော မြန်မာနိုင်ငံသားအားလုံးကို ဆိုသည်ဟူ၍ ဖွင့်ဆိုထားသည်။