Skip to main content
Sep 27, 2023
အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုဆိုသည်မှာ သဘာဝပတ်ဝန်းကျင်နှင့် ရေရှည်တည်တံ့သော အလေ့အကျင့်များကို မြှင့်တင်ရန်ရည်ရွယ်သည့် ခရီးသွားလုပ်ငန်းနှင့် သက်ဆိုင်သော ငွေကြေးဆိုင်ရာလှုပ်ရှားမှုများနှင့် အစပျိုးလုပ်ဆောင်မှုများကိုဆိုလိုခြင်းဖြစ်သည်။ အစိမ်းရောင်စီးပွားရေးသည် နိုင်ငံ့စီးပွားဖွံ့ဖြိုးရေးအတွက် အသုံးချနိုင်သကဲ့သို့ ရာသီဥတုပြောင်းလဲမှုကို ကာကွယ်စောင့်ရှောက်ရေး၊ နိုင်ငံအတွင်းသဘာဝအရင်းအမြစ်များကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းသည့်လုပ်ငန်းစဉ်လည်းဖြစ်သည်။
Sep 27, 2023
မူလသဘာဝအားဖြင့် အစိမ်းရောင်ဟူသည် မြက်ခင်းများ၊ သစ်ရွက်၊ သစ်တောများ၏ အရောင်ဖြစ်သည်။ သင်္ကေတအားဖြင့်မူ အစိမ်းရောင်ဟူသည် “အသက်ဇီဝ”ကိုလည်းကောင်း၊ “သဘာဝပတ်ဝန်းကျင်” ကိုလည်းကောင်း ရည်ညွှန်းခြင်းဖြစ်သည်။ လူသားတို့က မိမိတို့၏ရှင်သန်နေထိုင်မှုအတွက် တီထွင်ဖန်တီးမှုများ၊ ပြုပြင်တည်ဆောက်မှုများပြုလုပ်ခြင်းသည် အခြားတစ်ဖက်တွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည်။ ပထမစက်မှုတော်လှန်ရေးကာလမှစ၍ အရှိန်အဟုန်နှင့် ဖွံ့ဖြိုးတိုးတက်လာသော လူသားကမ္ဘာသည် ဆန့်ကျင်ဘက်ရလဒ်အားဖြင့် ညစ်ညမ်းသော ရေ၊ မြေ၊ လေ ပတ်ဝန်းကျင်၊ ဖောက်ပြန်ပြောင်းလဲလာသည့် ရာသီဥတုများနှင့် ကျန်းမာရေးချူချာလှစွာသော ဂြိုဟ်ကမ္ဘာကြီးသဖွယ်ဖြစ်လာခဲ့ပြီဖြစ်သည်။
Sep 26, 2023
​​​​​​​ဒုတိယအကြိမ် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုညီလာခံ (၂၀၂၃)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စက်တင်ဘာလ ၁၉ ရက်နေ့မှ ၂၁ ရက် နေ့အထိကျင်းပခဲ့ရာ မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်း စုစုပေါင်း ၅၀ ကျော်မှ တရားဥပဒေစိုးမိုးရေးဆိုင်ရာအရာရှိကြီးများနှင့် ကျွမ်းကျင်ပညာရှင်များတက်ရောက်ပြီး ညှိနှိုင်းဆွေးနွေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Sep 26, 2023
​​​​​​​နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း(MSME)များအနက် ကုန်ထုတ်လုပ်မှုကဏ္ဍကို နိုင်ငံတော်က ဦးစားပေးမြှင့်တင်လျက်ရှိ သည်။ နိုင်ငံတစ်ဝန်း တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့တွင် ရှိနေသော MSMEs ကုန်ထုတ်လုပ်ငန်းများကို လေ့လာရာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အလေ့အကျင့်များ လွန်စွာအားနည်းလျက်ရှိသည်ကို တွေ့ရှိရသည်။
Sep 25, 2023
မြန်မာနိုင်ငံ၏ ခရီးသွားရာသီမှာ မိုးလေကင်းလွတ်သည့် အောက်တိုဘာလမှစတင်၍ ပူပြင်းခြောက်သွေ့သည့်ကာလဖြစ်သော ဧပြီလအထိဟူ၍ ယေဘုယျအားဖြင့်ဆိုနိုင်သည်။ အဆိုပါကာလအတွင်း ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်ရှည်များရှိနေသကဲ့သို့ မြန်မာ့ရိုးရာယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များ၊ ဒေသအလိုက် ထင်ရှားကျော်ကြားသည့်ပွဲတော်များလည်းရှိနေပြီး ပွင့်လင်းရာသီဖြစ်သည့်အလျောက် ခရီးသွားလာအပန်းဖြေရန် အသင့်လျော်ဆုံး၊ အကောင်းဆုံးအချိန်လည်းဖြစ်သည်။
Sep 25, 2023
ကမ္ဘာပေါ်ရှိ ယဉ်ကျေးမှုအဆင့်အတန်းမြင့်မားသော လူမျိုးတိုင်းသည် မိမိတို့၏ ဂန္ထဝင်မြောက်စာပေယဉ်ကျေးမှုတို့ကို ထိန်းသိမ်းစောင့်ရှောက်ထားကြသည်။ စာပေနှင့်ယဉ်ကျေးမှု ခိုင်မြဲစွာရှိကြသည့် တိုင်းပြည်နှင့် လူမျိုးတို့၏ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်ဇာတိမာန်တို့သည် မီးတောက်မီးလျှံသဖွယ် အစဉ်ထွန်းလင်းတောက်ပနေမည်ဖြစ်သည်။ မိမိနိုင်ငံနှင့်လူမျိုးကိုထိလျှင် မချည့်အောင်နာတတ်သည့်စိတ်ဓာတ်သည် စာပေယဉ်ကျေးမှုကိုအကြောင်းခံ၍ ပေါ်ပေါက်လာခြင်းဖြစ်သည်။
Sep 24, 2023
နိုင်ငံတိုင်းနိုင်ငံတိုင်းတွင် မြို့ပြများ၌ လူဦးရေထူထပ်များပြားပြီး လူမှုစီးပွား ဘဝများမြင့်မား တိုးတက်နေသည်ကို တွေ့ရမည်ဖြစ်သည်။ မြို့ပြများတွင် လူဦးရေ ထူထပ်သော်လည်း များသောအားဖြင့် ကျေးလက်နေပြည်သူများ၏ လူဦးရေမှာ ပိုမိုများပြားပေသည်။ လူဦးရေကွာခြားမှုအရ နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို ထင်ဟပ်မည်ဆိုလျှင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှသာ နိုင်ငံဖွံ့ဖြိုးတိုးတက်သည်ဟု ဆိုနိုင်မည်ဖြစ်သည်။
Sep 24, 2023
အင်းဝခေတ်ကို သတိုးမင်းဖျား အင်းဝရွှေနန်းတော်ကိုတည်ထောင်သည့် သက္ကရာဇ် ၇၂၆ ခုနှစ်မှစ၍ အင်းဝပျက်သည့် သက္ကရာဇ် ၉၀၀ ခန့် ကာလအတွင်း ဖြစ်သည်ဟု ပညာရှင်များက သတ်မှတ်ထားသည်။ အင်းဝခေတ်ကောင်းစဉ်ကာလတွင် စစ်မက်ကင်းဝေးကာ သာယာဝပြောသည့်အလျောက် စာပေထွန်းကားသည့် ကာလဖြစ်ပြီး ပေရွက်ပေါ်တွင် ကညစ်ဖြင့် စာရေးသည့်ခေတ် ဖြစ်ပေါ်လာခဲ့သည်ဟု
Sep 23, 2023
၂၀၂၃ ခုနှစ် နွေရာသီကို အပူဆုံးနှစ်အဖြစ် နာဆာမှ ရာသီဥတုဆိုင်ရာသိပ္ပံ ပညာရှင်များက မှတ်တမ်းတင်ထားကြောင်း သိရသည်။ စက်တင်ဘာလ ၁၄ ရက်နေ့တွင် အသိပေးချက်အရ လာမည့်နွေရာသီ ဇွန်၊ ဇူလိုင်၊ ဩဂုတ်လတို့တွင် နာဆာမှ မှတ်တမ်းတင်ထားသည့် အခြားသောနှစ်များထက် သုညဒသမ ၄၁ ဒီဂရီဖာရင်ဟိုက်ထက် ပိုပူမည်ဖြစ်ကြောင်း၊ ၁၉၅၁ ခုနှစ်၊ ၁၉၈၀ ပြည့်နှစ် နွေရာသီပျမ်းမျှအပူချိန်ထက် ၂ ဒသမ ၁ ဒီဂရီဖာရင်ဟိုက် ပိုပူမည်ဖြစ်ကြောင်း သိပ္ပံပညာရှင်များက ပြောကြားခဲ့သည်။
Sep 23, 2023
မူးယစ်ဆေးဝါးပြဿနာက မိမိတို့နိုင်ငံတွင်ရော တစ်ကမ္ဘာလုံးတွင်ပါ ရင်ဆိုင်နေကြရသည့် ပြဿနာဖြစ်သည်။ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း တောင်ကိုရီးယားနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက်စခန်း တစ်ခုတွင် အမေရိကန်စစ်သားများ ခိုးသွင်းလာသည့် ဓာတုဆေးခြောက်များ သိမ်းဆည်းရမိမှုနှင့် ထိုင်းနိုင်ငံတွင် ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုလိုက်သည့်အပေါ် ဝေဖန်မှုများ ထွက်ပေါ်လာသည့်သတင်းများကို တွေ့ရှိရသည်။ မိမိတို့နိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာကို မြို့ပြများတွင်သာမက ကျေးလက်ဒေသများတွင်ပါ တွေ့ရှိနေရသည်ဟု ဆိုသည်။