Skip to main content
Oct 19, 2023
နိုင်ငံ့စီးပွားတိုးတက်ရေးတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဆောင်ရွက်ရန်လိုသည်။ နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းဖြစ်သော ကျေးလက်ပြည်သူများသည် စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အဓိကလုပ်ကိုင်ကြပြီး စိုက်ပျိုးရေးနှင့် ဆက်စပ်လျက်ရှိသည့် ကုန်ထုတ်လုပ်ငန်းများ၊ စက်မှုလက်မှုလုပ်ငန်းများကိုလည်း လုပ်ကိုင်လျက်ရှိကြရာ စိုက်ပျိုးရေးနှင့်မွေးမြူရေးတို့ကို မြှင့်တင်ပေးနိုင်သည်နှင့်အမျှ နိုင်ငံ့လူဦးရေ၏ သုံးပုံနှစ်ပုံခန့်သော ပြည်သူများ၏ လူမှုအဆင့်အတန်းများလည်း ပြောင်းလဲတိုးတက် လာနိုင်မည်ဖြစ်သည်။
Oct 18, 2023
မျက်မှောက်ကာလ နိုင်ငံတကာဆက်ဆံရေးတွင် အင်အားက အရေးပါသည်။ နိုင်ငံတစ်နိုင်ငံသည် အင်အားတောင့်တင်းသည့် (Strong State) လား၊ အင်အားနည်းသည့် (Weak State) လား၊ ဘက်ပေါင်းစုံမှာ အရေးနိမ့်နေသည့် (Failed State) လား၊ သို့မဟုတ် ဗုန်းဗုန်းလဲသွားပြီဖြစ်သည့် (Collapsed State) လား စသည်ဖြင့် အဆင့်ဆင့်ရှိသည်။ အင်အားကြီးလျှင် မျက်နှာကြီးရာ ဟင်းဖတ်ပါ၍ အင်အားနည်းလျှင် မြေနိမ့်ရာ လှံစိုက်ခံရမည်။ နာလန်မထူ၊ ဗုန်းဗုန်းလဲသည့်ဘဝဆိုပါက လူမလေး ခွေးမခန့် အဖြစ်သို့ ရောက်သွားမည်။
Oct 17, 2023
​​​​​​​လူ့သမိုင်းတွင် သဘောကွဲလွဲမှု၊ အနိုင်အထက်ပြုမှုများကြောင့် ပဋိပက္ခများ ပေါ်ပေါက်လာခဲ့သည်။ လူတို့အနေဖြင့် ခံယူချက်၊ ယုံကြည်ချက်အမျိုးမျိုးရှိမည် ဖြစ်သော်လည်း သူစိမ်းတစ်ရံဆံတို့က မိမိတို့အသိုက်အမြုံကို အနိုင်အထက်ပြုလျှင် စည်းလုံးညီညွတ်မှုဖြင့် ကာကွယ်ကြရသည်။ ဘုံအကျိုးစီးပွားနှင့်စပ်ယှဉ်လျှင် တူညီသောသဘောထားများ ထားရှိကြသည်။ အဆိုပါသဘောထား ခံယူချက်သည် နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားအားလုံး ထားရှိရမည့်သဘောထားဖြစ်ပြီး အဆိုပါသဘောထားခံယူချက်ဖြင့် မိမိနိုင်ငံကိုမိမိတို့ တိုးတက်ကောင်းမွန်လာအောင် တည်ဆောက်ကြသည်ကို တွေ့ရမည်။
Oct 17, 2023
​​​​​​​ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပြည်တွင်းရှိဒေသအချို့တွင် ရေကြီးရေလျှံမှုများကြောင့် မြို့ရွာများအတွင်း ရေဝင်ရောက်မှုများ၊ ကားလမ်း၊ ရထားလမ်း စသည့်လမ်းပန်းဆက်သွယ်ရေး ယာယီပြတ်တောက်မှုများ ဖြစ်ပွားခဲ့သည်။ အောက်တိုဘာ ၁၄ ရက်က နေပြည်တော်ကောင်စီနယ်မြေအတွင်း မိုးသည်းထန်စွာရွာသွန်း မှုကြောင့် တောင်ကျရေတိုက်စားမှု၊ မြေပြိုမှု စသည်တို့ဖြစ်ပွားခဲ့ရာ နေအိမ်များပျက်စီးပြီး လူသေဆုံးမှုလည်းရှိခဲ့သည်။ အဆိုပါဖြစ်စဉ်များတွင် ပုဗ္ဗသီရိမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ သားအမိနှစ်ဦး ရေစီးနောက်မျောပါပျောက်ဆုံးခဲ့ပြီး တပ်ကုန်းမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ သားအမိနှစ်ဦးမှာ မြေပြိုမှုကြောင့် ထိခိုက်ဒဏ်ရာရ သေဆုံးခဲ့ရခြင်းဖြစ်သည်။
Oct 16, 2023
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန (MICC-II) ၌ နိုင်ငံရေးအဓိပ္ပာယ်အနှစ်သာရရှိစွာဖြင့် ခမ်းနားထည်ဝါဂုဏ်ယူဖွယ်ရာ ကျင်းပခဲ့သည်။ NCA သည် တိုင်းရင်းသားပြည်သူများမျှော်လင့်ချက်၊ ပြည်ထောင်စုကြီးရည်မှန်းချက်၏ ကနဦးအချက်ဖြစ်သည်။
Oct 16, 2023
ကမ္ဘာ့မြေပုံတွင် ကြည့်ပါက မြန်မာနိုင်ငံကို အရှေ့တောင်အာရှဒေသမှ နိုင်ငံငယ်လေးတစ်နိုင်ငံအဖြစ် တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံအဖြစ်တည်ရှိနေခြင်းဖြစ်သည့်အတွက် ပိုင်နက်နယ်နိမိတ်၊ လူဦးရေ၊ အစိုးရနှင့် အချုပ်အခြာအာဏာပိုင်ဆိုင်ခြင်းဟူသော နိုင်ငံတစ်နိုင်ငံတွင် ရှိရမည့် ဥပဓိရုပ်လေးပါးနှင့် ပြည့်စုံပါ၏။ သို့သော် နယ်ချဲ့လက်အောက်ခံ ကိုလိုနီနိုင်ငံဘဝသို့ နှစ်ပေါင်း ၁၀၀ကျော် ကျရောက်ခဲ့ရာမှ ရရှိခဲ့သည့် ကျွန်ဘဝ၏ ဒဏ်ရာဒဏ်ချက်များက နှစ်ပေါင်း ၇၅ နှစ်ကျော်လွန်လာသည့်တိုင် ကုစား၍ မရနိုင်သေး။
Oct 15, 2023
ယနေ့သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွက် ကျက်သရေ မင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့် အခါကာလဖြစ်သည်။ လွန်ခဲ့သောရှစ်နှစ် ဤနေ့ဤအချိန်အခါ၌ နှစ်ပေါင်းရှည်ကြာ သဘောထားကွဲပြားခဲ့သူအချင်းချင်း ရန်ကိုရန်ချင်းမတုံ့နှင်းဘဲ လက်နက်ကိုင်ပဋိပက္ခများ ဆိတ်သုဉ်းအောင် အားထုတ်ကြိုးပမ်းနိုင်ခဲ့သဖြင့် မင်္ဂလာရှိသောအခင်းအကျင်းကို ဆောင်ကြဉ်းပေးနိုင်ခဲ့သည်။ ငြိမ်းချမ်းခြင်းသည် မင်္ဂလာတစ်ပါးပင်ဖြစ်၍ သမိုင်းဝင် ဤနေ့ဤရက်ကို အလေးအနက်ဂုဏ်ပြုကြရမည်ဖြစ်သည်။
Oct 15, 2023
နှစ်စဉ် အောက်တိုဘာလ ၁၆ ရက်နေ့သည် ကမ္ဘာ့စားနပ်ရိက္ခာနေ့ ဖြစ်သည်။ ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (Food and Agriculture Organization of the United Nations- FAO) က ကမကထပြု၍ နိုင်ငံအသီးသီးမှ အစိုးရများ၊ ရုံးဌာနများ၊ မိတ်ဖက်အဖွဲ့အစည်းများ ပူးပေါင်း၍ စားနပ်ရိက္ခာဖူလုံရေးနှင့် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ရည်ရွယ်ချက်များဖြင့် ကမ္ဘာ့စားနပ်ရိက္ခာနေ့ကို ကျင်းပခြင်းဖြစ်ရာ ယင်းနေ့သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၁၆ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော FAO ၏ မွေးနေ့လည်း ဖြစ်သည်။
Oct 13, 2023
​​​​​​​ပြီးခဲ့သည့်ရက်သတ္တပတ်က အစ္စရေးနိုင်ငံ၏ အားလပ်ရက်တစ်ရက်တွင် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးနိုင်ငံအတွင်းသို့ ဟားမားစ်တို့က ဒုံးကျည်ဖြင့် တိုက်ခိုက်မှုကြောင့် အစ္စရေး ၁၀၀ ကျော်သေဆုံးပြီး ၉၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ထိုသို့တိုက်ခိုက်ပြီး နှစ်နာရီအကြာတွင် ဂါဇာကမ်းမြောင်ဒေသသို့ အစ္စရေးတို့က လေကြောင်းမှ တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း ၁၉၈ ဦးထက်မနည်းသေဆုံးပြီး ၁၆၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။
Oct 13, 2023
ကမ္ဘာ့အင်အားကြီးနိုင်ငံ တစ်နိုင်ငံအဖြစ်သို့ တက်လှမ်းလာပြီဖြစ်သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် စီးပွားရေးပြုပြင်ပြောင်းလဲမှုကို လွန်ခဲ့သည့်နှစ်ပေါင်း ၄၀ ကျော်က စတင်ခဲ့ခြင်း ဖြစ်သည်။ တရုတ်နိုင်ငံသည် ဖက်စပ်လုပ်ငန်းထူထောင်ခြင်း ဆိုင်ရာဥပဒေကို ၁၉၇၉ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး နောက်တစ်နှစ် ၁၉၈၀ တွင် အထူးစီးပွားရေးဇုန်ကြီးလေးခုကို နိုင်ငံအရှေ့တောင်ပိုင်း ကမ်းရိုးတန်းမြို့ကြီးများတွင်တည်ထောင်၍ ပြည်ပရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခဲ့သည်။ စီးပွားရေးတံခါးဖွင့်ဝါဒ စတင်ကျင့်သုံးချိန်မှစ၍ နှစ်စဉ်ဆက်တိုက်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာခဲ့သည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှာ ယခုအခါ စီးပွားရေးအရ ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်လာခဲ့ပြီ ဖြစ်သည်။