Oct 24, 2023

သီဆို၊ ကခုန်၊ တီးမှုတ်ကြသည့် ယဉ်ကျေးမှုအလေ့အထများက လူသားတို့၏ သမိုင်းအစမှာပင် ရှိခဲ့လိမ့်မည်ဟု ပညာရှင်တို့က အနုမာနအားဖြင့် မှန်းဆကြသည်။ စာပေအက္ခရာ အရေးအသားတို့ ပေါ်ပေါက်လာသည့်အခါတွင် ရေးဖွဲ့ခြင်းအနုပညာလည်း ပေါ်ထွန်းလာသည်။ မြန်မာနိုင်ငံတွင် အဆို၊ အက၊ အရေး၊ အတီးတို့နှင့် စပ်လျဉ်း၍ အစောဆုံးအထောက်အထားများကို ပျူခေတ်တွင် တွေ့ရှိရခြင်းဖြစ်သည့်အတွက် သီဆို၊ ကခုန်၊ တီးမှုတ်ခြင်း ယဉ်ကျေးမှုတို့ ယင်းထက်စော၍ တည်ရှိနေပြီဟု ဆိုနိုင်သည်။
Oct 23, 2023
ဘာသာတရားနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုအစဉ်အလာများ ပိုင်ဆိုင်ထားသောကြောင့် နိုင်ငံအေးချမ်းသာယာဝပြောလျက်ရှိသည်။ ကောင်းမြတ်သည့် ဘာသာတရား၏ အဆုံးအမညွှန်ပြမှုများနှင့် အစဉ်အလာယဉ်ကျေးမှုတို့သည် တိုင်းရင်းသားလူမျိုး အစုအဖွဲ့အသီးသီးတွင် ကိုယ်စီရှိကြသည်။ အဆိုပါအစဉ်အလာကြောင့်ပင် တစ်ဦးနှင့်တစ်ဦး လေးစားခြင်း၊ ကိုင်းညွတ်ခြင်း၊ စည်းလုံးခြင်း၊ ပျော်ရွှင်ခြင်းတို့ ပြည့်လျှံနေသဖြင့် အေးချမ်းသာယာ ချမ်းမြေ့ပျော်ရွှင်မှုများ ပြည့်စုံသည့်နိုင်ငံဟု ဆိုနိုင်သည်။
Oct 23, 2023

နယ်ချဲ့အင်္ဂလိပ်တို့က ၎င်းတို့၏ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အကျိုးအမြတ်များ ရရှိရန်ရည်ရွယ်၍ ၁၈၇၇ ခုနှစ် မေလ ၁ ရက်နေ့တွင် ရန်ကုန်-ပြည်ရထားလမ်းကို ဖွင့်လှစ်ခဲ့ရာ ယင်းသည် မြန်မာ့ရထားပို့ဆောင်ရေးလုပ်ငန်း၏ သမိုင်းအစပင်ဖြစ်သည်။ တရုတ်နိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းထက် တစ်နှစ်သာ နောက်ကျသော မြန်မာနိုင်ငံ၏ ရထားပို့ဆောင်ရေးလုပ်ငန်းသည် အရှေ့တောင်အာရှ၏ သက်တမ်းအရင့်ဆုံးလည်းဖြစ်သည်။ ယခု အခါ သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၄၆ နှစ် ကျော်လာခဲ့ပြီဖြစ်သည့် မြန်မာ့မီးရထားလုပ်ငန်းကို ခေတ်နှင့်အညီ အဆင့်မြှင့်တင်၍ နိုင်ငံနှင့်ပြည်သူအကျိုး ဆက်လက်သယ်ပိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
Oct 22, 2023
မျက်မှောက်ကာလတွင် မြို့ပြဒေသများ ဖွံ့ဖြိုးတိုးတက်လာမှု၊ လူဦးရေ တစ်နေ့တခြားတိုးပွားလာမှု၊ မော်တော်ယာဉ်နှင့်စက်တပ်ယာဉ်များ များပြားလာမှုတို့ကြောင့် ယာဉ်အန္တရာယ်ဖြစ်မှုများပြားလာသည်။ မြန်မာနိုင်ငံတွင် လူဦးရေနှင့် မော်တော်ယာဉ် အထူထပ်ဆုံးမြို့ဖြစ်သော ရန်ကုန်တိုင်းဒေသကြီး၌ ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှ စက်တင်ဘာလအထိ ယာဉ်တိုက်မှု ၆၄ မှု၊ ဒဏ်ရာရရှိမှု ၆၅၇ မှု၊ သေဆုံးသူ ၃၁၉ ဦးရှိကြောင်းသိရသည်။
Oct 22, 2023
ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ‘‘ရခိုင်ပြည်နယ်စီးပွားရေး ဖိုရမ် (၂၀၂၃)”ကို အောက်တိုဘာလ ၂၂ ရက်(ယနေ့)တွင် ပြည်နယ်၏မြို့တော် စစ်တွေ၌ ကျင်းပပြီဖြစ်သည်။ ရခိုင်ပြည်နယ်အတွင်း ဒေသခံစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းများအတွက် ရည်ရွယ်ကျင်းပသည့် အဆိုပါဖိုရမ်တွင် ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပညာရှင်သုံးဦးတို့က အဓိကဟောပြောဆွေးနွေးကြကာ ဒေသခံစီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ စီးပွားရေးပညာရှင်များ၊ လူငယ်များ ပါဝင်ဆွေးနွေးကြမည့် စကားဝိုင်းဆွေးနွေးပွဲ သုံးခုလည်း ပါဝင်မည်ဟု သိရသည်။
Oct 21, 2023

ကမ္ဘာလုံးဆိုင်ရာ ဆန်းစစ်ချက်အစီရင်ခံစာ (၂၀၂၂) အရ ပျက်စီးဆုံးရှုံးမှုများသည့် သဘာဝဘေးကြီးများသည် ၂၀၁၅ ခုနှစ်အထိ တစ်နှစ်တွင် အကြိမ် ၄၀၀ ခန့်ဖြစ်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်သို့ရောက်ရှိပါက တစ်နှစ်တွင် အကြိမ် ၅၆၀ ခန့်အထိ တိုးလာနိုင်ကြောင်း ဖော်ပြထားသည်။ ကမ္ဘာပေါ်တွင် သဘာဝဘေးကြီးများ တစ်နှစ်ထက်တစ်နှစ် တိုး၍ကျရောက်လာနိုင်ကြောင်းကို အဆိုပါအစီရင်ခံစာက အရေးပေါ်သတိပေး မီးမောင်းထိုးဖော်ပြလိုက်ခြင်းဖြစ်သည်။
Oct 21, 2023

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုက စိုက်ပျိုးရေးလုပ်ငန်းများအပေါ်တွင် အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေသည်။ စိုက်ပျိုးသီးနှံများ အောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော သွင်းအားစုများ၊ လုံ့လဝီရိယနှင့်လုပ်အားများ စသည်တို့ပြည့်စုံလုံလောက်စွာ မည်မျှစိုက်ထုတ်လုပ်ကိုင်စေကာမူ ရာသီဥတုဖောက်ပြန်လိုက်သည်နှင့် ကြိုးပမ်းလုပ်ကိုင်ခဲ့သမျှတို့ အရာမထင်သည့်အဖြစ်များကို တောင်သူလယ်သမားတို့ ကြုံတွေ့လာကြရပြီဖြစ်ရာ ပြောင်းလဲလာသည့် ရာသီဥတုနှင့် လိုက်လျောညီထွေသည့် စိုက်ပျိုးနည်းစနစ်များကိုကျင့်သုံးရန် လိုအပ်လျက်ရှိပြီဖြစ်သည်။
Oct 20, 2023

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် စီးပွားရေးရာကော်မတီအစည်းအဝေး အမှတ်စဉ်(၈/၂၀၂၃)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “နိုင်ငံတော်အစိုးရမှ ဆောင်ရွက်နေသည့် လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူလူထုအတွက် အထောက်အကူပြုသည့်လုပ်ငန်းများဖြစ်သဖြင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများကို အောင်မြင်အောင် ဆောင်ရွက်သွားရန်လိုကြောင်း” ပြောကြားခဲ့သည်။
Oct 19, 2023
နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၏ ပထမဆုံးအချက်တွင် “လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်း၍ တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိလာအောင် အလေးထား ဆောင်ရွက်သွားမည်” နှင့် နိုင်ငံရေးဦးတည်ချက် တတိယအချက်တွင် “ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေးအတွက် ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အပြည့်အဝရရှိစေရန် အလေးထားလုပ်ဆောင်ရေး”တို့ကို ချမှတ်ထားသည်။