Nov 28, 2022
ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် ရောင်းဝယ်ဖောက်ကား ကုန်သွယ်မှုလုပ်ငန်းများကို သတ်မှတ်ထားသည့် စည်းမျဉ်း၊ ဥပဒေများအတိုင်း အလေးထား လုပ်ကိုင်ဆောင်ရွက်ကြသည်။ စည်းကမ်းဥပဒေ ဖောက်ဖျက်သူရှိပါလျှင်လည်း ထိရောက်စွာ အရေးယူခြင်းခံကြရသည်။ စီးပွားရေးနှင့်ပတ်သက်၍ သက်ဆိုင်ရာအားလုံးတို့က အလေးထားလိုက်နာဆောင်ရွက်ကြသဖြင့် လူမှုစီးပွားတည်ငြိမ်ပြီး ရေရှည်တည်တံ့ခိုင်မြဲသော ဖွံ့ဖြိုးတိုးတက်မှုကို ရရှိပိုင်ဆိုင်ကြသည်။
Nov 28, 2022
အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုက နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှုနှင့် တစ်ဆက်တစ်စပ်တည်းရှိနေသည်။ နိုင်ငံ့စီးပွားရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကျော်ရှိသော MSME ခေါ် အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်းများတွင် ကုန်ထုတ်လုပ်ငန်း၊ ရောင်းဝယ်ဖောက်ကားသည့်လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်းနှင့် အခြားလုပ်ငန်းများဟူ၍ လေးမျိုးလေးစားရှိသည့်အနက် မြန်မာနိုင်ငံတွင် ကုန်ထုတ်လုပ်ငန်းကဏ္ဍ (Manufacturing Sector) က ၄၀ ရာခိုင်နှုန်းရှိပြီး အရေအတွက်အားဖြင့် အများဆုံးဖြစ်သည်။ တစ်ဖန် မြန်မာ့စီးပွားရေးလုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းကျော်မှာလည်း လုပ်ငန်းငယ်များဖြစ်သည်။
Nov 27, 2022
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအား ဘင်္ဂလားဒေ့ရှ်ပြည်သူ့သမ္မတနိုင်ငံ နယ်ခြားစောင့်တပ်ဖွဲ့များ၏ ညွှန်ကြားရေးမှူးချုပ်နှင့် အဆင့်မြင့်အရာရှိကြီးများက နိုဝင်ဘာလ ၂၅ ရက်နေ့တွင် လာရောက်တွေ့ဆုံပြီး နှစ်နိုင်ငံနယ်စပ်လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေမှုများ တားဆီးနှိမ်နင်းရေး၊ နယ်မြေသတင်းအချက်အလက်များ အချိန်နှင့်တစ်ပြေးညီဖလှယ်ရေးတို့ကို ဆွေးနွေးခဲ့ကြသည်။
Nov 27, 2022
နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးဖော်ဆောင်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည့် အကြောင်းတရားများသည် ပြည်ပတွင်မရှိဘဲ ပြည်တွင်း၌သာရှိနေသည်ဟု ပညာရှင်တို့က ဆိုကြသည်။ နိုင်ငံတစ်နိုင်ငံဆင်းရဲနွမ်းပါးနေသည်ကိုလေ့လာကြည့်လျှင် ယင်းနိုင်ငံသည် မိမိတွင်ရှိနေသော ငွေကြေးအင်အား၊ ရုပ်ဝတ္ထုအင်အားနှင့် လူအင်အားတို့ကို နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိရှိ ထိထိရောက်ရောက် မစုစည်း၊ မသုံးစွဲနိုင်သည်ကို တွေ့မြင်ရမည်ဖြစ်သည်ဟူ၍လည်း အဆိုရှိသည်။
Nov 26, 2022
“မိမိတို့အနေဖြင့် မည်သည့်စိန်ခေါ်မှုပင်ရှိပါစေ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည် ဟူသည့်ခံယူချက်ဖြင့် မိမိတို့၏ အမျိုးသားရေးမူဝါဒနှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးတို့ကို ဦးတည်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်နှင့် လာမည့်ဘဏ္ဍာနှစ် ၂၀၂၃-၂၀၂၄ တို့အတွင်း ပြည်သူများ၏ လူမှုစီးပွားဘဝများ အလျင်အမြန် ပြန်လည်တိုးတက်လာစေရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အားပေးမြှင့်တင်သွားရမည်ဖြစ်ပြီး အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေး အားပေးသွားမည်ဖြစ်ကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ်(၂/၂၀၂၂)တွင် ပြောကြားခဲ့သည်။
Nov 26, 2022

နှစ်စဉ်နိုဝင်ဘာလ ၂၅ ရက်နေ့ကို အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့အဖြစ် ၁၉၉၉ ခုနှစ်က ကျင်းပခဲ့သည့် (၅၄) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံက သတ်မှတ်ခဲ့ပြီး နိုဝင်ဘာလ ၂၅ ရက်မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိကိုလည်း အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုများ ကမ္ဘာ့နိုင်ငံအသီးသီးတို့တွင် ကျင်းပလျက်ရှိကြသည်။ ယခုနှစ်အတွက် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ်ဆောင်ပုဒ်မှာ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး အားလုံးပေါင်းစုလှုပ်ရှားပေး” ဟူ၍ ဖြစ်သည်။
Nov 25, 2022

“ယနေ့ကဲ့သို့ ပညာခေတ်တွင် ရုပ်ဝတ္ထုများ ဘက်ပေါင်းစုံက အချိန်နှင့်တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်နေသည်နှင့်အညီ အဆိုပါ ရုပ်ဝတ္ထုပစ္စည်းများကို ကိုင်တွယ်အသုံးချနေသည့် မိမိတို့လူသားများ၏ အသိပညာမြင့်မားရေးနှင့် စိတ်ဓာတ်ကောင်းမွန်ရေးသည်လည်း အရေးပါလာသည်ကို တွေ့ရပါကြောင်း၊ လူများတွင် အဖိုးတန်ဆုံးအရာသည် အသိပညာပင်ဖြစ်ပါကြောင်း၊ အသိပညာကို အတွေ့အကြုံနှင့်စာပေက ရနိုင်သည့်အတွက် လူတိုင်းစာဖတ်သင့်ကြောင်း ရှေးအဆက်ဆက် ပညာရှိများက မှာကြားခဲ့သကဲ့သို့ ကမ္ဘာပေါ်တွင် ထင်ရှားကျော်ကြားသည့် ပုဂ္ဂိုလ်များအားလုံးတို့၏ တူညီသောမြွက်ဟမှုသည်လည်း “စာဖတ်တယ်”ဆိုသည့်စကားပင်ဖြစ်ပါကြောင်း”
Nov 25, 2022

မြန်မာနိုင်ငံတွင် နိုင်ငံ့လူဦးရေ၏ ရာခိုင်နှုန်းပြည့် လျှပ်စစ်ဓာတ်အားရရှိသုံးစွဲနိုင်ရေး ရည်မှန်းချက်အဖြစ် ၂၀၃၀-၂၀၃၁ ဘဏ္ဍာရေးနှစ်ကို ရည်မှန်းချက်ထား ဆောင်ရွက်လျက်ရှိသည်။ လက်ရှိအခြေအနေတွင်မူ ၆၀ ရာခိုင်နှုန်းကျော်ခန့်သာ ဓာတ်အားသုံးစွဲခွင့်ရရှိနေပြီး ပြည်သူများ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် အနှောင့်အယှက် အဖျက်အဆီးများနှင့် အခက်အခဲစိန်ခေါ်မှုများကို ရင်ဆိုင် နေရခြင်းဖြစ်ရာ ယင်းအနှောင့်အယှက် အခက်အခဲများကို ကျော်လွှားနိုင်ရန် ပြည်သူများ၏ ပူးပေါင်းပါဝင်ကူညီမှုများ လိုအပ်လျက်ရှိသည်။
Nov 24, 2022
“ကျွန်တော်တို့ အစိုးရအနေနဲ့ “ရှေ့သို့လှမ်းမည်၊ ပန်းတိုင်ဆီ” (Keep Moving Forward to Achieve Our Goal) ဆိုတဲ့အတိုင်း နိုင်ငံအကျိုး၊ တိုင်းရင်းသားပြည်သူလူထုအကျိုးကို ရှေးရှုပြီး ပိုမိုကောင်းမွန်တဲ့ နိုင်ငံတော်နဲ့ လူမှုစီးပွားဘဝတွေကို တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း တိုင်းရင်းသားပြည်သူလူထုကို အသိပေးပြောကြားလိုပါတယ်။ ပြည့်အင်အားသည် ပြည်တွင်းမှာရှိတယ်ဆိုတဲ့အတိုင်း ကျွန်တော်တို့အားလုံး အတူတကွ ပူးပေါင်းဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”
Nov 24, 2022
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးကို နိုင်ငံတော်က အလေးအနက်ထားကာ ဖိဖိစီးစီး ဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြီးမားသည့် အဟန့်အတား အနှောင့်အယှက်တစ်ခုဖြစ်သည့် တရားမဝင်ကုန်သွယ်မှုကို လုံးဝပပျောက်စေရေး ဆောင်ရွက်ရာတွင် ပြည်တွင်းသို့ တရားမဝင်ဝင်ရောက်လာသည့် ကုန်စည်များကို ဖမ်းဆီးရသည့် နိုင်ငံ့ဝန်ထမ်းများနှင့် တာဝန်သိစိတ်ဓာတ်ဖြင့် သတင်းပေးသည့် ပြည်သူများမှာ လွန်စွာအရေးကြီးသည်။