Skip to main content
Nov 23, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်မှ နောက်ဆုံးအချက်တွင် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီး ပါက ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ခုနှစ်)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီအား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အားလွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဟုပါရှိပြီး အဆိုပါရှေ့လုပ်ငန်းစဉ်အကောင်အထည်ပေါ်အောင် ဆောင်ရွက်လျက်ရှိသည်။
Nov 23, 2022
စာသည်စကားကိုသင်္ကေတပြု၍ အက္ခရာတင်ကာရေးမှတ်သည့် စနစ်တစ်ခုဖြစ်ပြီး စာပေဟူသည်ကမူ စာကိုရသမြောက်အောင်၊ အနုပညာသဘောပါအောင်ရေးဖွဲ့ခြင်းဖြစ်သည် ဟူ၍ ယေဘုယျသဘောဖွင့်ဆိုနိုင်သည်။ စာပေသည်ယဉ်ကျေးမှုတစ်ရပ်ပင်ဖြစ်ရာ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအဆင့်အတန်း ဂုဏ်ဒြပ်မြင့်မားမှုကို ထိုနိုင်ငံ၏ အမျိုးသားစာပေအဆင့်အတန်းအားဖြင့်လည်း ချိန်ထိုးသတ်မှတ်သည့်အလျောက် စာပေမြင့်မှလူမျိုးတင့်သည်ဟူ၍ ဆိုခြင်းဖြစ်သည်။
Nov 21, 2022
သူတစ်ပါးအား ချီးမြှောက်ခြင်းကို “သင်္ဂဟ” တရားဟုခေါ်ပါသည်။ သင်္ဂဟတရားတွင် ဒါန၊ပေယျဝဇ္ဇ၊ အတ္ထစရိယာနှင့် သမာနတ္တတာဟူ၍ လေးပါးရှိသည်။ ဤသင်္ဂဟတရားလေးပါး ထွန်းကားမှသာ လောကကြီးသည် ငြိမ်းချမ်းသာယာဝပြောမည်ဖြစ်သည်။ အခြေအနေအားလျော်စွာ သင်္ဂဟတရားတို့ကိုကျင့်သုံးသော ပုဂ္ဂိုလ်တို့သည် ကြီးပွားချမ်းသာကြသည်။ လူတစ်ဦးနှင့်တစ်ဦးဆက်ဆံကြရာတွင် ဤသင်္ဂဟတရားများသည် အလွန်အရေးကြီးသောတရားများဖြစ်သည်။
Nov 21, 2022
မျက်မှောက်ကာလ လူ့အခွင့်အရေးအကြောင်းပြောလျှင် ပြီးခဲ့သည့် ရာစုနှစ်နှစ်ခုဆီမှ ကိုလိုနီနယ်ချဲ့အင်ပါယာများနှင့် ကမ္ဘာစစ်ကြီးနှစ်ခုတို့ကို ပြန်လည်အမှတ်ရရန်လည်း လိုအပ်သည်။ သာသနာပြုရန်၊ ကုန်ကြမ်းများရယူရန်၊ ကုန်ချောများရောင်းချရန်၊ ဈေးကွက်လက်ဝါးကြီးအုပ်ရန်ဟူသော အကြောင်းပြချက်အမျိုးမျိုးဖြင့် (တစ်နည်းဆိုရလျှင်) အတိုင်းမသိကြီးမားလှသော လောဘဇောဖြင့် ကမ္ဘာ့အနောက်ခြမ်းမှနိုင်ငံအချို့က ကျန်ကမ္ဘာ့နိုင်ငံပေါင်းများစွာတို့ကို သိမ်းပိုက်ကျွန်ပြုခဲ့ခြင်း၊ နယ်ချဲ့လက်ဟောင်းနှင့် နယ်ချဲ့လက်သစ်နိုင်ငံများအချင်းချင်း စားကျက်လုကြရာမှ ပထမကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ရပြီး နှစ် ၃၀ ခန့်ကြာသည့်အခါတွင် ယင်း၏ နောက်ဆက်တွဲဖြစ်သော ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားခဲ့ခြင်းတို့သည် လူအဖြစ်မွေးဖွားလာသူတိုင်းတွင် တူညီသောအခွင့်အရေးရှိသည်ဟူသော အယူဝါဒဖြစ်ပေါ်လာစေသည့် အခြေခံအကြောင်းတရားများပင်ဖြစ်သည်။
Nov 20, 2022
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့၌ အောက်တိုဘာလ ၁၆ ရက်တွင် ကျင်းပခဲ့သည့် (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးတွင် “မြန်မာနိုင်ငံရှိ ‘ရိုဟင်ဂျာ’ ဆိုသူ မွတ်စလင်များနှင့် အခြားလူနည်းစုများ၏ အခွင့်အရေး အခြေအနေ” ဟု ခေါင်းစဉ်တပ်ထားသည့် ဆုံးဖြတ်ချက်အဆိုသည် ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး တစ်နိုင်ငံတည်းအပေါ် ပစ်မှတ်ထားသည့် ဆုံးဖြတ်ချက်အဆိုဖြစ်၍ မြန်မာနိုင်ငံအနေဖြင့် လက်မခံကန့်ကွက်ခဲ့သည်။
Nov 20, 2022
လမ်းလျှောက်ခြင်းသည် ကျန်းမာရေးအတွက် အကောင်းဆုံး ဆေးတစ်လက်ဖြစ်သည်ဟု ဖော်ညွှန်းကြသည်။ လွန်စွာလွယ်ကူသလောက် ငွေကုန်ကြေးကျလည်း နည်းလွန်းလှသည့် လမ်းလျှောက်ခြင်းအားဖြင့် ရရှိလာနိုင်သည့် ကျန်းမာရေးရလဒ်အကျိုးကျေးဇူးများမှာ အံ့အားသင့်ဖွယ်ကောင်း လောက်အောင်ပင် များပြားလှသည်။ သို့ရာတွင် နေ့စဉ်မှန်မှန် မပျက်မကွက် လမ်းလျှောက်ရန်အတွက် မိမိကိုယ်ကို တာဝန်ယူနှိုးဆော်ထားရမည်ဖြစ်သည်။
Nov 19, 2022
နိုင်ငံတစ်နိုင်ငံတွင် ၎င်းနိုင်ငံ၏ ပြည်တွင်းထုတ်ကုန်များ အရည်အသွေးနှင့် အဆင့်အတန်း မြင့်မားလျှင် ပြည်တွင်းသုံးစွဲရန်သာမက ပြည်ပသို့တင်ပို့ရန်အတွက်ပါ အလျှံထုတ်လုပ်ရမည် ဖြစ်သည်။ မြန်မာနိုင်ငံနှင့်အနီးစပ်ဆုံး အိမ်နီးချင်း ထိုင်း၊ တရုတ်၊ အိန္ဒိယနိုင်ငံ ထုတ်ကုန်ပစ္စည်းများ၏ အရည်အသွေးနှင့် အဆင့်အတန်းမှာ မြင့်မားသောကြောင့် မြန်မာနိုင်ငံအနေဖြင့် လူသုံးကုန်ပစ္စည်း အသေးအမွှားမှအစ ကြီးကြီးမားမားအထိ ၎င်းနိုင်ငံများမှ ဝယ်ယူအသုံးပြုလျက်ရှိသည်။
Nov 19, 2022
ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းခံထိုက်သည့် ပုဂ္ဂိုလ်များမှာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြသည့် နိုင်ငံခြားတိုင်းပြည်များမှ
Nov 18, 2022
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး၊ တိုင်းရင်းသားလူမျိုးအပေါင်းတို့၏ ဓလေ့ထုံးတမ်းအစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေး မှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဟူသည့် လူမှုရေး ဦးတည်ချက်သုံးရပ်ကို လက်တွေ့အကောင်အထည်ဖော်လျက်ရှိသည်။
Nov 18, 2022
အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ၉၉ ရာခိုင်နှုန်း အဖြစ်တည်ရှိနေရာ နိုင်ငံ့စီးပွားရေး၏ အဓိကမောင်းနှင်အားဖြစ်သည်။ သေး၊ ငယ်၊ လတ် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှာဖြစ်သည့်အလျောက် နိုင်ငံတော်ကအလေးအနက်ထားဆောင်ရွက်လျက်ရှိသည်။