Skip to main content
Jan 31, 2024
နိုင်ငံတစ်နိုင်ငံတွင် မည်သည့်အခြေအနေတွင် ရှိနေသည်ဖြစ်စေ မဖြစ်မနေဆောင်ရွက်နေရမည့်ကိစ္စသည် စီးပွားရေးဖြစ်သည်။ စီးပွားရေးကောင်းမွန်ပါမှ နိုင်ငံရေး၊ လုံခြုံရေး၊ လူမှုရေးစသည်ဖြင့် အစစအရာရာ ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ ဒီမိုကရေစီလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရာ၌ အစိုးရတစ်ရပ်နှင့်တစ်ရပ် အကောင်အထည်ဖော်မှုများ မတူညီသဖြင့် လိုအပ်ချက်များ ရှိမည်ဖြစ်သည်။
Jan 31, 2024
၂၀၂၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများတွင် ဆန္ဒပြုမှုများမှသည် သွေးထိုးလှုံ့ဆော်မှုများကြောင့် ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်ဖျက်ဆီးမှု စသည်ဖြင့် အဆင့်ဆင့်ပြောင်းလဲသွားခဲ့ပြီး နိုင်ငံရေးလမ်းကြောင်းပေါ်မှသည် အကြမ်းဖက်လက်နက်ကိုင်ဆန့်ကျင်သည့် လမ်းကြောင်းဆီသို့ ရောက်ရှိသွားခဲ့သည်ကို လွန်ခဲ့သည့်နှစ်များအတွင်း ပြည်သူအားလုံး တွေ့ရှိခဲ့ကြပြီးဖြစ်သည်။ PDF အပါအဝင် အဆိုပါကာလအတွင်း ပေါ်ပေါက်လာသည့် အမည်အမျိုးမျိုး ခံယူထားကြသည့် လက်နက်ကိုင်အဖွဲ့အစည်းများ၊ အုပ်စုများမှာ ၎င်းတို့လက်တွေ့ ပြုကျင့်ခဲ့သည့် လုပ်ရပ်များအရ အကြမ်းဖက်အဖွဲ့များဖြစ်ကြသည် ကိုလည်း တွေ့ရှိနိုင်သည်။
Jan 30, 2024
ယနေ့ကမ္ဘာကြီးတွင် ဒစ်ဂျစ်တယ်နည်းပညာဖြင့် အရာအားလုံးကို လွှမ်းခြုံလည်ပတ်နေပြီဖြစ်သည်။ သိပ္ပံနှင့်နည်းပညာ တိုးတက်မြင့်မားလာသည်နှင့်အမျှ နယ်ပယ်ကဏ္ဍအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကိုအသုံးပြုပြီး ထိရောက်စွာအသုံးချနေသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ စစ်ရေး စသည့်မျက်နှာစာအသီးသီးတွင် ဒစ်ဂျစ်တယ်နည်းပညာကို ထိရောက်စွာအသုံးချနိုင်သည့်နိုင်ငံများသည် တိုးတက်အောင်မြင်ပြီး ရှေ့တန်းသို့ ရောက်လာကြသည်ကို တွေ့ရသည်။
Jan 30, 2024
မိမိတို့နိုင်ငံတွင် အလုပ်လုပ်နိုင်သည့် အသက်အရွယ်ရှိ လူဦးရေ အချိုးအစားများပြားခြင်းကြောင့် လူဦးရေဆုလာဘ်ရရှိထားသည်ဟုပင် တင်စားထားသည်။ သို့ရာတွင် ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ အသက် ၁၅ နှစ်အထက် လူဦးရေ၊ တစ်နည်းအားဖြင့် အလုပ်လုပ်နိုင်သူ ၂၂ ဒသမ ၉ သန်းအနက် ထက်ဝက်ခန့်သာလျှင် အလယ်တန်းအဆင့် ပညာတတ်မြောက်မှုအဆင့်၌သာ ရှိနေသည်။
Jan 28, 2024
ပြည်သူများလိုလားသည့် နိုင်ငံရေးစနစ်မှာ ဒီမိုကရေစီစနစ်ဖြစ်သည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိသည်မှစ၍ ပါလီမန်ဒီမိုကရေစီစနစ်ကို အကောင်အထည် ဖော်ခဲ့သော်လည်း အောင်မြင်မှုမရှိချေ။ ဆိုရှယ်လစ်ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သော်လည်း ပျက်သုဉ်းခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်သောအခါ ပဋိပက္ခပြဿနာမျိုးစုံနှင့်ကြုံတွေ့ခဲ့ရသည်။ သို့ဆိုလျှင် နိုင်ငံရေးစနစ်ကြောင့်လား၊ လူကြောင့်လား သုံးသပ်ကြည့်နိုင်ပေသည်။
Jan 28, 2024
၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်အထိ ၃၃ ရက်တိုင်တိုင် ကျင်းပခဲ့သည့် (၇၆) ကြိမ်မြောက် တိပိဋကဓရ တိပိဋကကောဝိဒရွေးချယ်ရေးစာမေးပွဲကြီးမှ ၁၆ ပါးမြောက် တိပိဋကဓရ တိပိဋကကောဝိဒ သာသနာ့အာဇာနည် ဆရာတော်ပေါ်ထွန်းတော်မူခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံ လွတ်လပ် ရေးရသည့် ၁၉၄၈ ခုနှစ်က စတင်ကျင်းပခဲ့ပြီး ယခု ၂၀၂၄ ခုနှစ် အထိ တိပိဋကဓရ တိပိဋကကောဝိဒဆရာတော် ၁၆ ပါးမျှသာ ပေါ်ထွန်းနိုင်သည်ကို ထောက်ရှုခြင်းအားဖြင့် အဆိုပါစာမေးပွဲကြီး၏ ခက်ခဲနက်နဲအဆင့်မြင့်မားပုံတို့ကို သိရှိနိုင်မည်ဖြစ်သည်။
Jan 28, 2024
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၌ ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအပြောင်းအလဲများကို အကြောင်းပြု၍ ပဋိပက္ခများဖြစ်ပေါ်လာသည်။ ပဋိပက္ခဖြစ်စဉ်များ၏အခြေခံမှာ ဆူပူဆန္ဒပြမှုအဆင့်မှ အကြမ်းဖက်မှုဖြစ်စဉ်အထိ ဖြစ်ပေါ်လာခဲ့သည်။ ထိုမှတစ်ဆင့် ပွဲလန့်တုန်းဖျာခင်းလိုသည့်၊ တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပြိုကွဲပျက်စီးစေလိုသည့်၊ နိုင်ငံရေးအမြတ်ထုတ်လိုသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က ဆူပူအကြမ်းဖက်သည့်လူငယ်များကို အကြမ်းဖက်လမ်းစဉ်ပေါ်သို့ တွန်းပို့ပေးခဲ့သည်။
Jan 28, 2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကယားပြည်နယ်တို့ရှိ မြို့နယ်များ၊ ဒေသများတွင် အကြမ်းဖက်လက်နက်ကိုင်တိုက်ခိုက်မှုများ ဖြစ်ပေါ်နေစဉ် ရှမ်းပြည်နယ် (တောင်ပိုင်း) တွင် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအပါအဝင် အခြားမြို့၊ ရွာများမှာ တည်ငြိမ်အေးချမ်းမှုကို ထိန်းသိမ်းလျက် အခြေမပျက်နေထိုင်နိုင်ခဲ့ကြသည်။ နယ်မြေများမှာ ဆက်စပ်နေသည့်အလျောက် အကြမ်းဖက်တိုက်ခိုက်မှုများမှ တိမ်းရှောင်လာသည့် ယာယီနေရပ်စွန့်ခွာ တိုင်းရင်းသားညီအစ်ကိုမောင်နှမများအား စာနာစိတ်ဖြင့် ကူညီစောင့်ရှောက်မှုများ ဝတ္တရားမပျက်ပြုလုပ်ပေးလျက်ရှိရာ ဆီဆိုင်၊ ပင်လောင်းစသည့် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းရှိ မြို့များတွင် ကယားပြည်နယ်မှ ယာယီနေရပ်စွန့်ခွာပြည်သူများ ထောင်နှင့်ချီ၍ ခိုလှုံနေထိုင်နေကြရသည်။
Jan 27, 2024
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ နိုင်ငံ့တာဝန်ယူထားစဉ် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေး”နှင့် “တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” ဦးတည်ချက်၊ ရည်မှန်းချက်များကို ချမှတ်အကောင်အထည်ဖော်လျက်ရှိသည်။ ထိုလုပ်ငန်းစဉ်များ အကောင်အထည်ပေါ်လာရန်အတွက် “တိုးတက်ကောင်းမွန်လာသည့် စီးပွားရေးမောင်းနှင်အားကို မဏ္ဍိုင်ပြု၍ MSME စက်မှုလုပ်ငန်းများကို အားပေးဆောင်ရွက်ကာ ပို့ကုန်ကဏ္ဍမြှင့်တင်ရေး”ကို အလေးထားဆောင်ရွက်လျက်ရှိသည်။
Jan 27, 2024
မကြာမီ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အခါသမယ ကျရောက်လာတော့မည်ဖြစ်သည်။ တောင်ပေါ်မြေပြန့် တစ်စည်းတစ်လုံး၊ တညီတညွတ်တည်းစိတ်ဓာတ်ဖြင့် လွတ်လပ်ရေးကို အရယူနိုင်ခဲ့သော်ငြား ဘိုးဘွားတို့၏ ထိုစိတ်ဓာတ်ကို အနာဂတ်သို့ ပခုံးပြောင်းသယ်ဆောင်ရာတွင်မူ ပေါင်းစည်းမှုအားတို့ လျော့ပါးခဲ့သည်။ နိုင်ငံလွတ်လပ်ရေးရပြီးနောက် ၇၆ နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်သည့် ယနေ့ကာလတွင်မူ မိမိတို့နိုင်ငံသည် ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန်အရေးထက် နိုင်ငံမပြိုကွဲ၊ မပျက်စီးစေရန်ပင် စိုးရိမ်ပူပန်ရသည့်အခြေသို့ ရောက်ရှိနေပြီဖြစ်သည်။