Skip to main content
Aug 19, 2022
ပါတီစုံဒီမိုကရေစီသည်လည်းကောင်း၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးသည်လည်းကောင်း တပ်မတော်ကအာမခံပေးထားပြီး တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးနှင့်တကွ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများပါ လိုလားကြသည့် နိုင်ငံရေးရည်မှန်းချက်များပင်ဖြစ်သည်။ ဆယ်စုနှစ်ပေါင်းများစွာ လက်နက်စွဲကိုင်တိုက်ခိုက်ခဲ့ကြသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အဓိကတောင်းဆိုခဲ့ကြသည့် လိုလားချက်များလည်းဖြစ်သည်။
Aug 15, 2022
ကမ္ဘာကြီးပေါ်၌ ဒေသအလိုက်ဖြစ်တည်နေသော ရာသီဥတုမှာ ပုံမှန်မဟုတ်တော့ဘဲ ပြောင်းလဲနေသည်ကို တွေ့ရမည်ဖြစ်သည်။ အအေးပိုင်းဒေသတွင် အပူလွန်ကဲပြီး အပူပိုင်းဒေသတွင် အအေးပိုနေသည်။ မိုးရာသီကာလတွင် ပုံမှန်မဟုတ်သည့် မိုးသည်းထန်မှုများနှင့် မိုးခေါင်နေသည့်ဒေသများကို ကြုံတွေ့နေပြီး ရာသီဥတု ပြောင်းလဲမှုကြောင့် နောက်ဆက်တွဲသဘာဝဘေးအန္တရာယ်များကို ပြည်သူများ ခံစားနေကြရသည်။
Aug 15, 2022
၂၀၂၂ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို မကြာမီအချိန်ကာလတွင် ခမ်းခမ်းနားနား စည်ကားသိုက်မြိုက်စွာ ကျင်းပသွားနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်မှုများ ပြုလုပ်နေပြီဖြစ်သည်။ မြန်မာ့ရိုးရာ ယဉ်ကျေးမှုအမွေအနှစ်များ အရှည်တည်တံ့အောင် ထိန်းသိမ်းနိုင်ရေးနှင့် မျိုးဆက်သစ် လူငယ်များသို့ လက်ဆင့်ကမ်းနိုင်ရေးအတွက် အရေးပါလှသည့် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲကြီး ပြန်လည်ပေါ်ပေါက်လာခြင်းက ဝမ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။ အဆို၊ အက၊ ဂီတအနုသုခုမ ပညာရပ်များသည် ဒြပ်မဲ့ယဉ်ကျေးမှုများဖြစ်သည့်အလျောက် မေ့မေ့ပျောက်ပျောက် လျစ်လျူရှုထားလိုက်ပါက မကြာမီမှာပင် ပျောက်ကွယ်သွားလိမ့်မည်ဖြစ်သည်။
Aug 14, 2022
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ကျပ်ဘီလီယံ ၄၀၀ ကို နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ပြီး နိုင်ငံ့စီးပွားရေးမြှင့်တင်နိုင်ရေး အသုံးပြုနိုင်ရန် စီမံဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ရည်ရွယ်ချက်အတိုင်း နိုင်ငံ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့်ဒေသအလိုက် ပြည်သူတို့၏ လူမှုစီးပွားဘဝနှင့်စီးပွားရေးမြင့်တက်လာရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သြဂုတ်လ ၁၂ ရက်နေ့တွင် ပြောကြားခဲ့သည်။
Aug 14, 2022
ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးအိုမီခရွန်၏ မျိုးကွဲများဖြစ်သည့် BA.2.75၊ BA.2.76၊ BA.4၊ BA.5 တို့ ကူးစက်မှုများကို ပြည်ပမှ မြန်မာနိုင်ငံသို့ ပြန်လည်‌ရောက်ရှိလာသူများနှင့် ပြည်တွင်းကူးစက်မှုများအနေဖြင့်ပါ တွေ့ရှိလာရပြီဖြစ်သည်။ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးမှာ မျိုးရိုးဗီဇပြောင်းလဲမှုများပြားပြီး ထပ်မံထွက်ပေါ်လာသည့် မျိုးကွဲသစ်များက ပို၍ပို၍ ကူးစက်မှုနှုန်းလျင်မြန်လာသည်။ BA.4 နှင့် BA.5 တို့၏ ကူးစက်မှုနှုန်း လွန်စွာမြင့်မားမှုကြောင့် အိန္ဒိယ၊ ဥရောပနှင့် အာဖရိကတို့တွင် နောက်ထပ်ကူးစက်မှုလှိုင်း ထပ်မံဖြစ်ပေါ်ပြီး ရောဂါဖြစ်ပွားမှုနှုန်း ပြန်လည်မြင့်တက်လျက်ရှိကြောင်း သတင်းများတွင် တွေ့ရသည်။
Aug 10, 2022
“ရွေးကောက်ပွဲဟာ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာနဲ့သက်ဆိုင်တဲ့ အမျိုးသားရေး တာဝန်တစ်ရပ် ဖြစ်ပါတယ်။ လွတ်လပ်ပြီးတရားမျှတမှသာ ပြည်သူတွေလိုလားတောင့်တတဲ့ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မြဲစေပြီး နိုင်ငံရဲ့နိုင်ငံရေးသမိုင်းနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း ဂုဏ်သိက္ခာမြင့်မားစေမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကို ကျူးလွန်ခြင်း၊ နည်းမျိုးစုံနဲ့ မသမာမှုလုပ်ဆောင်ခြင်း စတာတွေ ပေါ်ပေါက်လာတယ်ဆိုရင်တော့ နိုင်ငံရဲ့ပုံရိပ်ကျဆင်းစေပြီး နိုင်ငံရဲ့ဒီမိုကရေစီခရီးလမ်းဟာလည်း အနုတ်လက္ခဏာဆောင်မှာဖြစ်ပါတယ်”ဟု နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ၁ နှစ်နှင့် ၆ လပြည့်နေ့တွင် ပြောကြားခဲ့သည်။
Aug 10, 2022
ဘင်္ဂလားပင်လယ်အော်အတွင်းဖြစ်ပေါ်သည့် မုန်တိုင်းအများစုက အိန္ဒိယနိုင်ငံအရှေ့ဘက်ကမ်း သို့မဟုတ် ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်း စသည့်ဒေသများသို့ ဝင်ရောက်သွားလေ့ရှိကြပြီး မုန်တိုင်း၏အရှိန်ကြောင့် မြန်မာနိုင်ငံ ဒေသအချို့တွင် မိုးရွာသွန်းလေ့ရှိသဖြင့် မိုးရေလိုနေသည့် လယ်ကွင်းများမှ တောင်သူတို့က မုန်တိုင်းမိုးကို မျှော်လေ့ရှိကြသည်။ ပုံမှန်မဟုတ်သော မိုးရွာသွန်းမှုများတွင် မိုးရေချိန်များစွာပါလေ့ရှိသဖြင့် တစ်ခါတစ်ရံတွင် ရုတ်တရက် ရေကြီးရေလျှံခြင်း၊ တောင်ကျရေကျဆင်းပြီး မြေပြိုခြင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်များလည်း ဖြစ်ပေါ်နိုင်သည်ကို သတိပြုကြရန်လိုသည်။
Aug 09, 2022
မြန်မာနိုင်ငံသည် လွတ်လပ်၍ တက်ကြွပြီးဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကိုကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး “မူ” ကို လိုက်နာကျင့်သုံးလျက်ရှိသည်။ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံဖြစ်သည်နှင့်အညီ အာဆီယံမူ၊ အာဆီယံစိတ်ဓာတ်၊ အာဆီယံရည်မှန်းချက်၊ အာဆီယံပဋိညာဉ်စာတမ်းများနှင့်အညီ လိုက်နာပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
Aug 09, 2022
မြန်မာနိုင်ငံသားတို့၏ ဆန်နှင့် ဆီစားသုံးမှုမှာ မြင့်မားလှသည်။ တစ်ဦးချင်းဆန်စားသုံးမှုအရ ကမ္ဘာပေါ်တွင် အမြင့်မားဆုံးဟု ပင်ဆိုသည်၊၊ မြန်မာလူမျိုးတစ်ဦး တစ်နှစ်လျှင် ဆန်စားသုံးမှု ပျမ်းမျှ ၁၅၅ ကီလိုဂရမ်ရှိသည်ဟူသော စစ်တမ်းရှိသကဲ့သို့ မြန်မာလူမျိုးတစ်ဦး တစ်နှစ်လျှင် ဆန်စားသုံးမှု ပျမ်းမျှ ၁၉၀ ကီလိုဂရမ်မှ ၂၁၀ ကီလိုဂရမ်အထိရှိသည်ဟူသော ခန့်မှန်းချက်ကိုလည်း တွေ့ရသည်။ မည်သို့ပင်ဆိုစေ စစ်တမ်းတို့၏ ကောက်ယူတွေ့ရှိချက်အရ မြန်မာတို့ဆန်စားနှုန်းမြင့်မားသည်ဟူ၍ပင် ဖြစ်သည်။
Aug 05, 2022
ပညာတတ်ပေါများသောနိုင်ငံသည် ဧကန်မုချဖွံ့ဖြိုးတိုးတက်နေပြီး ပညာတတ်နည်းပါးပါက နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေမည်ဖြစ်သည်ကို ကမ္ဘာပေါ်ရှိနိုင်ငံများကို လေ့လာကြည့်လျှင် သိရှိနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပညာရေးကို အထူးဦးစားပေးဆောင်ရွက်နေသော်လည်း အကြောင်းအမျိုးမျိုးဖြင့် ပညာတတ်ပေါများရေးတွင် အားနည်းနေသည်ကို တွေ့ရမည်ဖြစ်သည်။ နိုင်ငံ၏လူဦးရေတစ်ဝက်ခန့်သည် အခြေခံပညာအလယ်တန်းအဆင့်နှင့်အောက်တွင်သာ ရှိနေသည်ကို စိတ်မကောင်းဖွယ်တွေ့ရသည်။