Jul 07, 2022
ဒုတိယကမ္ဘာစစ်ပြီးကာလ ကိုလိုနီအင်ပါယာကြီးများ တစ်ခုပြီးတစ်ခု လဲပြိုသွားကြခြင်းနှင့်အတူ တစ်ချိန်ကနယ်ချဲ့တို့၏ လက်အောက်ခံနိုင်ငံများတွင် အမျိုးသားရေးစိတ်ဓာတ်များ မြင့်မားစွာလွှင့်ထူ၍ လွတ်လပ်သောနိုင်ငံများအဖြစ် ထူထောင်နိုင်ရန် ရုန်းကန်အုံကြွလာခဲ့ကြသည်။ မြန်မာနိုင်ငံတွင်လည်း အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ရိုးသားဖြောင့်မတ်ပွင့်လင်းစွာ စည်းရုံးဆော်ဩမှုဖြင့် တောင်ပေါ်မြေပြန့် တိုင်းရင်းသားများအကြား စည်းလုံးညီညွတ်မှု အမြင့်မားဆုံးတွင်ရှိခဲ့ကာ လွတ်လပ်ရေးကိုရယူရန် အသင့်ရှိနေခဲ့ကြသည်။
Jul 06, 2022
နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ပြောင်းလဲလာရေးအတွက် အစိုးရတစ်ရပ်တည်းကဆောင်ရွက်နေရုံဖြင့် ရည်မှန်းချက်သို့ ဆောလျင်စွာမရောက်နိုင်ပေ။ ဝန်ထမ်းများ၊ အဖွဲ့အစည်းများ၊ ပြည်သူလူထုအားလုံးတို့က တက်ညီလက်ညီ ပူးပေါင်းပါဝင်ဆောင်ရွက်မှသာ အောင်မြင်မှုရနိုင်ပေမည်။ နိုင်ငံဖွံ့ဖြိုးတိုးတက်လာရေးအတွက် တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သော အရေးပါသည့်ကိစ္စရပ်များအား ခြုံငုံသိရှိနားလည်နိုင်ရန် အသိပညာ၊ အတတ်ပညာမြင့်မားပြီး အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသည့် လူဦးရေရာခိုင်နှုန်းများပြားလာရေး လိုအပ်သည်။
Jul 06, 2022
မြန်မာနိုင်ငံ၏ တည်ရှိနေသည့် ပထဝီအနေအထားနှင့်မြေမျက်နှာ သွင်ပြင်တို့အရ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်ခြေ မြင့်မားသည့် နိုင်ငံများထဲတွင်ပါဝင်သည်။ သဘာဝဘေးအန္တရာယ်များအနက် မုန်တိုင်းနှင့်မြေငလျင်တို့မှာ မြန်မာနိုင်ငံအတွက် အဓိကကျသော သဘာဝဘေးအန္တရာယ်များပင်ဖြစ်သည်။ မုန်တိုင်းကဲ့သို့သော သဘာဝဘေးအန္တရာယ်ကို ကြိုတင်ခန့်မှန်းသိရှိနိုင်ပြီး ထိခိုက်ဆုံးရှုံးမှုနည်းအောင် ပြင်ဆင်တိမ်းရှောင်နိုင်သော်လည်း မြေငလျင်မှာမူ ကြိုတင်ခန့်မှန်းတွက်ချက်နိုင်ခြင်းမရှိသည့်အတွက် ငလျင်၏ သဘောသဘာဝကို သိနားလည်ရန်နှင့် ငလျင်ဖြစ်ပေါ်လာပါက ဘေးအန္တရာယ်မှလွတ်မြောက်အောင် တိမ်းရှောင်တတ်ရန် လေ့လာပြင်ဆင်ကြရမည်ဖြစ်သည်။
Jul 04, 2022
ကိုဗစ်-၁၉ ရောဂါ တစ်ကိုယ်ရေကာကွယ်ရေး စည်းမျဉ်း စည်းကမ်းများမှ ပါးစပ်နှင့် နှာခေါင်းစည်း တပ်ဆင်ခြင်းအား ဖြေလျှော့ခြင်းနှင့်ပတ်သက်သည့် အများပြည်သူသို့ အသိပေးသော သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ကျန်းမာရေးဝန်ကြီးဌာနက ဇွန်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့ပါသည်။ ယင်းနှင့်ပတ်သက်၍ ပြည်သူများအနေဖြင့် Mask တပ်စရာမလိုတော့ဟု အတွေးမမှားဖို့ လိုအပ်ပါသည်။
Jul 04, 2022
လန်ချန်း သို့မဟုတ် မဲခေါင်သည် အာရှတိုက်၏ အထင်ကရ မြစ်တစ်စင်းဖြစ်ပြီး နိုင်ငံခြောက်နိုင်ငံကို ဖြတ်သန်းစီးဆင်းသည့် နိုင်ငံဖြတ်ကျော် မြစ်ကြီးလည်းဖြစ်သည်။
Jul 02, 2022
မြန်မာနိုင်ငံတွင် အကြမ်းဖက် အဖွဲ့များဖြစ်သည့် CRPH နှင့် NUG နိုင်ငံရေး အစွန်းရောက်သမားများ၏ သွေးထိုးလှုံ့ဆော် ထောက်ပံ့ မြှောက်ပင့်ပေးမှုများကြောင့် ပြည်တွင်းမှ PDF အမည်ခံ အကြမ်းဖက်သမားများက တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် လူငယ်လူရွယ်များ၏ အနာဂတ်အား ဖျက်ဆီးနေကြသည်ကို တွေ့ကြရမည် ဖြစ်သည်။ ယခုရက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများ၏ ဆင်ခြင်တုံတရားမဲ့စွာဖြင့် တိုက်ခိုက် နှောင့်ယှက်မှုကြောင့် အပြစ်မဲ့ပြည်သူများ စိုးရိမ်ထိတ်လန့် ဖြစ်ကြပြီး ထိခိုက်သေဆုံးမှုများလည်း ရှိခဲ့သည်ကို တွေ့ရသည်။
Jul 02, 2022
မြန်မာနိုင်ငံလူဦးရေ၏ ထက်ဝက်ကျော်မှာ အမျိုးသမီးများ ဖြစ်သည်။ ၂၀၁၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကို အခြေခံပြီး ခန့်မှန်းတွက်ချက်မှုအရ ၂၀၂၁ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ခန့်မှန်းလူဦးရေ စုစုပေါင်း ၅၅ ဒသမ ၁ သန်းခန့်ရှိပြီး အမျိုးသားဦးရေ၂၆ ဒသမ ၄ သန်းခန့်နှင့် အမျိုးသမီးဦးရေ ၂၈ ဒသမ ၇ သန်းခန့်ရှိသည်ဟု ခန့်မှန်းထားရာ အမျိုးသမီးဦးရေက နိုင်ငံ့လူဦးရေ၏ ၅၂ ဒသမ ၁၃ ရာခိုင်နှုန်း ရှိနေသည်။
Jul 01, 2022
မြန်မာနိုင်ငံသို့ သမဝါယမစနစ်ရောက်ရှိခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ ခန့်ရှိပြီဖြစ်သည်။ မြန်မာ့သမဝါယမ၏ အစသည် ၁၉၀၅ ခုနှစ် မြင်းမူ ငွေစုငွေချေးသမဝါယမဖြစ်ရာ တိတိကျကျဆိုရလျှင် ၁၁၇ နှစ် ရှိပြီဖြစ်သည်။ သမဝါယမ လူ့အဖွဲ့အစည်းများ၏ အနှစ်သာရမှာ အများအတွက်တစ်ယောက်၊ တစ်ယောက်အတွက်အများ၊ စုပေါင်းဆောင်ရွက်၊ မျှဝေခံစားခြင်းဖြစ်ရာ မူလမြန်မာလူမျိုးတို့၏ ရိုးရာဓလေ့စရိုက်တို့နှင့်လည်း ကိုက်ညီသည်။ သို့ရာတွင် သမဝါယမဟုဆိုသည်နှင့် တစ်ခေတ်တစ်ခါက ရပ်ကွက်/ကျေးရွာ စားသုံးသူ သမဝါယမအသင်းများ၏ အသင်းသား ပြည်သူလူထု အကျိုးစီးပွားကို အပြည့်အဝ မဖော်ဆောင်နိုင်ခဲ့သည့်ပုံရိပ်များ အပါအဝင် မကောင်းသည့်၊ မအောင်မြင်သည့် ပုံရိပ်များစွာတို့က စွဲထင်နေဆဲဖြစ်သည်။
Jun 30, 2022
မြန်မာနိုင်ငံတွင် မြောက်မှတောင်သို့ သွယ်တန်းစီးဆင်းနေသည့် တောင်ကုန်း တောင်တန်းများနှင့် မြစ်ကြီးလေးသွယ် တည်ထွန်းနေမှု ပထဝီဝင်ဘူမိသက်တမ်းအနေအထားအရ မြန်မာနိုင်ငံသည် ကမ္ဘာကြီးဖြစ်တည်ပြီးနောက် ရှေးနှစ်ပေါင်း နှစ်သန်းချီကာလကတည်းက အခိုင်အမာတည်ရှိနေသည်ကို လေ့လာတွေ့ရှိထားကြသည်။ ပထဝီအနေအထားတည်ရှိမှုနှင့်အတူ သက်ရှိလူသားများနှင့် ယဉ်ကျေးမှုအဆင့်အတန်း အဆင့်ဆင့်ပြောင်းလဲတိုးတက်လာသည့် အထောက်အထားများ တွေ့ရှိထားသည်။
Jun 30, 2022
လွန်ခဲ့သည့် တစ်နှစ်ခန့်ကာလ တပ်မတော်ဦးဆောင်သည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဒီမိုကရေစီ တည့်မတ်ထိန်းသိမ်းမှုကို ဆန့်ကျင်ကာ လမ်းပေါ်ထွက် ဆန္ဒပြမှုများမှသည် အဓိကရုဏ်းအဆင့်၊ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ထိပ်တိုက်ရင်ဆိုင်မှုအဆင့်နှင့် နောက်ဆုံးတွင် လူစုလူဝေးဖြင့် မီးရှို့ဖျက်ဆီးမှု၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊ လက်နက်ကိုင်အဖွဲ့အစည်းများ ထူထောင်ကာ လုံခြုံရေးတပ်ဖွဲ့ဝင်များကိုသာမက အပြစ်မဲ့ပြည်သူများကိုပါ လုပ်ကြံသတ်ဖြတ်မှုများအထိ နိုင်ငံတစ်ဝန်းရှိ မြို့ပြဒေသအချို့တို့တွင် ဖြစ်ပေါ်ခဲ့သမျှ အနိဋ္ဌာရုံများ၏ နောက်ကွယ် ၌ CRPH၊ NUG အကြမ်းဖက်အဖွဲ့တို့ ရှိနေသည်။
