မြန်မာနိုင်ငံ၏ လူဦးရေသည် နှစ်စဉ် တိုးတက်လျက် ရှိသည်။ လူဦးရေ တိုးလာသော်လည်း စားနပ်ရိက္ခာ အတွက် ပူပန်ဖွယ်မရှိပေ။ မြန်မာနိုင်ငံသည် ဆန်စပါးကို အဓိကစိုက်ပျိုးပြီး စားသုံးသည့်နိုင်ငံ ဖြစ်သည်။ နိုင်ငံသားများသည် တစ်နှစ်လျှင် ဆန်စားသုံးမှု ၁၅၅ ကီလိုဂရမ်(၉၇ ပြည်ခန့်) စားသုံးမှုရှိသဖြင့် မြန်မာနိုင်ငံ၏ ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အထွက်နှုန်းနှင့် လုံလောက်မှု ရှိသည်။
လာမည့်စက်တင်ဘာလ ၇ ရက်နေ့သည် တတိယအကြိမ်မြောက် “အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့” ဖြစ်သည်။ လေထု ညစ်ညမ်းမှုဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းများနှင့် ဆိုးကျိုးများ၊ လေထုညစ်ညမ်းမှု လျှော့ချရေးနည်းလမ်းများကို ပြည်သူလူထုအတွင်း ပိုမိုသိရှိ နားလည်လာစေရန် ရည်ရွယ်၍ ၂၀၁၉ ခုနစ် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက် (၇၄/၂၁၂) အရ နှစ်စဉ် စက်တင်ဘာလ (၇) ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ သန့်ရှင်းသော လေထုနေ့ (International Day of Clean
