Jan 23, 2020
နေပြည်တော် ဇန်နဝါရီ ၂၃
ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (၂၉)နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်၊ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင်၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ကြီးဌာနအောက်ရှိဌာနများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။
Jan 23, 2020
မော်လမြိုင် ဇန်နဝါရီ ၂၃
မွန်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာရုံးများနှင့် လွှတ်တော်ကိုယ်စားလှယ်များပူးပေါင်း၍ ၂၀၁၉ ခုနှစ် သစ္စာစီမံချက်ဖြင့် မွန်ပြည်နယ်အတွင်း နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောက်ရွက်ပေးခဲ့ပြီးသော နိုင်ငံသား(၁၆၅၉၆၅)ဦးအနက် အခြေခံပညာ ကျောင်းသား၊ ကျောင်းသူ များနှင့် ရပ်ကွက်၊ ကျေးရွာနေပြည်သူများ စုစုပေါင်း (၁၆၇၁၄)ဦးတို့ကို ထုတ်ပေးမည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် မော်လမြိုင်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
Jan 23, 2020
ပုသိမ် ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ထောက်ပံ့ရန်ပုံငွေဖြင့် ဝယ်ယူထားသည့် စက်ယန္တရားနှင့် ယာဉ် (၂၇) စီးကို သက်ဆိုင်ရာ မြို့နယ်/မြို့ စည်ပင်သာယာရေးကော်မတီများသို့ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီအချိန်က ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးလှမိုးအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်/မြို့စည်ပင်သာယာရေးကော်မတီများသို့ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ခွဲဝေချထားပေးမည့် စက်ယန္တရားနှင့် ယာဉ်စာရင်းကို ကြေညာခဲ့သည်။
Jan 23, 2020
ပုသိမ် ဇန်နဝါရီ ၂၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေးနှင့် ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေး (Penta-4)ပုံမှန် ဆေးထိုး/ဆေးတိုက်လုပ်ငန်း အသိပေးဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jan 22, 2020
တောင်ကြီး ဇန်နဝါရီ ၂၃
အမေရိကန်သံရုံးနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော Community Champions Follow- UPS, Soccer, Clinic ဘောလုံးသင်တန်းဖွင့်ပွဲကို ယမန်နေ့ ညနေ ၃ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့၊ သစ်ပင်ထောင်ရပ်ကွက်ရှိ အားကစားနှင့် ကာယပညာသိပ္ပံ(တောင်ကြီး)ကျောင်း၌ ကျင်းပသည်။
Jan 22, 2020
ရန်ကုန် ဇန်နဝါရီ ၂၂
ကမ္ဘာ့ထိပ်တန်းနည်းပညာ ဝန်ဆောင်မှုလုပ်ငန်းစု ကြီးဖြစ်သော NTT Ltd က အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရင်းနှီးမြှုပ်နှံ၍ စင်ကာပူ-မြန်မာ-အိန္ဒိယ (မွန်ဘိုင်းနှင့် ချန်နိုင်း) သုံးနိုင်ငံအကြား စွမ်းအားမြင့် ရေအောက်ကေဘယ်(MIST) ကို စတင်တည်ဆောက် နေပြီဖြစ်ကြောင်း ယနေ့ဆူးလေရှန်ဂီလာ၌ ကျင်းပ သော စာနယ်ဇင်းရှင်းလင်းပွဲမှ သိရသည်။
ရင်းနှီးမြှုပ်နှံ
Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၂
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် လာအိုပြည်သူ့တပ်မတော် လေတပ်ဦးစီးချုပ် Colonel Khamlek Sengphachanh အား ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံ တွေ့ဆုံသည်။
Jan 22, 2020
ရန်ကုန် ဇန်နဝါရီ ၂၂
နိုင်ငံတကာပြိုင်ပွဲများ ယှဉ်ပြိုင်ရန် ဖွဲ့စည်းထားသည့် မြန်မာ ယူ-၁၉ အသင်းသည် ကစားသမားများ အတွေ့အကြုံရစေရန် ပြည်တွင်းပြိုင်ပွဲဖြစ်သည့် ၂၀၂၀ ရာသီ MNL-2 (ပထမတန်း) အမှတ်ပေးပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ကစားသမား ၂၄ ဦးဖြင့် ဖွဲ့စည်းထားသည်။
Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၂
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၏ လျှပ်စစ်ကဏ္ဍနှင့် ပတ်သက်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပထမသုံးလပတ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)၊ ရတနာခန်းမ၌ ကျင်းပသည်။
Jan 22, 2020
ရန်ကုန် ဇန်နဝါရီ ၂၂
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယ ပညာဦးစီးဌာနမှ ဦးစီး၍ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီနှင့် မြန်မာနိုင်ငံအမျိုးသမီး အားကစားအဖွဲ့ချုပ်တို့ ပူးပေါင်းကျင်းပသော အားကစားသိပ္ပံပညာနှင့် အားကစားဆေးပညာဆိုင်ရာ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ရန်ကုန်မြို့ Novotel Hotel ၌ ကျင်းပသည်။
Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၂
လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးဖို့လူ့ဘဝအစရက်(၁၀၀၀)အတွင်း ပူးပေါင်း ဆောင်ရွက်ရန် အသိပညာပေး ဆက်သွယ် ရေး အထောက်ကူပြုနည်းလမ်းများ ဖော်ထုတ်နိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချ ထားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 22, 2020
လွိုင်ကော် ဇန်နဝါရီ ၂၂
ကယားပြည်နယ်အတွင်းရှိ ဆွစ်ဇာလန်နိုင်ငံမှ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် Humanitarian Mine Action ဆိုင်ရာ ကိစ္စရပ်များ၊ ဆွစ်ဇာလန် အစိုးရမှ အထောက်အပံ့များ ပေးအပ်လိုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိ သူတို့အား ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ရှိ ဆွစ်ဇာလန် သံရုံးမှ သံအမတ် Mr . Thierry Umbehr နှင့် အဖွဲ့တို့က လာရောက် တွေ့ဆုံသည်။
Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၂
စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံ ဗဟိုဘဏ်တို့ ပူးတွဲကျင်းပသည့် ချေးငွေအာမခံအဖွဲ့အစည်း ထူထောင်နိုင်ရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသို့ ငွေကြေးပံ့ပိုးပေးရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော်၊ M Gallery ဟိုတယ်၌ ကျင်းပရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးစိုးဝင်း တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားသည်။
Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၂
Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒေါက်တာမျိုးအောင်သည် ဒက္ခိဏသီရိမြို့နယ် ရွှေအင်ကြင်းရပ်ကွက်ရှိ ရွှေအင်ကြင်းဓမ္မာရုံ၌ ယနေ့ နံနက်(၉)နာရီတွင် ကျင်းပသည့် ရွှေအင်ကြင်းရပ်ကွက် ရပ်မိရပ်ဖများ၊ ဒေသခံ ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်သည်။
Jan 22, 2020
ပခုက္ကူ ဇန်နဝါရီ ၂၂
(၇၂)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ချင်းစာပေနှင့် ယဉ်ကျေးမှုကော်မတီ တက္ကသိုလ်များ-ပခုက္ကူ ဥက္ကဋ္ဌ ဖလား အမျိုးသား/အမျိုးသမီး ချစ်ကြည်ရေး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ပခုက္ကူမြို့၊ အမှတ် (၂၅၉) ခြေလျင်တပ်ရင်း၊ ဘောလုံးကွင်း၌ ကျင်းပသည်။
Jan 22, 2020
တောင်ကြီး ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်း ခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီ လုပ်ငန်း ညှိနှိုင်းအစည်းအဝေး အမှတ်စဉ်(၁/၂၀၂၀)ကို ယနေ့နံနက်(၉)နာရီခွဲက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Jan 22, 2020
ဘားအံ ဇန်နဝါရီ ၂၂
ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသော ဓမ္မာစရိယ၊ နိကာယ်၊ ပါဠိပထမပြန်စာအောင် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား စာအောင်ဆုနှင်းသဘင် ချီးမြှင့်ပူဇော်ခြင်းနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပူဇော်ပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ဇွဲကပင်ခန်းမတွင် ကျင်းပ ပြုလုပ်သည်။
Jan 22, 2020
လွိုင်ကော် ဇန်နဝါရီ ၂၂
အသက်(၁)နှစ်အောက် ကလေးများတွင် ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှောခြင်း၏ (၃၅) ရာခိုင်နှုန်းမှ (၆၀) ရာခိုင်နှုန်းသည် ရိုတာဗိုင်းရပ်(စ်)ကြောင့်ဖြစ်သည့်အတွက် ကာကွယ်ဆေးထိုး/ ဆေးတိုက်လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေရန်နှင့် ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး (Rotavirus Vaccine) ကို ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက်အစီအစဉ်တွင် စတင်ထည့်သွင်း တိုက်ကျွေးနိုင်ရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီခွဲက ကယားပြည်နယ် ၊ ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ကျင်းပသည်။
Jan 22, 2020
နေပြည်တော် ဇန်နဝါရီ ၂၂
