သတင်းများ

ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသဖြင့် ရေနီအထည်ချုပ်စက်ရုံအား ဒီဇင်ဘာလ ၂၉ ရက်မှစ၍ တစ်ပတ်ကြာ ယာယီပိတ်ထားမည်
Dec 29,2020
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရေနီမြို့ရှိ အထည်ချုပ်စက်ရုံတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ ရှိသူတစ်ဦးနှင့် ထိတွေ့သူ တရုတ်နိုင်ငံသူတစ်ဦးအပါအဝင် အမျိုးသမီး လေးဦးတို့တွင် ရောဂါ ကူးစက်ခံထားရ ကြောင်း စိစစ်တွေ့ရှိချက်များအရ အထည်ချုပ်စက်ရုံ အား ဒီဇင်ဘာလ ၂၉ ရက်နေ့မှ စ၍ တစ်ပတ်ကြာ ယာယီ ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ပုဗ္ဗသီရိမြို့နယ်အတွင်း၌ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် နည်းပညာအဆိုပြုလွှာစာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေး
Dec 29,2020
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီ ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အတွက် နည်းပညာအဆိုပြုလွှာ စာအိတ်(A)များ ဖွင့်ဖောက်စစ်ဆေးခြင်းကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ကျိုက်သလ္လံစေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းများအတွက် အလှူရှင်များမှ အလှူငွေများပေးအပ်လှူဒါန်း
Dec 29,2020
မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင် သွားတော်ဓာတ်နှင့် ဆံတော်ရှင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခြင်းနှင့် ဘက်စုံပြုပြင်မွမ်းမံခြင်း လုပ်ငန်းများအတွက် အလှူရှင်များမှ အလှူငွေများအား တတိယအကြိမ်ပေးအပ်လှူဒါန်းပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက အဆိုပါရင်ပြင်တော်ရှိ ပဋ္ဌာန်းဓမ္မာရုံတွင် ကျင်းပသည်။
ဆောမြို့နယ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လိုက်လံ နှိုးဆော်
Dec 29,2020
မီးလောင်ဆုံးရှုံးမှု မဖြစ်ပေါ်စေရန်နှင့် ပြည်သူများ အသက်အိုးအိမ်များ မဆုံးရှုံးစေရေးအတွက် မီးကိုစနစ်တကျ သုံးစွဲတတ်စေရန် ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် မီးသတ်ဦးစီးဌာနမှ ပြည်သူများ လိုက်နာရမည့် အချက်များကို ဒီဇင်ဘာလ ပထမပတ်မှစတင်ပြီး ရပ်ကွက် အသီးသီးတွင် မီးသတ်ယာဉ်ဖြင့် ရက်သတ္တပတ်လျှင် ၂ ရက် အသိပေး လိုက်လံနှိုးဆော် လျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် Facility Quarantine ဝင်ရောက်နေသူများအား ကိုဗစ်−၁၉ ရောဂါရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမှုနာများ ရယူ
Dec 29,2020
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် Facility Quarantine ဝင်ရောက် နေသူများအား ကိုဗစ်−၁၉ရောဂါ ရှိ/မရှိ သိရှိနိုင်ရေး ဓာတ်ခွဲနမှုနာများရယူခြင်းကို ယနေ့နံနက် (၉)နာရီ က သက်ဆိုင်ရာ Quarantine ထားရှိသည့်နေရာများတွင် ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ရှမ်းရွာသစ်မြို့ မဲသမူး-မဲသမူးခီးကျေးရွာချင်းဆက်မြေသားလမ်းပေါ်တွင် Box Culvert (၂)ခု တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်
Dec 29,2020
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်စေရန်နှင့် ဒေသ ဖွံ့ဖြိုး တိုးတက်စေရန်ရည်ရွယ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် နယ်စပ်ဒေသ နှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန (ပြည်နယ်)ရန်ပုံငွေ ခွင့်ပြုငွေကျပ် (၉.၂၇၀) သန်း ဖြင့် မဲသမူး-မဲသမူးခီးကျေးရွာကို ဆက်သွယ်ထားသော မြေသား လမ်းပေါ်တွင် အလျား(၅)ပေ၊ အနံ(၅)ပေ၊ အမြင့်(၂၆)လက်မရှိ Box Culvert (၂)ခုကို ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။
တောင်သာမြို့ ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူနာ(၁၅)ဦး ကျန်းမာရေးကောင်းမွန်လာသဖြင့် ဆေးရုံမှဆင်းခွင့်ပြု
Dec 29,2020
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာပြည်သူ့ဆေးရုံတွင် တက်ရောက်ဆေးကုသနေသည့် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၁၅)ဦး သတ်မှတ်ရက်ပြည့်၍ ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့နံနက်(၁၀)နာရီက ဆေးရုံဆင်းခွင့်ရရှိကြောင်း မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ဟိုပုံးမြို့နယ်အတွင်းရှိ Quarantine Center များတွင် ဆောင်ရွက်လျက်ရှိသော Volunteer များအတွက် ကျန်းမာရေးအထောက်ကူပစ္စည်းများပေးအပ်
Dec 29,2020
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ရှမ်းပြည်နယ် အစိုးရအဖွဲ့မှ ထောက်ပံ့သည့် Quarantine Center များတွင် ဆောင်ရွက်လျက်ရှိသော Volunteer များအတွက် ကျန်းမာရေးအထောက်ကူပစ္စည်းများ ပေးအပ်ခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။