သတင်းများ

ဇီးကုန်းမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သီခြားစောင့်ကြည့်နေရာများတွင် နေထိုင်သူ(၇၁)ဦး ၏ နှာခေါင်း/ အာခေါင်တို့ပတ်များ နမူနာယူစစ်ဆေးခြင်းဆောင်ရွက်
Dec 29,2020
ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ်ရှိ Facility Quarantine များတွင် သီးခြားခွဲထားသော ပြည်တွင်း၊ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ နှာခေါင်း၊ အာခေါင်တို့ပတ် နမူနာ ရယူ စစ်ဆေး ခြင်းကို ယနေ့ နံနက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စစ်ကိုင်းမြို့နယ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံ စိုက်ပျိုးတောင်သူများအား သဘာဝပိုးပြေးဆေး ပြုလုပ် သုံးစွဲနည်း လက်တွေ့သရုပ်ပြဆောင်ရွက်
Dec 29,2020
စစ်ကိုင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန အစီအစဉ်ဖြင့် တဲကြီးမြို့မ နည်းပညာပြန့်ပွားရေးစင်တာများမှ တာဝန်ခံများနှင့် စိုက်ပညာရှင် ဝန်ထမ်းများသည် ယမန်နေ့၊ မွန်းလွဲပိုင်းက ဆင်တပ်ကျေးရွာ တောင်သူ ဦးညွန့်ဝင်း၏ နေအိမ်အတွင်း မိုးသီးနှံ၊ ဆောင်းသီးနှံစိုက် တောင်သူများအား သဘာဝပိုးပြေး ဆေးပြုလုပ် သုံးစွဲနည်းများ လက်တွေ့သရုပ်ပြဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
နမ္မတူမြို့နယ်၌ (A)အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေး
Dec 29,2020
နမ္မတူမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် (A)အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက် (၉)နာရီခွဲ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ နမ္မတူရပ်ကွက်၌ ဆောင်ရွက်ခဲ့သည်။
နိုင်ငံတစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program - NCMP) ရှင်းလင်းဆွေးနွေးပွဲ ကျင်းပ
Dec 29,2020
မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉နာရီက နိုင်ငံ တစ်ဝန်း မှုခင်းစီမံခန့်ခွဲမှုအစီအစဉ် (National Case Management Program - NCMP) ရှင်းလင်း ဆွေးနွေးပွဲကျင်းပပြုလုပ်ကြောင်းသိရသည်။
သုံးခွမြို့နယ် လက်ပန်နန်းခလဲကျေးရွာသို့ မီးဘေးအန္တရာယ်ကင်းရှင်းရေး တစ်အိမ်တက် ဆင်း လိုက်လံစစ်ဆေးခြင်း၊ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်
Dec 29,2020
မီးဘေးအန္တရာယ်ကင်းရှင်း‌စေရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ရန်ကုန် တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးပြည့်ဖြိုးဟန်နှင့် တပ်ဖွဲ့ ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက လက်ပန် နန်းခလဲကျေးရွာ‌ ရှိနေအိမ်များတွင် မီးဘေး အန္တရာယ်ကင်းဝေးစေရေး လိုက်လံစစ်ဆေးခြင်း၊ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ မီငြှိမ်းသတ်ခြင်းတို့ကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့သည်။
သိမ်ဇရပ်မြို့ ပြည်သူ့ဈေးအား မီးဘေးအန္တရာယ်ကင်းရှင်းရေး စစ်ဆေး
Dec 29,2020
ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ ပြည်သူ့ဈေးတွင် ရောင်းချလျက်ရှိသည့် ဈေးဆိုင်ခန်းများ မီးဘေး အန္တရာယ်ကင်းရှင်းစေ ရေးအတွက် ယမန်နေ့ နံနက်(၁၀)နာရီတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်းရေးဆွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျွန်းစုမြို့တွင် ပြုလုပ်
Dec 29,2020
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် စီမံကိန်း ရေးဆွဲ အကောင်အထည် ဖော်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီ အချိန်က မြို့နယ် ကျွန်းရတနာခန်းမ၌ ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။