Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကန်ကြီးထောင့်မြို့နယ်အတွင်း ကျေးရွာ (၉)ရွာတွင် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်
Dec 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်း ကျေးရွာ (၉)ရွာတွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၈၂ ဒသမ ၇၈ သန်းဖြင့် ကျေးလက်ရေရရှိရေး လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့ ပဲခူးစုရပ်ကွက် မြူခဝါရုံကန် (ကျွဲလူးအိုင်)အား ပြည်သူများ အပန်းဖြေနေရာအဖြစ် ပြင်ဆင်မှုများဆောင်ရွက်
Dec 29,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီမှ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာအဖွဲ့မှ ပဲခူးစုရပ်ကွက်ရှိ မြူခဝါရုံကန် (ကျွဲလူးအိုင်)အား ပြည်သူများ အပန်းဖြေ အနားယူနိုင်ရန်အတွက် စက်ယန္တရားကြီး များဖြင့် ပြင်ဆင်မှုများလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း ယမန်နေ့ နံနက် ၁၀ နာရီက သန်လျင်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဟိုင်းကြီးကျွန်းမြို့၌ အပေါ့စား အရေးပေါ်မီးသတ်စက်ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးရွာအုပ်စု(၆)စုအား အပေါ့စား အရေးပေါ် မီးသတ်စက်နှင့်ဆက်စပ်ပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ အချိန်က ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
အသေးစားနှင့် အလတ်စား စက်ရုံအလုပ်ရုံ လုပ်ငန်းများအတွက် ရည်ရွယ်ကျင်းပသည့် ကုန်သည်စက်မှု အသင်းချုပ်၊ မြန်မာ့ကုန်ထုတ်စွမ်းအား တိုးမြှင့်ရေးဗဟိုဌာန (MPC) ၏ ဒုတိယအကြိမ်မြောက် အခမဲ့ Online Seminar သို့ စိတ်ပါဝင်စားသူများတက်ရောက်
Dec 29,2020
ကုန်သည်စက်မှုအသင်းချုပ်ရှိ မြန်မာ့ကုန်ထုတ် စွမ်းအားတိုးမြှင့်ရေးဗဟိုဌာန (MPC) ၏ ဒုတိယအကြိမ် မြောက် အခမဲ့ Online Seminar အားအသေးစားနှင့် အလတ်စားစက်ရုံ အလုပ်ရုံလုပ်ငန်းများအတွက် ရည်ရွယ်၍ “Business Continuity Planning for SME Factories” ခေါင်းစဉ်ဖြင့် ယမန်နေ့ နေ့လယ်(၂) နာရီမှ ညနေ (၄)နာရီအထိ ကျင်းပပြုလုပ် ခဲ့ရာ စိတ်ပါဝင်စားသူစုစုပေါင်း (၁၃၅) ဦး တက်ရောက်ခဲ့ သည်။
အပြည့်အစုံ ဖတ်ရန်
ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေ
Dec 29,2020
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့ဈေးများ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဈေးများအတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်း ရှိ/မရှိစစ်ဆေး၍ Mask တပ်ဆင်မှုမရှိသူ များကို mask များအား ယနေ့ နံနက်က အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
အိမ်မဲမြို့နယ်တွင် အသွားအလာကန့်သတ်ထားသူ (၂၅)ဦး၏ ဓာတ်ခွဲနမူနာများရယူ၍ ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေး
Dec 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း အသွားအလာ ကန့်သတ်ထားသူများ၏ ဓာတ်ခွဲ နမူနာများကိုရယူ၍ ယမန်နေ့က ရန်ကုန်အမျိုးသား ဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ လှူဒါန်း
Dec 29,2020
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ အတွက် အသိပညာပေးလုပ်ငန်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် အမှတ်(၃)ရပ်ကွက်မှ ဦးစိုင်းအောင်ကြည် မိသားစုက အသံချဲ့စက်တစ်လုံး၊ အမှတ်(၁)ရပ်ကွက်မှ စိုင်းခေါင်လျှဲန်းဖက Mask ၁၀ ဘူး၊ လက်သန့်ဆေးရည် နှစ်ဘူးကို ယမန်နေ့တွင် သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ် သီရိမင်္ဂလာစျေးတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေး အသိပညာပေးလူထုလှုပ်ရှားမှုများ (Mask & Face Shield Campaign)ဆောင်ရွက်
Dec 29,2020
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ခြင်းဆိုင်ရာ ကျန်းမာရေးအသိပညာမြှင့်တင်ရေးနှင့် ပြုမူပြောင်းလဲ ဆက်သွယ်ပညာပေးလူထုလှုပ်ရှားမှု (Mask & Face shield Campaign) အား ယနေ့နံနက်(၈) နာရီက ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ် သီရိမင်္ဂလာစျေးအတွင်း ကိုဗစ်-၁၉ ကော်မတီ ဝင်များကအရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
27329
Page
27330
Page
27331
Page
27332
Current page
27333
Page
27334
Page
27335
Page
27336
Page
27337
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department