သတင်းများ

မင်းဘူး(စကု)မြို့နယ် နိဗ္ဗာန်ကျွန်းကျေးရွာမှ ကမ်းပြိုဘေးသင့် အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ ပေးအပ်
Dec 29,2020
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ နိဗ္ဗာန်ကျွန်းကျေးရွာမှ ကမ်းပြို ဘေးသင့် အိမ်ထောင် စုများအတွက် ထောက်ပံ့ငွေများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနတွင် ပေးအပ်ခဲ့ကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦဂစီးဌာနမှ သိရသည်။
နာဂဒေသ ထန်ပါခွေမြို့၌ ကွင်းအတွင်း နည်းပညာမိတ်ဆက်ပွဲ ကျင်းပပြုလုပ်
Dec 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူ ဦးပါဟရို၏ ချဉ်ပေါင်ဖာလာ (အာလာဂျီ) စိုက်ခင်းတွင် ယနေ့ နံနက် ၉ နာရီအချိန်က ကွင်းအတွင်း နည်းပညာ မိတ်ဆက်ပွဲ ကျင်းပပြုလုပ်ရာ ဌာနဆိုင်ရာများ၊ စိတ်ပါဝင်စားသော ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။
နာဂဒေသ၊ နန်းယွန်းမြို့တွင် မြို့အဝင်ကျန်းမာရေးစစ်ဆေးဂိတ်၌ ခရီးသွားလာနေသူများကို နေ့စဉ် ကျန်းမာရေးစစ်ဆေး
Dec 29,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့အဝင်ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ မော်တော် ယာဉ်များ၊ မော်တော်ဆိုင်ကယ်များကို စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင်ကောက်ယူခြင်းနှင့် ကျန်း မာရေး စစ်ဆေးခြင်းများကို နေ့စဉ် နံနက် ၇ နာရီမှ ည ဂ နာရီအထိ နားရက်မရှိ အရှိန်အဟုန်မြှင့် စစ်ဆေးဆောင်ရွက်လျက်ရှိသည်။
မြင်းခြံမြို့ အမှတ်(၆) စက်မှုလယ်ယာဦးစီးဌာနမှ စပါးခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းခြင်းလုပ်ငန်း များ ဝန်ဆောင်မှုပေး
Dec 29,2020
မြင်းခြံမြို့ အမှတ်(၆) စက်မှုလယ်ယာဦးစီးဌာနမှ စပါးစိုက်တောင်သူများ အချိန်မီရိတ်သိမ်းနိုင်ရန် ကျေးရွာအရောက် စပါးခြွေလှေ့စက်ဖြင့် စပါးရိတ်သိမ်းခြင်းလုပ်ငန်းကို ဝန်‌ဆောင်မှုပေးလျက် ရှိကြောင်း သိရသည်။
ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ Facility Quarantine Center များအတွက် ရေသန့်ဆေးမှုန့်များလှူဒါန်း
Dec 29,2020
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ Facility Quarantine Center များအား သောက်သုံးရေ ဖူလုံမှုရှိစေရေးအတွက် ကလိုရင်းပါဝင်သော ရေသန့်ဆေးမှုန့်များအား ယမန်နေ့နေ့လည် (၂)နာရီခန့်တွင် ပေးအပ်လှူဒါန်းခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းများ ဝယ်ယူ ဖြည့်တင်းရန် ယခုဘဏ္ဍာရေးနှစ်တွင် ငွေကျပ်(၂၁၆၄)သန်းကျော် အသုံးပြုသွားမည်
Dec 29,2020
စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မီးဘေးအန္တရာယ်ကာကွယ်တားဆီး နိုင်ရန်နှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများတွင်အသုံးပြုရန် လိုအပ်သောပစ္စည်းများကို ဝယ်ယူနိုင်ရေး ငွေကျပ် (၂၁၆၄.၄)သန်းကို လျာထားသုံးစွဲသွားမည်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန် ကြားရေးမှူး ဦးကျော်မြင့် ထံမှ သိရသည်။
ထီးလင်းမြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ သရုပ်ပြသ ဆောင်ရွက်
Dec 29,2020
ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့၌ မီးလန့်မှု၊ မတော်တဆ မီးလောင်မှုများ ဖြစ်ပွားလာပါက မီးငြှိမ်းသတ်မှု ထိရောက်စေရေးအတွက် မီးငြှိမ်းသတ်မှု သရုပ်ပြလေ့ကျင့်ခြင်း၊ ပိတ်မိနေသည့် လူများရှိပါက အချိန်မီကယ်ဆယ်နိုင်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့်သရုပ်ပြခြင်း တို့ကို ယမန်နေ့ နေ့လယ် ၁ နာရီက ထီးလင်းမြို့ ဗိုလ်ချုပ်လမ်းနှင့် ဖိုးသဲကြီးလမ်းဆုံနေရာ၌ ဆောင်ရွက်ခဲ့ကြသည်။
အရာ​တော်မြို့နယ် ပြည်သူ့​ဆေးရုံကြီးသို့ ပက်စ်မြန်မာအဖွဲ့မှ ​အောက်ဆီဂျင်စက် ​ပေးအပ်လှူဒါန်း
Dec 29,2020
စစ်ကိုင်းတိုင်း​ဒေသကြီး၊ မုံရွာခရိုင် အရာ​တော်မြို့နယ် ပြည်သူ့​ဆေးရုံကြီးတွင် အသုံးပြုနိုင် ရန် ​အောက်ဆီဂျင်စက်​ ပေးအပ်လှူဒါန်းခြင်းကို ယမန်​နေ့ ​မွန်းလွဲ ၁ နာရီခွဲခန့်က မြို့နယ် ပြည်သူ့​​ဆေးရုံတွင် ​ဆောင်ရွက်ခဲ့​သည်။