သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် မံပင်/မံကုန်းကျေးရွာများရှိ တောင်သူ များအား လယ်သီးထပ်အသိပညာပေးဆွေးနွေးပွဲပြုလုပ်
Dec 10,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံပင်/မံကုန်းကျေးရွာများရှိ တောင်သူ များနှင့် လယ်သီးထပ်အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ (၂)နာရီက အများပြည်သူ သုံးကျေးလက်ခန်းမ၌ ကျင်းပပြုပ်လုပ်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှု (Mask Campaign)ဆောင်ရွက်
Dec 10,2020
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်၊ ထိန်းချုပ်ရေးအတွက် နှာခေါင်းစည်းတပ်ဆင်ခြင်းလှုပ်ရှားမှုနှင့် အသိ ပညာပေး လုပ်ငန်းများကို မြို့မရဲစခန်းရှေ့ မင်းလမ်းမပေါ်၌ ယနေ့နံနက်ပိုင်းက ဆောင်ရွက် လျက် ရှိသည်။
တန့်ယန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးအတွက် Mask Campaign ဆောင်ရွက်
Dec 10,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ် တားဆီးနိုင်ရေးအတွက် အိမ်အပြင်သို့ထွတ်သူတိုင်း နှာခေါင်း စည်း Mask တပ်ဆင် သွားလာရေး အသိပညာပေးခြင်း Mask Campaign ကို ယနေ့ နံနက် ၉ နာရီ ခွဲက ဗိုလ်ချုပ်လမ်း မြန်မာ့စီးပွားရေးဘဏ်ရှေ့၌ အရှိန် အဟုန်မြှင့်၍ ပူးပေါင်း ဆောင်ရွက် ခဲ့ကြသည်။
ထောပတ်သီးများကို အင်္ဂလန်နိုင်ငံ ဈေးကွက်သို့ စမ်းသပ်တင်ပို့
Dec 10,2020
မြန်မာနိုင်ငံမှထွက်သည့် ထောပတ်သီးများကို အင်္ဂလန်နိုင်ငံ ဈေးကွက်သို့ စမ်းသပ်တင်ပို့ ရောင်းချနေကြောင်း မြန်မာနိုင်ငံထောပတ်သီး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရသည်။
ကျောက်မဲမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ တစ်ဦး ထပ်မံတွေ့ရှိ
Dec 10,2020
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြိုနယ်၊ အလက ၃ Quarantine Center ရှိ အသက် ၁၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးထံမှ ယမန်နေ့က ကိုဗစ်၁၉ ပိုးတွေ့ခဲ့ကြောင်းသိရသည်။
တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ချွဲစုတ်စက်၊ ချွဲချေစက် နှင့် အောက်ဆီဂျင်အိုး(၃)လုံး လာရောက်လှူဒါန်း
Dec 10,2020
ကျောက်ဆည်ခရိုင်၊ တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ကုသရေးလုပ်ငန်းများ အသုံးပြုရန်နှင့် လူနာစောင့်များ အသုံးပြုရန်အတွက် တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံသို့ ယနေ့ နံနက်ပိုင်းက ချွဲစုတ်စက်၊ ချွဲချေစက်နှင့်အောက်ဆီဂျင် (၃)လုံးတို့ကို လာရောက်လှူဒါန်းကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန(တိုင်း၊ခရိုင်၊မြို့နယ်)များမှဝန်ထမ်း များ စုပေါင်း၍ မုံရွာမြို့၌ Mask Campaign ပြုလုပ်
Dec 10,2020
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ပေါ်ရှိ ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအား အထူးအလေးထားသောအားဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၏ လမ်းညွှန်ချက်များနှင့်အညီ စစ်ကိုင်းတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန (တိုင်း၊ခရိုင်၊မြို့နယ်)များမှ ဝန်ထမ်းများ စုပေါင်း၍ Mask Campaign ကို ယနေ့ နံနက်(၁၀)နာရီမှ (၁၁)နာရီအထိ မုံရွာမြို့ ပြည်သူ့အားကစားကွင်းရှေ့ မုံရွာ-မြင်းမူ-မန္တလေးကားလမ်းပေါ်၌ ပြုလုပ်ခဲ့ရာ စုစုပေါင်း လမ်းသွားလမ်းလာ ပြည်သူ (၅၀၀၀)ဦးအား Mask(၅၀၀၀)ခု ကိုအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်းသိရ သည်။
မြန်မာတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း (ရန်ကုန်မြို့)မှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အလှူငွေများပေးအပ်လှူဒါန်း
Dec 10,2020
မြန်မာတိုင်းရင်းဆေးဝါး ထုတ်လုပ်သူများနှင့် ဆေးပစ္စည်း လုပ်ငန်းရှင်များအသင်း(ရန်ကုန်မြို့)မှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည်။