ပန်းတောင်းမြို့နယ် ရေဝင်ရွာကြီး ကျေးရွာတွင် ခေါင်းလျှော်ရည် ဆပ်ပြာချက်သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အသက်မွေးဝမ်းကျောင်း ထောက်ပံ့ရန်ပုံငွေဖြင့် ခေါင်းလျှော်ရည် ဆပ်ပြာချက်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက နတ်မောက်ကျေးရွာအုပ်စု၊ ရေဝင်ရွာကြီးကျေးရွာ ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။