ကျောက်ပန်းတောင်းမြို့နယ်တွင် တစ်ရက်အတွင်း ပိုးတွေ့လူနာ (၁၄) ဦးအထိ စံချိန်တင်တွေ့ရှိ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ယမန်နေ့က RDT Test Kit ဖြင့် စစ်ဆေးသည့် ယာဉ်နောက်လိုက်(၁)ဦးနှင့် အနံ့မရသဖြင့် ဆေးရုံတက်ရောက် ကုသနေသူ (၁၂) ဦးအပါအဝင် တစ်ရက်အတွင်း ပိုးတွေ့လူနာ (၁၄)ဦး စံချိန်တင်တွေ့ရှိခဲ့ပြီး၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်လုပ် ဆောင်ရန်လိုအပ်လျက် ရှိကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးအတွင်း မိုးရာသီကာလ မိုးရွာသွန်းမှု နည်းပါး၍ ဒေသခံများ စိုက်ပျိုးရေ ရရှိရေးထက် သောက်သုံးရေ ရရှိနိုင်မှု အခက်အခဲများဖြစ်နေ

မကွေးတိုင်းဒေသကြီးအတွင်း မိုးရာသီကာလ မိုးရွာသွန်မှုနည်းပါး၍ မိုးခေါင်ရေရှားဖြစ်ခဲ့ခြင်းကြောင့် ပခုက္ကူခရိုင်နှင့် မကွေးခရိုင် အတွင်းရှိ ဒေသခံများ စိုက်ပျိုးရေရရှိရေးထက် သောက်သုံးရေရရှိနိုင်မှု အခက်အခဲများ ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။

ထန်တလန်မြို့၌ ကလေးမြို့မှ ရောက်ရှိလာသူတစ်ဦး၌ ကိုဗစ်-၁၉ ရောဂါပိုးထပ်မံတွေ့ရှိ

ချင်းပြည်နယ်၊ ဟားခါးခရိုင်၊ ထန်တလန်မြို့၌ ကလေးမြို့မှ ရောက်ရှိလာသူ အမျိုးသားတစ်ဦး၏ ဓာတ်ခွဲနမူနာကို RDT ဖြင့် စစ်ဆေးရာ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး ဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေ၊ နည်းဥပဒေများ အလုပ်ရုံဆွေနွေးပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေကြီး၊ ခန္တီးခရိုင် ဟုမ္မလင်း မြို့တွင် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ပြင်ဆင်သည့် ဥပဒေနည်းဥပဒေများ အလုပ်ရုံဆွေနွေးပွဲကို ယမန်နေ့ နံနက် ၁၁ နာရီတွင် ဟုမ္မလင်းမြို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာအစည်းအဝေးခန်းမတွင် ကျင်းပ သည်။

နာဂဒေသ၊ နန်းယွန်းမြိုနယ်၌ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ ရွေးချယ်ခန့်ထားရေးဆိုင်ရာ ဆင့်ပွားသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့နယ်၌ ရပ်ကွက်သို့မဟုတ် ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာတာဝန်ခံများ၊ ရာအိမ်မှူးများနှင့် ဆယ်အိမ်မှူးများ ရွေးချယ်ခန့်ထားရေး ဆိုင်ရာ ဆင့်ပွား သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စုပေါင်းရုံး ခန်းမတွင် ကျင်းပသည်။

ဝါးခယ်မတွင် မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်ရှိ မြို့တွင်းလမ်းများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ခွင့်ပြုရန်ပုံငွေဖြင့် လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဇန်နဝါရီ ၉ ရက်နေ့မှစကာ ဆောင်ရွက် လျက်ရှိသည်။

တရားမဝင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမရှိစေရေး လျှပ်စစ်မီတာဘောက်များအား ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး ဂန့်ဂေါခရိုင် ကျောက်ထုမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်း ဝန်ထမ်းများက တရားမဝင် လျှပ်စစ်ဓာတ်အားသုံးစွဲမှု မရှိစေရေးနှင့် ပျောက်ဆုံးယူနစ်များ လျှော့နည်းစေရေးအတွက် မီတာ ဘောက်များအား လိုက်လံစစ်ဆေး ခြင်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင် ဆောင်ရွက်လျက်ရှိသည်။

မအူပင်မြို့၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် နေအိမ်ပြင်ပထွက်သူတိုင်း နှာခေါင်းစည်း (Mask)တပ်ဆင်ရန်နှိုးဆော်ခြင်းနှင့် Mask များအခမဲ့ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်မှုမရှိစေရေး ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပ ထွက်ပါက နှာခေါင်းစည်း(Mask) တပ်ဆင်ပြီးသွားလာရန်နှင့် (Mask)များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ကွတ်ခိုင်မြို့၌ Mask Campaign ပြုလုပ်၍ ပြည်သူများအား Mask များ အခမဲ့ဝေငှ

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များက ယမန်နေ့ နံနက်ပိုင်း၌ Mask Campaign ပြုလုပ်သည့် အ‌နေဖြင့် ပြည်သူများထံ Mask များ အခမဲ့ ဝေငှပေးသည်။

ကလေးမြို့နယ် ကျွန်းတောကျေးရွာတွင် စိုက်ပျိုးလျက်ရှိသည့် ဂျုံ(၈)မျိုးစမ်းသက်ကွက်အား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်တိုင်းဒေသကြီး ကလေးမြို့နယ် ထိုမာနည်းပညာပြန့်ပွားရေး စင်တာအတွင်းရှိ ကျွန်းတောကျေးရွာတွင် ကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် စိုက်ပျိုးရေး သုတေသန ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ဂျုံ(၈) မျိုး စမ်းသပ်ကွက်အား ယနေ့နံနက်ပိုင်းက ခရိုင်မျိုးစေ့တာဝန်ခံ နှင့်နည်းပညာပြန့်ပွားရေးစင်တာမှ တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေး လျက်ရှိကြောင်း သိရသည်။
Subscribe to