ယင်းမာပင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းအိမ်ရာ (၄) ခန်းတွဲ နှစ်ထပ် ဆောင် ဆောက်လုပ်ရန် ပန္နက်ချပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ဝန်ထမ်း အိမ်ရာ (၄) ခန်းတွဲ နှစ်ထပ်ဆောင် ဆောက်လုပ်ရန် ပန္နက်ချပွဲကို ယနေ့ နံနက် ၇ နာရီက ဝန်ထမ်းအိမ်ရာ ဆောက်လုပ်မည့်နေရာ၌ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက် များနှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ် လှိုင်းဘုန်းကျေးရွာ နိဗ္ဗာန်လမ်း(၁၇၂၀)ပေ ကိုယ့်အားကိုယ်ကိုး ကွန်ကရစ် လမ်းခင်းခြင်း ဆောင်ရွက်ပြီးစီး

မော်လမြိုင်ကျွန်းမြို့နယ်၊ လှိုင်းဘုန်းကျေးရွာအုပ်စု့ (၉၂)အိမ်ယာတွင် အလျား(၁၇၂၀)ပေရှိသော (နံ့သာလမ်း) နိဗ္ဗာန်လမ်းမကြီး တ​လျှောက် ကိုယ့်အားကိုယ့်ကိုး ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းသည် ယနေ့ နေလယ်ပိုင်း၌ ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။

လမိုင်းမြို့တွင် ခွေးရူးရောဂါ ကာကွယ်ဆေး အိမ်တိုင်ရာရောက် အခမဲ့လိုက်လံထိုးနှံ

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ လမိုင်းမြို့အတွင်း "ခွေးရူးရောဂါကင်းစင်မြန်ပြည်တစ်ခွင် ၂၀၃၀ တွင်" ရည်မှန်းချက်ဖြင့် မြန်မာနိုင်ငံ ခွေးရူးရောဂါ ကင်းစင်ရေး၊ ရောဂါကာကွယ် စောင့်ရှောက်ရေး စီမံချက်ကို အကောင်အထည်ဖော်သည့် အနေဖြင့် ခွေးရူးရောဂါ ကာကွယ်ဆေးကို လမိုင်းမြို့ မွေးမြူရေးနှင့် ကုသရေးဝန်ကြီးဌာနမှ တာဝန်ခံဦးယမင်းက ယနေ့နံနက်ပိုင်းမှ စတင်၍ အိမ်တိုင်ရာ ရောက် အခမဲ့လိုက်လံထိုးနှံပေးခဲ့ကြောင်း သိရသည်။

ကမမောင်းမြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကျင်းပ

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင်​ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ၊ နည်းဥပဒေများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀) နာရီအချိန်က မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဇေယျာသီရိ၌ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စွာ လည်ပတ်နိုင်ရေးအတွက် ဆွေးနွေးပွဲပြုလုပ်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်စာကြည့်တိုက်ဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ဖွံ့ဖြိုးတိုးတက်စွာ လည်ပတ်နိုင်ရေးအတွက် ဆွေးနွေးပွဲကို သစ်တပ်ကျေးရွာအုပ်စု၊ သပြေပင်ကျေးရွာရှိ အလင်းပန်း စာကြည့်တိုက် အတွင်း၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့သည်။

ချင်းရွှေဟော်မြို့မှ နေရပ်ပြန်ပြည်သူ (၇၄)ဦးအား သက်ဆိုင်ရာဒေသများသို့ ထပ်မံလွှဲပြောင်း ပို့ဆောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ဂိတ်ပေါက်မှ ဝင်ရောက်လာသော တရုတ်နိုင်ငံမှပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ (၇၄)ဦးအား ချင်းရွှေဟော်မြို့၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးသက်ဦးပိုင်နှင့် ကော်မတီအဖွဲ့ဝင်များက ၎င်းတို့၏ သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များသို့ ပြန်လည်ရောက်ရှိ နိုင်ရေးအတွက် ယနေ့မွန်းလွဲ (၂)နာရီ အချိန်က လားရှိုးမြို့သို့ ထပ်မံလွှဲပြောင်းပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခန့်အပ်နိုင်ရေး အတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်မည့်အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်များ ရွေးချယ်ခန့်အပ်နိုင်ရေးအတွက် ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့ ရွေးချယ်မည့် အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခြင်း လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျိုက်မ​ရောမြို့နယ်အတွင်း ရာဘာအထပ်သားစက်ရုံ မီး​​ဘေးလုံခြုံ​ရေး စစ်​ဆေးခြင်းနှင့် မီးငြိမ်းသတ်နည်း လက်​တွေ့သရုပ်ပြသ

မော်လမြိုင်ခရိုင်၊ ကျိုက်မ​ရောမြို့နယ်အတွင်း ပြည်သူလူထုများ၏ အသက်အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးမှု မဖြစ်​ပေါ်​စေရန် အတွက် မြို့နယ်မီးသတ်ဦးစီးဌာမှ မီးသတ်ဦးစီးမှူးနှင့် တာဝန်ရှိ သူများက ယ​နေ့နံနက် ၉ နာရီခန့်က ကဒါ​ကျေးရွာအုပ်စု ရဲမွန်ရွာရှိ ကံ​ကောင်းခြင်းရတနာ​ ရာဘာအထပ်သားစက်ရုံ၏ မီး​ဘေးလုံခြုံ​ရေးအတွက် ​ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရှိမှု များအား ကွင်းဆင်း စစ်​ဆေးခဲ့ကြ​ကြောင်း သိရသည်။

ကျောက်ကြီးမြို့နယ်အတွင်း ကျေးရွာများအား Gaia Organization (ဝိုင်ယာအဖွဲ့)နှင့် စစ်တောင်းသံစဉ် လူမှုကွန်ယက်အဖွဲ့တို့မှ အသံချဲ့စက်များလှူဒါန်း

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့ နေ့လယ် (၁)နာရီအချိန်က ကျောက်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများအား Gaia Organization (ဝိုင်ယာအဖွဲ့)နှင့် စစ်တောင်းသံစဉ် လူမှုကွန်ယက်အဖွဲ့တို့မှ အသံချဲ့စက်(၁၅)စုံ လှူဒါန်းခဲ့ သည်။

ကွမ်းသီးများ ဈေးမြင့်သော်လည်း ဝယ်လိုအားမကျဘဲ ကွမ်းသီးလုပ်ငန်းလုပ်ကိုင်သူများ ဝင်ငွေတိုး

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံဒေသသည် ကွမ်းသီးများကို စီးပွားရေးအဖြစ် အဓိကထား၍ စိုက်ပျိုးကြပြီး ယခုနှစ်တွင်ယမန်နှစ်များကထက် ကွမ်းသီးထွက်ရှိမှုပိုများကာ အများဆုံးထွက်သော နှစ်တစ်နှစ်ဖြစ်ကြောင်း သိရပါသည်။
Subscribe to