ထိုင်းနိုင်ငံ ရနောင်းမြို့သို့ တရားမဝင်သွားရောက်ခဲ့သည့် ပဲချိတ်လှေတစ်စီးအရေးယူခံရ
ထိုင်းနိုင်ငံအတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှု မြင့်တက်လျှက်ရှိသဖြင့် မြန်မာ-ထိုင်း ကော့သောင်း ရနောင်း နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကျပ်မှုများ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ထိုင်းနိုင်ငံ ရနောင်းမြို့သို့ ကုန်ပစ္စည်းများပို့ဆောင်ရန် တရားဝင်ခွင့်ပြုချက်မရှိ သွားရောက်ခဲ့သည့် မြန်မာပိုင် ပဲ့ချိတ်လှေ တစ်စီးအား ထိုင်းတပ်မတော်(ရေ)မှ တားဆီးအရေးယူခံရသည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။