မတ္တရာမြို့နယ် သဲကျွန်းကျေးရွာအနီး ဧရာဝတီမြစ်အတွင်း၌ စက်လှေဖြင့် ဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးသူများအား ဖမ်းဆီး

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် သံကျွန်းကျေးရွာအုပ်စု သံကျွန်းရွာအရှေ့ဘက်ရှိ ဧရာဝတီမြစ်အတွင်း၌ စက်လှေဖြင့် ဘတ္ထရီရှော့တိုက် ငါးဖမ်းဆီးသူများကို ယမန်နေ့နံနက်ပိုင်းက သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ ကြောင်း သိရသည်။

သုံးခွမြို့နယ်တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေး အသိပညာပေးခြင်း လုပ်ငန်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့နှင့် အမှတ် ၂ ရပ်ကွက် အောင်ဇေယျလမ်းမကြီး ရာဇာစတိုး ရှေ့တို့တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းဝေးရေးအတွက် ယာဉ်စည်းကမ်း လမ်းစည်း ကမ်းများကို သိရှိလိုက်နာနိုင်စေရန် အသိပညာပေးခြင်း လုပ်ငန်းကို ယနေ့ နံနက်၉နာရီကပြုလုပ်ခဲ့ကြောင်း သိရှိရသည် ။

မြင်းမူမြို့နယ် အခြေခံပညာကျောင်းများသို့ ခြေနင်းလက်ဆေးဘေစင်များ ပေးပို့လှူဒါန်း

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပေးပို့သော ခြေနင်းလက်ဆေး ဘေစင်များအား စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့က အခြေခံပညာစာသင်ကျောင်းများသို့ ယမန်နေ့က သွားရောက်ပေးပို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

လိုင်လင်းပီမြို့ အမှိုက်ပစ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား တင်ဒါအောင်မြင်သည့်ကုမ္ပဏီမှ စတင်ဖောက်လုပ်

ချင်းပြည်နယ်၊ မတူပီခရိုင်၊ လိုင်လင်းပီမြို့ အမှိုက်ပစ်လမ်း ဖောက်လုပ်ခြင်းလုပ်ငန်းအား မြို့စည်ပင်သာယာရေးအဖွဲ့ ဘတ်ဂျက် ဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ စတင်ဖောက်လုပ်နေပြီ ဖြစ်သည်။

ရန်ကုန်တောင်ပိုင်းခရိုင်၊ တံတားမြို့တွင် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မြန်မာမုန့် ဖုတ်နည်း သင်တန်းဆင်းပွဲကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သင်ကြားပေးသည့် အသက်မွေးဝမ်း ကျောင်း အထောက်အကူပြု မြန်မာမုန့် ဖုတ်နည်း သင်တန်းဆင်းပွဲကို ယမန်နေ့ ညနေ ၃ နာရီက တံတားမြို့ အမှတ် ၁ ရပ်ကွက် သက်မွေးပညာသင်တန်း ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့မှူးတွင် စာကြည့်တိုက်ကော်မတီဝင်များ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြို့နယ်စာကြည့်တိုက် ကြီးကြပ်မှုကော်မတီဝင်များ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထု အခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျန်းမာ‌ရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သည့် ကိုဗစ်-၁၉ လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

ကျေးရွာစာကြည့်တိုက်များသို့ သုတ/ရသစာအုပ်များ ပေးအပ်လှူဒါန်း

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များအား မြို့နယ် စာကြည့်တိုက်များ ကြီးကြပ် ရေးကော်မတီမှ ကျေးရွာစာကြည့်တိုက်များအတွက် သုတ/ရသ စာအုပ်များ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့ နံနက်က မြို့သစ်ရပ်ကွက် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ ကျင်းပခဲ့သည်။

ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၅၄၆ သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၄၄ ခု အကောင်အထည်ဖော်ဆောင်ရွက်သွားမည်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ်တွင် ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၅၄၆ သန်းဖြင့် ဖွံ့ဖြိုးရေးလုပ်ငန်း ၄၄ ခု အကောင်အထည်ဖော် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံးမှ သိရသည်။

တာမွေမြို့နယ်တွင် စျေးကားများဖြင့် သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား စျေးနှုန်းသက်သာစွာ ရောင်းချပေး

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ် ကာလအတွင်း မြို့နယ်အတွင်းရှိ ပြည်သူများ စျေးနှုန်းသက်သာစွာဖြင့် ဝယ်ယူ စားသုံးနိုင်စေရေး၊ မိမိတို့နေအိမ်မှ ကွာဝေးသော စျေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုသည့် အတွက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ပြန့်ပွားမှုမှ အထိုက်အလျောက် ကာကွယ်နိုင်ရေး၊ သန့်ရှင်း လတ်ဆတ်သော သား/ငါး၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန်ပစ္စည်းများအား ပြည်သူများ နေထိုင်ရာ ရပ်ကွက်များအတွင်း ဝယ်ယူရရှိနိုင်စေရေး စသည့်

ဇလွန်​မြို့နယ်တွင် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အရည်အသွေးပြည့်မီရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်း​ဒေသကြီး၊ ဇလွန်မြို့နယ် စည်ပင်သာယာရေးကော်မတီ၏ ၂၀၂၀ - ၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်အတွင်း တင်ဒါအောင်မြင်သော ကုမ္ပဏီများမှ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အရည်အသွေးပြည့်မီရေးကို စည်ပင်သာယာရေးကော်မတီ၊ အမှုဆောင်အရာရှိနှင့် တာဝန်ခံအင်ဂျင်နီယာတို့မှ ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရ သည်။
Subscribe to