တောင်ကြီးမြို့ပေါ်ရှိ ရွှေဇာမဏီရွှေဆိုင်တွင် လုယက်ခံရမှုဖြစ်ပွား

ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့၊ ကန်ရှေ့ရပ်ကွက်ရှိ ရွှေဇာမဏီရွှေဆိုင်တွင် ယနေ့ မွန်းလွဲ (၁၂)နာရီ ၄၅ မိနစ်အချိန်ခန့်က လုယက်ခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်

ပူပြင်းခြောက်သွေ့၍ မီးလောင်လွယ်သည့် ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီဖြစ်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာလုပ်ငန်း သင်တန်းကျောင်း (ဘားအံ) တွင် ယနေ့ မွန်လွှဲ ၁ နာရီခန့်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် မီးငြိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်မှုတို့ကို ဆောင်ရွက်ခဲ့သည်။

သရက်ချောင်းမြို့နယ် ဆောင်းသီးနှံစိုက်ခင်းများ ပိုးမွှားကျရောက်မှု နည်းပါးစေရန်နှင့် သီးနှံအထွက်တိုးစေရေးအတွက်ဆွေးနွေး

တနင်္သာရီတိုင်းဒေသကြီး သရက်ချောင်းမြို့နယ် စော်ဖျားကျေးရွာတွင် တိုင်းမြေအသုံးချရေး တာဝန်ခံ ဦးဆောင်သည့် စိုက်ပျိုးရေးပညာရှင် ဝန်ထမ်းများသည် ယမန်နေ့ညနေပိုင်းက တောင်သူများနှင့်တွေ့ဆုံဆွေးနွေးပွဲကို စော်ဖျားကျေးရွာ ဆောင်းသီးနှံစိုက်ခင်း၌ ပြုလုပ်ခဲ့သည်။

ကော့ကရိတ်မြို့နယ် အောက်ရွာကျေးရွာ ရွာတွင်းဂဝံမြေသားလမ်းခင်း

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကမ္ဘာ့ဘဏ်အကူအညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်နေသော လူထုဗဟိုပြုစီမံကိန်း (တတိယနှစ်စက်ဝန်း) တွင် ထီဟူးသံကျေးရွာအုပ်စု၊ အောက်ရွာကျေးရွာ ရွာတွင်း ဂဝံ မြေသားလမ်း ခင်းခြင်းလုပ်ငန်းကို ယမန်နေ့က စတင်အကောင်အထည်ဖော် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပိုင်ကျုံမြို့အတွင်းရှိ မိုးနိုင်းကျေးရွာနှင့် မိကြောင်ကျေးရွာတို့ ဆက်သွယ်ထားသောလမ်းမပေါ်ရှိ မဲသချောင်းကူး သံကူကွန်ကရစ် တံတားတည်‌ဆောက်လျက်ရှိ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ မိုးနိုင်းကျေးရွာနှင့် မိကြောင်ကျေးရွာတို့ ဆက်သွယ် ထားသောလမ်းမပေါ်ရှိ မဲသချောင်း ကူးတံတားကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ကရင်ပြည်နယ် အစိုးရအဖွဲ့ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ငွေလုံးငွေရင်း) ခွင့်ပြုရန်ပုံငွေကျပ် (၃၉.၀၂၈) သန်းဖြင့် ဒီဇင်ဘာလ (၂၅) ရက်နေ့က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ငါ့သရောက်မြို့နှင့်အနီးတဝိုက်ရှိ အငှားဆုံဆီကြိတ်သူများ ဝင်ငွေတိုးတွက်ချေကိုက်နေ

ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နှင့် အနီးဝန်းကျင်တဝိုက်ရှိ ကျေးရွာများမှ ဆုံဆီကြိတ်သူများ အငှားဆုံဆီကြိတ်ခြင်းဖြင့် ဝင်ငွေတိုး တွက်ချေကိုက်လျက်ရှိကြောင်း အငှားဆုံဆီ ကြိတ်သူများ ထံမှ သိရသည်။

ကျောက်ကြီးမြို့နယ်၌ စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP) သင်တန်းဖွင့်လှစ်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကြီးမှူး၍ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ် အင်းနက်ကျေးရွာ အုပ်စု ငဗျက်အင်း ကျေးရွာဘုန်းတော်ကြီး ကျောင်း၌ ဒေသခံတောင်သူများအား ယနေ့ နံနက် (၁၀)နာရီအချိန်က စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ (GAP)သင်တန်းကို ဖွင့်လှစ် ပို့ချခဲ့သည်။

မိတ္ထီလာမြို့နယ်တွင်  ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းပြုလုပ်

          မန္တလေးတိုင်းဒေသကြီး ၊ မိတ္ထီလာမြို့နယ်မီးသတ်ဦးစီးဌာနက ငလျင်ဘေးအန္တရာယ် ရှာဖွေ ကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇန်နဝါရီလ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါရုံးဝန်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ပြည်မြို့နယ် ငါးရွာအုပ်စု၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး VDP စီမံကိန်းဆိုင်ရာ သင်တန်းဖွင့်လှစ်

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် ငါးရွာအုပ်စု ငါးရွာမူလတန်းလွန်ကျောင်း၌ ယနေ့ နံနက် ၉ နာရီက ကျေးရွာဖွံ့ဖြိုး တိုးတက်ရေး VDP စီမံကိန်းဆိုင်ရာ သင်တန်းဖွင့်လှစ်ခဲ့သည်။
Subscribe to