မလှိုင်မြို့နယ် ပညာရေး(ဂျီအီစီ) သမဝါယမအသင်း လီမိတက်၏ နှစ်ပတ်လည်အစည်းအဝေးနှင့် အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ် ပညာရေး(ဂျီအီစီ) သမဝါယမအသင်းလီမိတက်၏ ၂ဝ၁၉ - ၂ဝ၂ဝ ဘဏ္ဍာနှစ်၊ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းဝေးနှင့် အမှုဆောင်သစ်ရွေးချယ် တင်မြှောက်ပွဲကို ယမန်နေ့က မြို့နယ်ပညာ ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အတွင်း စိမ့်စမ်းရေသွယ်တန်းခြင်း၊ ရေသန့်စင်စနစ်၊ ကျေးလက်ကုန်ထုတ်လမ်း လုပ်ငန်းများ ဆောင်ရွက်မည့် ကုမ္ပဏီများနှင့် လုပ်ငန်းညှိနှိုင်းတွေ့ဆုံဆွေးနွေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာန တနင်္သာရီတိုင်း ဒေသကြီး တနင်္သာရီမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခု၊ ဘဏ္ဍာရေးနှစ်အတွင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့်

ချောင်းဦးမြို့နယ်၌ EM ဘိုကာရှီ သဘာဝမြေဩဇာပြုလုပ်သုံးစွဲနည်း လက်တွေ့သရုပ်ပြသ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ အမြင့်စိုက်ပျိုးရေး နည်းပညာပြန့်ပွားရေး စင်တာနယ်မြေတွင် လယ်သီးထပ်ဆောင်းသီးနှံ စိုက်ကွင်းများတွင် မြေဆီလွှာ အာဟာရဓာတ်များ တိုးတက်လာစေရန် EM ဘိုကာရှီ သဘာဝမြေဩဇာ ပြုလုပ်သုံးစွဲနည်းကို ယနေ့ နံနက် ၉ နာရီ အချိန်က ဆူးလေကုန်းကျေးရွာအုပ်စု၊ တောင်အင်း ကျေးရွာ၌ လက်တွေ့သရုပ်ပြသခဲ့ ကြောင်း သိရသည်။

ဘားအံမြို့နယ်၊ ဇွဲကပင်တောင်ခြေလမ်းချဲ့ပြီး ကတ္တရာ ထပ်ပိုးလွှာခင်းခြင်းများဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ကျေးရွာများပါမကျန် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေ ရေးအတွက် ဆောင်ရွက် နေလျက်ရှိရာ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာနှစ်၊ ဘားအံမြို့နယ် ဇွဲကပင်တောင် အရှေ့ဘက်ခြမ်း တောင်ခြေ အဝင်လမ်းကို လမ်းအကျယ်တိုးချဲ့ခြင်းနှင့် ကတ္တရာထပ်ပိုးလွှာ ခင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။

ပွင့်ဖြူမြို့နယ်၌ CERP အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ်စံပြကွက် စိုက်ခင်းများ ရိတ်သိမ်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသည့်ကာလ မြို့နယ်အတွင်းရှိ တောင်သူများ စိုက်ပျိုးရေးကဏ္ဍ ထိခိုက်မှုမရှိစေရန်နှင့် တောင်သူသီးနှံအထွက်နှုန်း တိုးတက်ကောင်းမွန်ရေး အတွက် ကိုဗစ် - ၁၉ စီးပွားရေးကုစားမှု (CERP)အစီအစဉ်ဖြင့် စိုက်ပျိုးသည့် ဧရာမင်းမျိုးစေ့ထုတ်စိုက်ခင်းများ ရိတ်သိမ်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနရုံးမှ သိရသည်။

ကျေးရွာများတွင် တိရစာ္ဆန်များ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးခြင်း ကွင်းဆင်းဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကျေးရွာများတွင် တိရစာ္ဆန်များ လည်ချောင်းကွဲရောဂါ ကာကွယ်ဆေးထိုးခြင်းကို ကျေးရွာအရောက် သွားရောက်ထိုးနှံပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကိုကိုကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန်​တောင်ပိုင်းခရိုင်၊ ကိုကိုးကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမရှိစေရေးကို အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ ၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးမှ ကိုကိုးကျွန်း မြို့နယ်သို့ ထွက်ခွာလာသော သင်္ဘောခရီးစဉ်ဖြင့် လိုက်ပါလာသည့် ကိုကိုးကျွန်း ဒေသခံများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသော အလုပ်သမား စုစုပေါင်း - ၆၁ ဦး တို့အား ကိုကိုးကျွန်း ဆိပ်ကမ်းသို့ ဆိုက်ကပ်ရပ်နားသည့် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်တွင် ကိုကိုးကျွန်းမြို့နယ် ကိုဗစ်ကော်မတီဝင်များနှင့် ကျန်းမာရေးဝန်ထမ်းများမှ အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း Mask များ အခမဲ့ဖြန့်ဝေခြင်းများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောင်းကုန်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေး စည်းကမ်းတင်းကြပ်သွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အေးချမ်း သာယာခန်းမ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကာကွယ်ရေးအတွက် စည်းကမ်းတင်းကြပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကြည့်မြင်တိုင်မြို့နယ်တွင် သွေးလွန်တုပ်ကွေး​ရောဂါ ကာကွယ်ရေးအသိပေးခြင်းနှင့် (Abate)ဆေး ပေးဝေခြင်းများပြုလုပ်

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အိုးဘိုရပ်ကွက်၊ ထီးတန်းစက်မြေရပ်ကွက်တို့တွင် ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အများပြည်သူလူထုအတွင်း သွေးလွန်တုပ်ကွေးရောဂါ ကာကွယ် ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် ပိုးလောက်လမ်း မပေါက်ပွားစေရန် (Abate)ဆေးများ ပေးဝေခြင်း လုပ်ငန်းကို ပြုလုပ်ဆောင်ရွက် ခဲ့သည်။

မိုင်းယောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာအတွင်း ရွေ့လျားစနစ်ဖြင့် ဈေးရောင်းသူများ မိသားစုဝင်ငွေအဆင်ပြေ

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ရွေ့လျားဈေးသည်များ ကျေးရွာအရောက် လှည့်လည်ရောင်းချခြင်းများ ကြောင့် နေ့စဉ်အပိုဝင်ငွေရရှိအဆင်ပြေလျက်ရှိကြောင်း သိရသည်။
Subscribe to