ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု၊ မဲကတောခီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်း ခြံစည်းရိုး ကာရံခြင်း လုပ်ငန်းဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေများဖြင့် နှစ်စဉ် ဘဏ္ဍာနှစ် အလိုက် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိရာ ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စု မဲကတောခီးကျေးရွာ အခြေခံပညာမူလတန်းကျောင်းဝင်း ခြံစည်း ရိုးကာရံခြင်းလုပ်ငန်းကို ဒီဇင်ဘာလ(၂၂)ရက်နေ့မှ စတင်အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပြီး ယခုအချိန်တွင်(၅၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သိရှိရသည်။