ချောင်းဦးမြို့နယ် ခရမ်းချဉ်မျိုးစေ့ထုတ် (GAC) ကုမ္ပဏီ၏ မျိုးစေ့အရည်အသွေးကောင်းစေရန် စိုက်ခြံ အရောက် နည်းပညာဖြန့်ဝေခြင်း၊ ဂျုံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် Data ကောက်ယူခြင်းနှင့် ဆောင်းသီးနှံစိုက်ခင်းများ ကွင်းအရောက် နည်းပညာပေး ကွင်းဆင်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ခင်မွန်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာနယ်မြေအတွင်းရှိ ချောင်းဦးတောင်ရပ်ကွက်တွင် ခရမ်းချဉ်မျိုးစေ့ထုတ် ( GAC ) ကုမ္ပဏီ၏ မျိုးစေ့အရည်အသွေးကောင်းစေရန် စိုက်ခြံအရောက် နည်းပညာများ ဖြန့်ဝေခြင်း၊ ဂျုံမျိုးယှဉ်ပြိုင်စမ်းသပ်ကွက် data ကောက်ယူခြင်းနှင့် ဆောင်းသီးနှံစိုက်ခင်းများ ကွင်းအရောက် နည်းပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီ အချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ အဖွဲ့ပိုင်ဈေးများတွင် ဈေးသည်များအားနှာခေါင်းစည်း (Mask)များ တပ်ဆင်ပြီး ဈေးရောင်းချစေရေး အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်းရှိ ဈေးရောင်း၊ ဈေးဝယ်ပြုလုပ်ရာတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် Coronavirus Diseases 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ ညှိနှိုင်းအစည်းအဝေး၏ ညွှန်ကြားချက်ဖြင့် ပြည်သူများအား ဈေးများအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် မခံရစေရေးအတွက် (Mask) တပ်ဆင်ထားခြင်း လက်ဆေးခြင်း နှင့်ပတ်သက်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် က စည်ပင်သာယာရေး အဖွဲ့ မှတာဝန်ရှိသူများက ဖြန့်ဝေခဲ့သည်။

ဖားကန့်မှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသည့် လူမှုကူညီရေး အဖွဲ့ဝင်တစ်ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ ကိုဗစ်-၁၉ ထိန်းချုပ်ရေး လုပ်ငန်းများတွင် ပါဝင်ကူညီ ဆောင်ရွက်နေသည့် Myanmar Rescue (Hpakant) မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ (ဖားကန့်) မှ အဖွဲ့ဝင်တစ်ဦးတွင် ဇန်နဝါရီ (၆) ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ခဲ့ရပြီးနောက် အဆိုပါအဖွဲ့၏ ရုံးဝန်းတစ်ခုလုံးကို အသွားအလာ ကန့်သတ်ထားလိုက်ကြောင်း သိရသည်။

ဖားကန့်မြို့နယ်သို့ လာသူများအနေဖြင့် မိမိစရိတ်ဖြင့် Quarantine ဝင်ရမည်

နိုင်ငံတစ်ဝန်းမှ ရွှေ့ပြောင်းအလုပ်သမားများ အခြေချရာ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်သို့ လာရောက်သူများအနေဖြင့် မိမိစရိတ်ဖြင့် Hotel Quarantine နှင့် သတ်မှတ်ထားသော Quarantine စင်တာတို့တွင် နှစ်သက်ရာရွေးချယ်ပြီး (၇) ရက် နေကြရမည်ဖြစ်ကာ မိမိနေအိမ်၌ (၇) ရက် ထပ်မံ Home Quarantine ဝင်ကြရမည်ဖြစ်ကြောင်း ယမန်နေ့က ကျင်းပသည့် မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အစည်းအဝေးမှ သိရသည်။

ဥတ္တရသီရိမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာစာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲရေး ဆွေးနွေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ဥတ္တရခရိုင်ရုံးမှ ဥတ္တရသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲစေရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ဇန်နဝါရီလ(၇)ရက် မွန်းလွဲပိုင်းက မိုးစွေကျေးရွာ အုပ်စု၊ လဲဝန်းကျေးရွာ “ပညာဘဏ်တိုက်” စာကြည့်တိုက်အတွင်း၌ စာကြည့်တိုက်ကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကျေးရွာစာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေး အတွက် ဆွေးနွေးပွဲကျင်းပခဲ့သည်။

GAP စိုက်နည်းစနစ်ဖြင့် ဖရဲသီးနှံစိုက်ပျိုးနိုင်ရေး တောင်သူများနှင့်တွေ့ဆုံဆွေးနွေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်အတွင်းရှိ တောင်သူများ လယ်သီးထပ် ဖရဲသီးနှံ စိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံများ၏ အရည်အသွေး ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်စေရေး၊ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးနှင့် စားသုံးသူဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် (Good Agricultural Practices) စိုက်နည်းစနစ်နှင့်အညီ စိုက်ပျိုးနိုင်ကြစေရန် အဆိုပါ တောင်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နမ္မတူမြို့နယ် မန်စံကျေးရွာနှင့် နားဆိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ ယာယီတိုက်ပွဲရှောင် ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ပေးအပ်

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ ဒီဇင်ဘာလ (၂)ရက်နေ့နှင့် (၅)ရက်နေ့တို့တွင် နမ္မတူမြို့နယ်၊ နမ့်တောင်ကုန်းကျေးရွာအုပ်စု နားကျဲကျေးရွာအနီးနှင့် ပန်ချင်ကျေးရွာအုပ်စု၊ ပန်ချင်ကျေးရွာအနီးတွင် (RCSS/SSA)အဖွဲနှင့် (TNLA)အဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သဖြင့် မန်စံကျေးရွာနှင့် နားဆိုင်းကျေးရွာတို့တွင် ယာယီလာရောက်ခိုလှုံကြသော တိုက်ပွဲရှောင် ပြည်သူများအား ဆန်ဖိုးရိက္ခာငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ (၂)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရှိ မန်စံကျေးရွာ ရွေစကားဝါမြေဘုန်းတော်ကြီးကျောင်းနှင့် နားဆိုင်းကျေးရွာ ခြေခံပညာအထက်တန်းကျောင်းခွဲ၌ ဆောင်ရွက်ခဲ့သည်။

သီပေါမြို့နယ်တွင် နာနတ်စိုက်တောင်သူများ GAP လက်မှတ်ရရှိရေး ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းမင်းဦးနှင့် ဝန်ထမ်းများသည် နမ့်ရမ်းကျေးရွာအုပ်စုရှိ နမ့်ရမ်းကျေးရွာနှင့် ညောင်ထောက် ကျေးရွာမှ နာနတ်စိုက်တောင်သူများ နာနတ် GAP လက်မှတ်ရရှိရေးအတွက် ယမန်နေ့ နံနက်ပိုင်းက အဆိုပါကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဆောင်းရာသီကာလအတွင်း၊ ကွမ်းရွက်စျေးနှုန်းများမြင့်တက်၍ ကွမ်းစိုက် တောင်သူများအနေဖြင့် ဝင်ငွေ ကောင်းကာ အဆင်ပြေလျက်ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာတွင် ကွမ်းနုဝါခြံများ စိုက်ပျိုး၍ အသက်မွေးဝမ်းကျောင်းပြုလုပ်သူများအနေဖြင့် ယခုအချိန် ဆောင်းရာသီကာလအတွင်း ကွမ်းနုဝါ (၁) ပိဿာကို (၈၀၀၀) ကျပ်မှ (၁၀၀၀၀) ကျပ်ထိ စျေးကောင်းရရှိကာ ရောင်ချရလျက်ရှိသဖြင့် မိသားစုဝင်ငွေ ပိုမိုရရှိကာ စားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။

ကျွန်းလှ-သဖန်းဆိပ်သွား သံလမ်းကူးအား ကွန်ကရစ်လမ်းချဲ့ပြီး၍ သွားလာရေး အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ သစ်ရာမြိုင် ရပ်ကွက်ဈေးအနီး၊ ကျွန်းလှ-သဖန်းဆိပ်သွား သံလမ်းကူးအား ကွန်ကရစ်လမ်းချဲ့ပြီး၍ သွားလာရေး အဆင်ပြေနေကြောင်း သိရသည်။
Subscribe to