အင်ဂျန်းယန်မြို့၌ မိသားစုဝင်ငွေ တိုးပွားရေး စိုက်ပျိုးရေး နည်းပညာပေး
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင် အင်ဂျန်းယန်မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ ဒေသခံတောင်သူများနှင့် စိုက်ပျိုးရေး နည်းပညာကို စိတ်ပါဝင်စားသည့် ပြည်သူများအား မိသားစုဝင်တိုးပွားစေရန် ရည်ရွယ်၍ အချိန်ရာသီမရွေး တစ်ပိုင်တစ်နိုင် စိုက်ပျိုးနိုင်သည့် ကောက်ရိုးမှို သီးနှံစိုက်ပျိုးထုတ်လုပ်မှု နည်းပညာ ပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီခွဲက အင်ဂျန်းယန်မြို့ တပ်ဦးအောင်ဆုပန် ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။