ကလောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးခရိုင်၊ ကလောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ကလောမြို့အထွက် ကိုဗစ်-၁၉ ရောဂါစစ်ဆေးရေးဂိတ်တွင် အဆင်းကားများကို လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)သို့ ဝင်ရောက်လာသည့် အတက်ကားများအား ကလောမြို့နယ်၊ ဝက်ဖြူရေကျေးရွာအုပ်စု၊ နန်းပန်တက် ကိုဗစ်- ၁၉ ရောဂါစစ်ဆေးရေးဂိတ်တွင် လည်းကောင်း ၂၀၂၀ ပြည့်နှစ် ၊ အောက်တိုဘာလ(၃)ရက်နေ့မှ စ၍ ယမန်နေ့ကအထိ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များအား Test Kit ဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိ၊ မရှိစစ်ဆေးခဲ့ရာ ယာဉ်မောင်း၊ ယာဉ်နောက်လိုက် စုစုပေါင်း (၃၆၁၉၃) ဦးအားစစ်ဆေးဆောင်ရွက်ခဲ့သည်။