ဥပြန်စိုက်ကြက်သွန်နီခေါ် ဇော်မွှားကြက်သွန်စိုက်ပျိုးတောင်သူများ နှုတ်သိမ်းရောင်းချ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ဥပြန်စိုက်ကြက်သွန်နီခေါ် ဇော်မွှားကြက်သွန်နီ စိုက်ပျိုးတောင်သူများ တူးဖော်ရောင်းချချိန် ကြက်သွန်နီတစ်ပိသာ ၄၅၀ ကျပ်သာ ရောင်းချနေရ ကြောင်း ညောင်ဦးမြို့နယ် ကြအိုကျေးရွာ ဥပြန်ကြက်သွန်နီစိုက်တောင်သူ ဦးမောင်ဌေး ထံက သိရသည်။

ပျဉ်းမနားမြို့နယ်တွင် အဆင့်မြှင့်တင်ပေးမည့် ကျေးလက်ကုန်ထုတ်လမ်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏခရိုင်၊ ပျဉ်းမနားမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက်ပေးမည့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကုန်ထုတ်လမ်းများအား ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးဝင်းဇော်နှင့် တာဝန်ရှိသူများက ကွင်းဆင်း‌ကြည့်ရှု စစ်ဆေးသည်။

ခါမ်းပါတ်မြို့၊ ကနန်ကျေးရွာတွင် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင်၊ ခါမ်းပါတ်မြို့ ကနန်ကျေးရွာတွင် တိုင်းဒေသကြီး စည်ပင်သာယာရေး အစိုးရ၏ ဘိလပ်မြေအိတ် အထောက်အပံ့ဖြင့် ကျေးရွာတွင်းလမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေအား ထပ်ဆင့်အသိပေးရှင်းလင်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဖယ်ခုံမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးနည်းဥပဒေကို ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေအား ထပ်ဆင့်အသိပေးရှင်းလင်းပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည်။

ထီးလင်းမြို့တွင် စားသောက်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ တာဝန်ရှိသူများ စစ်ဆေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတ်မှတ်ထားသည့် စည်းကမ်းချက်များနှင့် ကိုက်ညီ၍ (A) အဆင့် ရရှိပြီး ဆိုင်ထိုင်စားသောက်ရန် ခွင့်ပြုချက်ရရှိထားသော စားသောက်ဆိုင် နှင့်လက်ဖက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ စစ်ဆေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဂန့်ဂေါခရိုင် ထီးလင်းမြို့တွင် တာဝန်ရှိသူများက စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မံစီကြီးဒေသစိတ်နှင့် မံထုံဒေသစိတ်အတွင်းရှိ ကျေးရွာများသို့ ဆက်သွယ်ထားသော လမ်းပိုင်းပြုပြင်ခြင်း လုပ်ငန်းအား ကွင်းဆင်း စစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် မံစီကြီးဒေသစိတ်နှင့် မံထုံဒေသစိတ် နှစ်ခုအတွင်း ကျေးရွာချင်းဆက် လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေရန်နှင့် လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားကူးသန်းရောင်းဝယ်ရေးတို့ လွယ်ကူကောင်းမွန်နိုင်စေရန်အတွက် လမ်းပိုင်းပျက်စီးနေမှုများအား ပြုပြင်ဆောင်ရွက်ခြင်းလုပ်ငန်းကို ယမန်နေ့ ၂ နာရီက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

တမူးမြို့ ၊ မြို့မစည်ပင်သာယာစျေးတွင် စျေးရောင်း၊ စျေးဝယ်သူများ နှာခေါင်းစည်း(Mask) နှင့် Face Shield များ တပ်ဆင်၍ ရောင်းဝယ်မှုများ ရှိ/ မရှိ စစ်ဆေးခြင်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့၊ မြို့မစည်ပင်သာယာစျေးအတွင်း နေ့စဉ်သွားလာနေသော စျေးရောင်း၊ စျေးဝယ် သူများအား နှာခေါင်းစည်း(Mask)များနှင့် Face Shield များ တပ်ဆင်၍ ရောင်းဝယ်မှုများရှိ/ မရှိ စစ်ဆေးခြင်း များကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ကလောမြို့နယ်အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်၌ ကိုဗစ်-၁၉ ရောဂါပိုးတစ်ဦးတွေ့ရှိ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်တွင် ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ကလောမြို့အထွက် အဆင်းကားများနှင့် ကလောမြို့နယ်အဝင် နန်းပန်တက် စစ်ဆေးရေးဂိတ်တွင် နံနက် ၆ နာရီခွဲမှ ညနေ ၆နာရီအထိ အတက်ကားယဉ်မောင်း၊ ယဉ်နောက်လိုက်များအား ကိုဗစ်ရောဂါပိုးရှိ/မရှိကို Task Kit ဖြင့်စစ် ဆေးပေးလျက်ရှိရာ ယမန်နေ့ ညနေ ၄ နာရီအချိန်ခန့် က ယာဉ်မောင်းတစ်ဦးထံမှ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိကြောင်း သိရှိသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ကျောက်မျက်မော်ဘုရားပတ်ဝန်းကျင်အနီး ရှိခြုံနွယ်ပိတ်ပေါင်းများရှင်းလင်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ ကျောက်မျက်မော်ဘုရားပတ်ဝန်းကျင်ရှိ ခြုံနွယ် ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနနှင့် ပုဂံ-ညောင်ဦးခရီးစဉ်ဒေသ စီမံခန့်ခွဲရေးကော်မတီ (DMO) တို့ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျောက်မျက်မော်ဘုရားပတ်ဝန်းကျင် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ယနေ့နံနက် ၆ နာရီအချိန်မှ စတင်ရှင်းလင်းခဲ့ကြောင်း သိရသည်။
Subscribe to