ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ တပ်စုအဆင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနက တပ်စုအဆင့် ငလျင်ဘေးအန္တရာယ် ရှာဖွေကယ်ဆယ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယမန်နေ့ နံနက် (၉) နာရီက မြို့ရှေ့အခြေခံပညာအထက်တန်းကျောင်း တွင်ပြုလုပ်ခဲ့သည်။

လွိုင်မွေတောင်စခန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နှာခေါင်းစည်းများဖြန့်ဝေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ လွိုင်မွေကျေးရွာအုပ်စု လွိုင်မွေတောင်စခန်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကသာမြို့နယ်၊ သာစည်ကျေးရွာရှိ အုတ်လုပ်ငန်းလုပ်ကိုင်သူများ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း အုတ်များကို ဈေး လျှော့ပြီး ရောင်းချရ

စစ်ကိုင်းတိုင်ဒေသကြီး၊ ကသာမြို့နယ်၊ သာစည်ကျေးရွာရှိ ဒေသခံပြည်သူတစ်ချို့သည် အုတ်လုပ် ငန်းကို မိသားစုစားဝတ်နေရေး အဆင်ပြေရန်အတွက် တစ်ပိုင်တစ်နိုင်လုပ်ကိုင်လျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း၌ အုတ်များကို ဈေးလျှော့ပြီး ရောင်းချရကြောင်း အုတ်လုပ်ငန်းလုပ်ကိုင်သူများထံမှ သိရသည်။

ဟုမ္မလင်းမြို့တွင် အမျိုးသားတစ်ဦး ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးခရိုင်၊ ဟုမ္မလင်းမြို့၊ အထက(၁) CBFQ မှ အသက် (၂၄)နှစ် အမျိုးသားတစ်ဦးသည် ဇန်နဝါရီ (၇) ရက်နေ့ံနက်(၁၂)နာရီတွင် ကျန်းမာရေဌာနမှ RDT test kit ဖြင့် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး Positive တွေ့ရှိခဲ့ပြီး၊ ဟုမ္မလင်း ခုတင် (၁၀၀)ဆံ့ပြည်သူ့ဆေးရုံ သံဃာဆောင်သို့ ပို့ဆောင်၍ ဆေးကုသမှုခံယူလျက်ရှိကြောင်းသိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ မြို့နယ်ပညာရေးမိသားစုမှ အောက်စီဂျင်ဘူး (၁၃) လုံးနှင့် ဆေးရုံသုံးပစ္စည်းများ တတိယအကြိမ်မြောက်ပေးအပ်လှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမိသားစုမှ မြို့နယ်ပြည့်သူ့ဆေးရုံတွင် အသုံးပြုနိုင်ရန်အတွက် အောက်စီဂျင် ဘူးကြီး (၁၃) လုံးနှင့် ဆေးရုံသုံး အထောက်အကူပြု ပစ္စည်းများ တတိယအကြိမ်မြောက် ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၁) နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာသစ်(၃၁)ဦး ထပ်တိုးတွေ့ရှိ

မကွေးတိုင်းဒေသကြီးမှာ ဇန်နဝါရီလ ၇ ရက်နေ့ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသ ရေးဦးစီးဌာန ထုတ်ပြန် ချက်များအရ ကိုဗစ်ပိုးတွေ့ အတည်ပြုလူနာသစ်(၃၁)ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး တိုင်းဒေသကြီးအတွင်းမှာ အတည်ပြုလူနာ ပေါင်း(၂၇၃၅)ဦးထိ ရှိလာကြောင်း သိရသည်။

မော်လမြိုင်မြို့ ဆေးရုံ၌ကျွေးမွေးသော အစားအသောက်များ စနစ်တကျဖြစ်စေရေး ကြီးကြပ် ဆောင်ရွက်

မွန်ပြည်နယ်အစိုးရအဖွဲ့မှ မော်လမြိုင်ဆေးရုံကြီး၌ COVID-19 အတည်ပြုလူနာများနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ကျွေးမွေးသော အစားအသောက်များအား စနစ်တကျဖြစ်စေရေး ယနေ့ နေ့လယ်ပိုင်း၌ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကောလင်းမြို့နယ်၌ ပြည်ထောင်စုဘတ်ချက်ဖြင့် ဆောင်ရွက်သည့် ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း နှင့် စက်ရေတွင်း တူးဖော်နေမှုအား ကွင်းဆင်းစစ်ဆေး

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကောလင်းမြို့နယ်၊ပေကုန်းကျေးရွာနှင့်ပွဲခံကျေးရွာနေပြည်သူများ လူမှု စီးပွားဘဝ ဖွံ့ဖြိုးတိုး တက်စေရန်နှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန်အတွက် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ ပြည်ထောင်စု ခွင့်ပြု ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးရွာ ကုန်ထုတ်လမ်း ဖောက်လုပ် နေမှုနှင့် စက်ရေတွင်းတူးဖော်နေမှုအား ယနေ့ နံနက်၁၀ နာရီအချိန်က တာဝန်ရှိ သူများက ကွင်းဆင်းကြည့်ရှု့စစ်ဆေးခဲ့ကြောင်းသိရသည်။

ပုဗ္ဗသီရိမြို့နယ်၌ ဗုံးသီးဟောင်းတစ်လုံး တွေ့ရှိ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ဘဲကုန်းကျေးရွာအုပ်စု ကွင်းအမှတ် ၁၆၂၃(ခ)ကွင်းအတွင်း၌ ယမန်နေ့နံနက်ပိုင်းက ဗုံးသီးဟောင်းတစ်လုံးတွေ့ရှိခဲ့သည်။

ဒေါပုံမြို့နယ်၊ ယမုံနာ(၂) ရပ်ကွက်တွင် ကလေးငယ်များအား အပတ်စဉ် ပုံမှန် ကြိုတင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ဒေါပုံမြို့နယ်၊ ယမုံနာ(၂)ရပ်ကွက်၊ မဃဆွမ်းလောင်း ဓမ္မာရုံတွင် ကလေးငယ်များအား ပုံမှန်ကြိုတင်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းမျာက လာရောက်ထိုးနှံ ဆောင်ရွက် ပေးလျက်ရှိကြောင်းသိရသည်။
Subscribe to