တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းကျောင်း / အလယ်တန်း ကျောင်း(ခွဲ)နှင့် မူလတန်းလွန်ကျောင်းများ စုစုပေါင်း(၃၈)ကျောင်းအတွက်ကိုဗစ်-၁၉ ကာကွယ်ရေးပစ္စည်းများ လုံလောက်မှု ရှိစေရန် မြိတ်ဒေသ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး အတွက်အထောက်အကူပြုကော်မတီ နှင့်မြိတ်ခရိုင် ကိုဗစ်-၁၉ ကာကွယ်ရေး အရပ်ဘက်ပူးပေါင်း ကော်မတီတို့မှ ယမန်နေ့ နံနက်၁၀နာရီခွဲအချိန်က လက်ဆေးဘေစင်(အပါအဝင်) ကိုဗစ်- ၁၉ ကာကွယ်ရေးပစ္စည်း(၁၁)မျိုးစီ ထောက်ပံ့လှူဒါန်းခြင်းအခမ်းအနားကို တနင်္သာရီမြို့နယ် ပညာ ရေးမှူးရုံးအစည်းအဝေးခန်းမထဲတွင် ကိုဗစ်-၁၉ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ ကြောင်း သိရှိရသည်။