ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ် အမှတ် ၁၃ ရပ်ကွက်အတွင်းရှိ လမ်းများ၌ အများပြည်သူ စေတနာ သဒ္ဒါတရားပေါင်းစပ်မှုဖြင့် လျှပ်စစ်မီးအလင်းဒါနဖြန့်ဝေလှူဒါန်း
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် အမှတ် (၁၃) ရပ်ကွက် အတွင်းရှိ လမ်းများ၌ အမှတ် ၁၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းထိုက်အောင် ဦးဆောင်၍ ရပ်မိရပ်ဖများ၊ ရပ်ကွက်သူ၊ ရပ်ကွက်သားများ၊ စေတနာရှင်အလှူရှင်ပြည်သူများ ၏ စေတနာ သဒ္ဒါတရား ပေါင်းစပ်မှုဖြင့် ရပ်ကွက်အတွင်းရှိ လမ်းများ၌ လျှပ်စစ်မီးတိုင်များ ဖြင့် ပြည်သူများ အတွက် လျှပ်စစ်မီး အလင်းဒါန ဖြန့်ဝေ လှူဒါန်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။