ဆိပ်ကြီးခနောင်တိုမြို့နယ်၌ နေအိမ်ပြင်ပသွားလာသူများ အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိရေး အထူးကြပ်မတ်စစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လုပ်ငန်းများကို နေ့စဉ်အချိန်နှင့် တစ်ပြေးညီ အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိပြီး ယနေ့ နံနက် ပိုင်းမှစ၍ မြို့နယ်ဌာနဆိုင်ရာများ ပါဝင်သည့် ပူးပေါင်းအဖွဲ့မှ မလိုအပ်ဘဲ လူစုလူဝေးဖြင့် နယ်မြေကျော် သွားလာခြင်းမရှိစေ ရေးနှင့် မြို့နယ်‌ရပ်ကွက်များ အတွင်း နေအိမ်ပြင်ပသို့ထွက်တိုင်း အကာအကွယ် Mask စနစ်တကျ တပ်ဆင်ပါရှိ ရေးကို အထူးကြပ်မတ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ကာမိုင်းမြို့၌ ပြည်သူ့အားကစားကွင်း ပြုပြင်မွမ်းမံပြီးစီး၍ မြို့အားကစားနှင့် ကာယပညာ ကော်မတီသို့ အပ်နှံခြင်း အခမ်းအနားကျင်းပ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့၌ ပြည်သူ့အားကစားကွင်းအား ပြုပြင်မွမ်းမံပြီးစီး၍ ထိန်းသိမ်း စောင့်ရှောက် ပေးနိုင်ပါရန်အတွက် မြို့အားကစားနှင့် ကာယပညာ ကော်မတီသို့ အပ်နှံခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ အသွားအလာကန့်သတ်ထားသည့် လမ်းများမှ အိမ်ထောင်စုများအား စားသောက် ကုန်ပစ္စည်း ပေးအပ်လှူဒါန်း

မော်လမြိုင်ကျွန်း မြို့နယ်အတွင်းရှိ အသွားအလာ ကန့်သတ်ထားသည့် အမှတ် ၉ ရပ်ကွက်၊ ဇီဇဝါလမ်း၊ ခိုင်ရွှေဝါလမ်းနှင့် အောင်ရိပ်သာလမ်းမှ အိမ်ထောင်စု ၂၁၉ စုအား စားသောက်‌ရေး အဆင်ပြေစေရေး အတွက် အခြေခံစားသောက်ကုန် ပစ္စည်းများ ထောက်ပံ့လှူဒါန်းခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က ပေးဝေလှူဒါန်းခဲ့သည်။

၂၀၂၀-၂၀၂၁ ပညာသင်နှစ် ကျောင်းစာကြည့်တိုက် ဖွံ့ဖြိုးရေးစီမံချက် အောင်မြင်ရေးအတွက် လုပ်ငန်းမိတ်ဆက်ရှင်းလင်းပွဲကို အွန်လိုင်းမှတစ်ဆင့်ကျင်းပ

တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၏ ကျောင်းစာကြည့် တိုက်(၂၀၀) ဖွံ့ဖြိုးရေး စီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေးအတွက် ပညာရေး ဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပညာရေးမှူးများနှင့် မြန်မာနိုင်ငံစာကြည့်တိုက် အသင်းတို့၏ လုပ်ငန်းမိတ်ဆက်ပွဲကို ယမန်နေ့ နေ့လယ်(၁)နာရီ တွင် အွန်လိုင်း(Zoom Meeting)ဖြင့် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတနော်၌ အနှေးယာဉ်(ဆိုက္ကား)နှင့် အနှေးယာဉ်မောင်း လိုင်စင်များအား အသစ်လဲလှယ် ပေးသွားမည်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အနှေးယာဉ် (ဆိုက္ကား)နှင့် အနှေးယာဉ်နင်းသား လိုင်စင်များအား အသစ်လဲလှယ်ပေး သွားမည်ဖြစ်ကြောင်း ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်များ၌ လိုက်လံအသိပေး ကြေညာခဲ့သည်။

အောင်မြေသာစံမြို့နယ်တွင် လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးပွဲပြုလုပ်

လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးဆိုင်ရာ အသိပညာပေးဟောပြော‌ဆွေးနွေးပွဲကို ယနေ့နံနက်၁၁နာရီက အောင်မြေသာစံမြို့နယ်၊ ပြည်လုံးချမ်းသာရပ်ကွက်၊ ၁၃လမ်းနှင့်၈၆လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ပြုလုပ်သည်။

ဒေးဒရဲမြို့နယ် ဥတိုကျေးရွာတွင် School Cum Shelter ဆက်လက် ဆောက်လုပ်နိုင်ရေး ဘိုးပိုင်များ စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဥတိုကျေးရွာတွင် ဖျာပုံခရိုင်၊ ဘေးအန္တရာယ် စီမံခန့်ခွဲမှု ဦးစီးဌာနက ဆောက်လုပ်ဆဲ School Cum Shelter ဆက်လက် ဆောက်လုပ်နိုင်ရေး ဘိုးပိုင်များ စမ်းသပ် စစ်ဆေးဆောင်ရွက်ခြင်းကို ယမန်နေ့ နေ့လည်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြန်အောင်၌ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းဆိုင်ရာများ ရှင်းလင်းခြင်းနှင့် ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်ရမည့်ကိစ္စရပ်များ ရှင်းလင်းပို့ချခြင်း သင်တန်းဖွင့်လှစ်

မြန်အောင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအား ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း လုပ်ငန်းဆိုင်ရာများ ရှင်းလင်းခြင်းနှင့် ဥပဒေ၊ နည်းဥပဒေအရ ဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှင်းလင်းပို့ချခြင်း သင်တန်းကို ယနေ့နံနက်က မြန်အောင်မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ဖွင့်လှစ်သင်ကြား လျက်ရှိကြောင်း သိရသည်။

ကော့ကရိတ်မြို့၌ ၂၀၂၁- ၂၀၂၂ ဘဏ္ဍာနှစ်အတွက် စီမံကိန်းရည်မှန်းချက် အဆိုပြုချက်များညှိနှိုင်းဆွေးနွေး

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာနှစ်အတွက် စီမံကိန်းရည်မှန်းချက် အဆိုပြုချက်များ (ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ) ဆွေးနွေးညှိနှိုင်းခြင်းကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

ဗန်းမောက်မြို့နယ်တွင် ဆောင်းမြေပဲစိုက်ခင်းအတွင်း ‌ရေဆင်း (၁) စပ်မျိုးနေကြာ စိုက်ပျိုးနိုင်ရေး ကွင်းဆင်းသရုပ်ပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်အတွင်း လယ်သီးထပ်စိုက်ပျိုးနိုင်ရန် ဆောင်းမြေပဲစိုက်ခင်း အတွင်း ရေဆင်း (၁) စပ်မျိုးနေကြာ စိုက်ပျိုးခြင်း ကွင်းသရုပ်ပြသမှုကို စက်တောနည်းပညာပေး စင်တာအတွင်းရှိ နားယကာကျေးရွာတွင် ဆောင်းသီးနှံတိုးချဲ့ စိုက်ပျိုးခြင်းနှင့် လျာထားချက်ပြည့်မီစွာ စိုက်ပျိုးနိုင်ရေးတို့အတွက် တောင်သူဦးကျော်ဦးနှင့် ဒေါ်ညွန့်မေတို့၏ လယ်ယာမြေ၌ ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to