ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ် ပြန်လည်ရွေးချယ်နိုင်ရေး အစည်းအဝေး ပြုလုပ်

 ရန်ကုန်တိုင်းဒေသကြီး၊အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် ရပ်ကွက်  သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ပြန်လည်ရွေးချယ်နိုင်ရေး အစည်းအဝေးကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ကြောင်း  သိရသည်။

သပိတ်ကျင်းမြို့နယ်၊ ဆင်မွှေးကျေးရွာ အများသုံးရေကန်မှ ရေနမူနာအားစစ်ဆေးခဲ့ရာ ဆိုင်ရာနိုက် (Cyanide)များ ပျော်ဝင်လျက်ရှိကြောင်း တွေ့ရှိ

သပိတ်ကျင်းမြို့နယ်၊ အုံးဇုံးကျေးရွာအုပ်စု၊ ဆင်မွှေးကျေးရွာမှ အများသုံးရေကန်အားအသုံးပြု၍ အမျိုးသမီးတစ်ဦး သေဆုံးသည့်ဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူအသုံးပြုခဲ့သည့်ရေအား ဓာတုဗေဒဝန်ရုံး ရန်ကုန်မြို့သို့ပို့ဆောင်စစ်ဆေးခဲ့ရာ ဆိုင်ရာနိုက်(Cyanide) ပျော်ဝင်လျက် ရှိကြောင်း အကြောင်းပြန်ကြားခဲ့ သည်။

မက်မန်းမြို့၌ မူလတန်းကျောင်းအဆင့်တိုးမြှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ်၌ ၂၀၂၀-၂၀၂၁ ခုနှစ် ပညာသင်နှစ် ကျောင်းအဆင့် တိုးမြှင့် ဆိုင်းဘုတ်တင်ခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သံတောင်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် သံတောင်ကြီးအမျိုးသမီးများအဖွဲ့ပူးပေါင်း၍ မြန်မာ့ရိုးရာအစားအစာ မုန့်ဖုတ်သင်တန်းဖွင့်ပွဲကျင်းပ

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနနှင့် သံတောင်ကြီး အမျိုးသမီးများအဖွဲ့တို့ပူးပေါင်း၍ ဒေသနေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်း ရရှိစေရန်အတွက် မြန်မာ့ရိုးရာအစားအစာ မုန့်ဖုတ်နည်းသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက သံတောင်မြို့ လူမှုဝန်ထမ်းဦးစီးဌာန ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ ကြောင်းသိရသည်။

မြစ်သား၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့အတည်ပြုလူနာ(၂)ဦးထပ်မံတွေ့ရှိ

မန္တလေးတိုင်းဒေသကြီး မြစ်သားမြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့်ကိုဗစ်-၁၉ အတည်ပြု လူနာ (၂)ဦးထပ်မံတွေ့ရှိကြောင်း မြစ်သားမြို့ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

တီးတိန်၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့အတည်ပြုလူနာ(၇)ဦး ထပ်မံတိုးလာ

ချင်းပြည်နယ်၊ တီးတိန်မြို့ပြည်သူ့ဆေးရုံ၌ ဆေးကုသမှုခံယူသည့် ကိုဗစ်-၁၉ အတည်ပြုလူနာ (၇)ဦး ထပ်မံတိုးလာကြောင်း တီးတိန်မြို့ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ မိုးရာသီစိုက်ပျိုးသည့် ကြက်သွန်နီစိုက်ခင်းများ စတင်သိမ်းဆည်း၊ ဈေးနှုန်းကျဆင်းနေ၍ စိုက်ပျိုး တောင်သူများ အကျိုး အမြတ်နည်းပါး

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံတောင်သူများ မိုးရာသီတွင်စိုက်ပျိုးခဲ့သည့် ကြက်သွန်နီစိုက်ခင်းများ ယခုလဆန်းပိုင်းတွင် စတင်နှုတ်သိမ်းနေကြပြီဖြစ်ကြောင်း သိရကာ လက်ရှိတွင် ကြက်သွန်နီ ဈေးနှုန်းများ ကျဆင်းနေသဖြင့် သီးနှံဝင်ငွေ အကျိုးအမြတ်နည်းပါး၍ ဈေးကောင်းရရှိရန် တောင်သူများက မျှော်လင့်လျက်ရှိနေကြကြောင်း ပွင့်ဖြူမြို့နယ် အနောက်လေးအိမ်ကျေးရွာမှ ဒေသခံတောင်သူများထံမှ သိရသည်။

တွံတေးမြိုနယ်အတွင်း ဒေသဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခြင်းဆောင်ရွက်

ကျေးလက်ဒေသများ ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေး မြို့နယ်အတွင်းရှိ ၂၀၂၀-၂၀၂၁ ခုနှစ် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဖြစ်သည့် လမ်းများ အဆင့် မြှင့်တင်မှုနှင့် တွံတေး-မအူပင်ကားလမ်းပေါ်ရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ် တည်ဆောက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက လွှတ်တော် ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

သန်လျင်မြို့နယ်အတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်နေသော ဖွံ့ဖြိုးရေး လုပ်ငန်းများအား ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေး အဖွဲ့ တိုင်းဒေသကြီး ဒုတိယညွှန်ကြားရေးချုပ်နှင့် တာဝန်ရှိသူများက ယမန်နေ့ မွန်းလွဲ ၃ နာရီက မြို့နယ်အတွင်းလှည့်လည် စစ်ဆေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏(၁/၂၀၂၁) လုပ်ငန်းညှိနှိုင်းအစည်း အဝေးကျင်းပ

ချင်းပြည်နယ် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီ၏(၁/၂၀၂၁) လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို COVID-19 ​ရောဂါဖြစ်ပွားသည့်ကာလအတွင်း ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ယနေ့နံနက် ၁၀နာရီက ဟားခါးမြို့ ချင်းပြည်နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ချင်းပြည်နယ် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာကော်မတီဥက္ကဌ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။
Subscribe to