ဟင်္သာတ၌ A အဆင့် သတ်မှတ်ခံရသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ စည်းကမ်းချက် နှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့ရှိ A အဆင့် သတ်မှတ်ခံရသည့် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များကို ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး စံသတ်မှတ်ချက် များနှင့်အညီ ဖွင့်လှစ်ရောင်းချနေမှုရှိ/မရှိတို့ကို ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး ကော်မတီနှင့် စည်းကမ်းထိမ်းသိမ်းရေးအဖွဲ့က ယနေ့နံနက်က ကွင်းဆင်း စစ်ဆေးလျက် ရှိကြောင်း သိရသည်။