မူဆယ်မြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အမျိုးသားဝန်ထမ်း(၁)ဦးထံ၌ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ အမျိုးသား ဝန်ထမ်း(၁)ဦးထံ၌ ဒီဇင်ဘာလ(၃၀)ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိခဲ့ကြောင်း မူဆယ်ခရိုင်၊ ပြည်သူ့ဆေးရုံအုပ်ဒေါက်တာဟန်နိုင်စိုးက ပြောကြားသည်။