မိုးမိတ်မြို့၌ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းနေမှုအား အရည်အသွေး ပြည့်မှီစေရေး ကြည့်ရှုစစ်ဆေး
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် အသုံးပြုပြီး ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်းနေမှုအား အရည်အသွေး ပြည့်မှီစေရေးနှင့် အချိန်မီပြီးစီးနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီအချိန်တွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားများနှင့် မြို့နယ်စည်ပင်သာယာရေး ကော်မတီဝင်များက ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။