လှိုင်းဘွဲမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယာဉ်မောင်းပြည်သူများ အနေဖြင့် ယာဉ်မောင်းရာတွင် စနစ်တကျ မောင်းနှင်စေရန်နှင့် ယာဉ်မတော်တဆမှု လျော့နည်းပပျောက်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့တွင်းအကွေ့လမ်းနှင့် ပိုင်ကျုံ သွားလမ်းတို့တွင် ဆောင်ရွက်ခဲ့သည်။