ပေါက်ခေါင်းမြို့နယ် ရွှေတောင်ငွေတောင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ယာအသစ် ဆောက်လုပ်နေမှု ရာနှုန်းပြည့်ပြီးစီး
ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ် ရွှေတောင်ငွေတောင် ကျေးရွာတွင် ပြည်ထောင်စုဘတ်ဂျက်ဖြင့် အသစ် ဆောက်လုပ်နေသော ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာ တည်ဆောက်နေမှုမှာ ရာနှုန်းပြည့် ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။