စဉ့်ကိုင်မြို့နယ်တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား စတုတ္ထအကြိမ်မြောက် ထပ်တိုးထောက်ပံ့ငွေများပေးအပ်

မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကိုဗစ်−၁၉ရောဂါဖြစ်ပွားနေစဉ် ကာလ အတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအတွက် နိုင်ငံတော်မှ ထောက်ပံ့သော ထောက်ပံ့ငွေများကို ယနေ့ နံနက် (၁၁) နာရီက တရုတ်စုရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ထပ်တိုး ထောက်ပံ့ငွေများကို ထပ်ဆင့်ထောက်ပံ့ပေးအပ်ခဲ့ ကြောင်းသိရသည်။

ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာတွင် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေမှု လုပ်ငန်းအရည်အသွေး ပြည့်မီရေး တာဝန်ရှိသူများအဖွဲ့ ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဌာနခွင့်ပြုရန်ပုံငွေဖြင့် ပွင့်ဖြူမြို့နယ် ကံဆွယ်ကျေးရွာတွင် ဒေသခံပြည်သူများ စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အတွက် လယ်မြေဧက ၈၀၀ ကျော် အကျိုးပြုနိုင်မည့် ကျေးလက်ကုန်ထုတ်လမ်းသစ်အား

ကျွန်းစုမြို့တွင် ဈေးဆိုင်များ၊ စားသောက်ဆိုင်နှင့်လက်ဖက်ရည်ဆိုင်များသတ်မှတ်ချက်များ အတိုင်း စနစ်တကျရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေး အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များ နှင့်အညီ ရောင်းချနေမှု ရှိ/မရှိ ကို ယနေ့ နံနက်(၈)နာရီအချိန်က မြို့မဈေးရှိ အသား၊ ငါး၊ ကုန်စုံ အရောင်းဆိုင်များနှင့် (A)အဆင့်ရရှိသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအား တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။

ကိုဗစ်ရောဂါကာကွယ်ရေးအတွက် မြို့အဝင် စစ်ဆေးရေးဂိတ်တွင် စနစ်တကျစစ်ဆေးခြင်းများ ဆောင်ရွက်

ကူးစက်မြန် COVID-19 ရောဂါ ကြိုတင်ကာကွယ်ရေးအဖြစ် မိုင်းရယ်မြို့ မြို့အဝင်တွင် စစ်ဆေးရေးဂိတ်ဖွင့်လှစ်၍ နေ့စဉ် ဖြတ်သန်းသွားလာသည့် လူနှင့် ယာဉ်များအား စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။

မြိုင်မြို့တွင် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ ဖြန့်ဝေ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများက ၂၀၂၁ ခုနှစ် (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များကို ယနေ့ နံနက် ၇ နာရီအချိန်ကမြို့မ ယာယီဈေး၊ မြို့နယ် ပညာရေးမှူးရုံးနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ဖြန့်ဝေခဲ့ သည်။

မော်လမြိုင်မြို့နယ်၌ ဈေးဆိုင်များနှင့် စားသောက်ဆိုင်များ ညွှန်ကြားချက်နှင့်အညီ ရောင်းချမှုရှိစေရေး ကွင်းဆင်း စစ်ဆေး

မွန်ပြည်နယ် မော်လမြိုင်မြို့၌ ရပ်ကွက်/ ကျေးရွာများအတွင်း ဖွင့်လှစ်ရောင်းချလျက်ရှိသော ဈေးဆိုင် များနှင့် စားသောက်ဆိုင်များကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားချက်နှင့် အညီ ရောင်းချမှုရှိစေရေး ဆိုင်ထိုင် ရောင်းချမှုမရှိစေရေးတို့ကို ယနေ့နံနက်ပိုင်း၌ ကွင်းဆင်း၍ တာဝန်ရှိသူ အဖွဲ့များက လိုက်လံ စစ်ဆေးကြကြောင်း သိရသည်။

ဝန်းသိုမြို့နယ် မန်ကျည်းကုန်း-တေဇကျေးရွာ၌ မြစိမ်းရောင်စီမံကိန်းချေးငွေဖြင့် အဓိက စိုက်ပျိုးရေး လုပ်ငန်းကဏ္ဍတွင် အဆင်ပြေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် မန်ကျည်းကုန်း-တေဇကျေးရွာတွင် မိရိုး ဖလာတောင်သူ လယ်ယာစိုက်ပျိုးခြင်းနှင့်အတူ မိသားစုတစ်ပိုင်တစ်နိုင် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေ ဖြင့် လုပ်ကိုင်ဆောင်ရွက်ရာတွင် ပို၍အဆင်ပြေလုပ်ကိုင်လာနိုင်ကြောင်း သိရသည်။

လယ်ယာစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အစည်းအဝေးကျင်းပ

လယ်ယာစီးပွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီသည် ညီနောင်အသင်းများနှင့် အသင်းဝင်များ၏ လိုအပ်ချက်များကို စုစည်း ပေါင်းစည်းညှိနှိုင်း၍ နိုင်ငံတော်အစိုးရသို့ အကြံပြုတင်ပြခြင်း၊ ညှိနှိုင်း ဆောင်ရွက်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

မြောင်းမြမြို့ အထက(၁)မြတ်ဆရာပူဇော်ပွဲအား Online မှကျင်းပပြုလုပ်မည်

မြောင်းမြမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ကျောင်းသား/သူဟောင်းများ၏ (၂၆)ကြိမ်မြောက် မြတ်ဆရာပူဇော် ကန်တော့ပွဲ ၂၀၂၁ခုနှစ်၊ဖန်နဝါရီလ(၁၀)ရက်နေ့ နေ့လည် (၁၂)နာရီတွင် Online မှကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရပါသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ နှစ်(၃၀)ပြည့် အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲဝင် ဓာတ်ပုံများအား စိစစ်အကဲဖြတ်ဆု ရွေးချယ်ပွဲကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည်၊ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (၂၄) ရက်နေ့တွင် နှစ်(၃၀) ပြည့်မြောက်ခဲ့ပြီး ဖြစ်ပါသည်။ နှစ်(၃၀)ပြည့် အထိမ်းအမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲကို “ပြည်သူ့အတွက် ဒို့ပြန်/ဆက်” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး၊ ဌာနမှ ခေတ်အဆက်ဆက် တိုင်းကျိုးပြည်ပြု ဆောင်ရွက်ခဲ့မှုများ၊ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှုများနှင့် ပြုပြင်ပြောင်းလဲ တိုးတက်မှုများ၊
Subscribe to