မြိတ်-ကျွန်းစု ခရီးသွားလုပ်ငန်းကို မြန်မာနိုင်ငံ၏ ငါးခုမြောက် ခရီးစဉ်ဒေသဖြစ်လာစေရန် ကြိုးစား ဆောင်ရွက်လျက်ရှိ

တနင်္သာရီတိုင်းဒေသကြီး မြိတ်-ကျွန်းစု ခရီးသွားလုပ်ငန်းသည် ပြည်တွင်း/ပြည်ပ ခရီးသွားဧည့်သည်များမှ ကျွန်းကိုအခြေခံပြီး အဓိကလည်ပတ်ကြသည့် ကျွန်းအပန်းဖြေခရီးစဉ်များဖြစ်ပေရာ မြိတ်ကျွန်းစု ခရီးသွား လုပ်ငန်းကို မြန်မာနိုင်ငံ၏ ငါးခုမြောက် ခရီးဒေသတစ်ခုဖြစ်လာစေရန် ကြိုးစားဆောင်ရွက် လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီး သွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာမှ “ရွှေဆူးလေ” လယ်ယာနှင့် အထွေထွေစီးပွားရေးလုပ်ငန်း သမဝါယမ အသင်းဝင်များအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆူးလေကုန်းကျေးရွာမှ “ရွှေဆူးလေ” လယ်ယာနှင့် အထွေထွေ စီးပွားရေးလုပ်ငန်း သမဝါယမ အသင်းဝင်များအား ကိုဗစ်-၁၉ကာလအတွင်း မိသားစုများ စားဝတ်နေရေး အဆင်ပြေစေရေးအတွက် ယနေ့နံနက် ၉ နာရီက ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

မျိုးစေ့၊ မြေသြဇာနှင့် လုပ်အားခများ ထောက်ပံ့

ဂန့်ဂေါမြို့နယ်၌ ယခုနှစ် ဆောင်းရာသီတွင် မကွေး ၁၆ မြေပဲမျိုးစံပြကွက်(၅)ဧက၊ ဆင်းပဒေသာ(၁၁)မြေပဲမျိုး စံပြကွက်(၅)ဧက၊ ရေဆင်း(၁၄) ပဲတီစိမ်းမျိုး စံပြကွက် (၅)ဧက၊ ICCV 2 ကုလားပဲ မျိုးစံပြကွက် (၅)ဧက၊ သီးနှံသစ်တော ရောနှောစိုက်ခင်း စံပြကွက်အဖြစ် နှစ်ရှည်ပင် စိန်တလုံး သရက်ကြားတွင် ရာသီသီးနှံ ဆောင်းပဲတီစိမ်း စိုက်ပျိုးခြင်း (၁၀)ဧကနှင့် မိုးစပါးအပြီး ကုလားပဲသီးထပ် သီးနှံပုံစံ စမ်းသပ်ကွက် (၂) ဧကတို့ကို စိုက်ပျိုး ဆောင်ရွက်ထားကြောင်း မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

စေတုတ္တရာမြို့နယ် တယ်ဇားကျေးရွာတွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုငွေကျပ် (၂၄.၅)သန်းဖြင့် ကျေးရွာ လျှပ်စစ်မီးလင်းရေး ဆောင်ရွက်မှု ရာနှုန်းပြည့်ပြီးစီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာ မြို့နယ်လျှပ်စစ်ရုံးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေများဖြင့် ကျေးရွာ(၂၂)ရွာတွင် လျှပ်စစ်မီးလင်းရေး ဆောင်ရွက် လျက်ရှိရာ တယ်ဇား ကျေးရွာတွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေကျပ်(၂၄.၅)သန်းဖြင့် ဆောင်ရွက်လျက်ရှိသော ကျေးရွာ လျှပ်စစ်မီးလင်းရေး လုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

ကျောက်တံခါးမြို့နယ်တွင် (၇၃)နှစ်​မြောက်လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင်များ အခမဲ့ဖြန့်ဝေ

ပဲခူးခရိုင်၊​ ကျောက်တံခါးမြို့နယ်တွင် ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေး ဦးစီးဌာနမှ ထုတ်​ဝေသည့် (၇၃)နှစ်​မြောက် လွတ်လပ်​ရေး​နေ့ အထိမ်းအမှတ်အဖြစ် သတင်းစကား လက်ကမ်းစာစောင်အတွဲ(၅)၊ အမှတ်(၁)ကို ကျောက်တံခါးမြို့မဈေး၊ ကားဂိတ်နှင့် ဆေးရုံတို့တွင် ယမန်နေ့က အခမဲ့ဖြန့်ဝေပေးခဲ့သည်။

လှိုင်းဘွဲမြို့၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ယာဉ်မောင်းပြည်သူများ အနေဖြင့် ယာဉ်မောင်းရာတွင် စနစ်တကျ မောင်းနှင်စေရန်နှင့် ယာဉ်မတော်တဆမှု လျော့နည်းပပျောက်စေရန်အတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လုပ်ငန်းကို ယနေ့နံနက်ပိုင်းက မြို့တွင်းအကွေ့လမ်းနှင့် ပိုင်ကျုံ သွားလမ်းတို့တွင် ဆောင်ရွက်ခဲ့သည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၏ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်အတွင်း နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် ပေးနေမှု အခြေအနေ ကွင်းဆင်းစစ်ဆေးခြင်း

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀−၂၀၂၁ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး (ပြည်ထောင်စု) ရန်ပုံငွေဖြင့် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်၊ မိုင်းငေါ့မြို့၊ မန်ဟွေရွာမှ ချုံးဟောင်းကျေးရွာ ချင်းဆက်လမ်း ၄ မိုင် မြေသားလမ်း ဖောက်လုပ်‌နေမှုအား ကျောက်မဲခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး၊ ဉီးကျော်သက်နှင့် တာဝန်ရှိသူများက ယမန်နေ့တွင် ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ကူညီ ဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ကြံခင်းမြို့ ရွာသစ်ရပ်ကွက်တွင် ဈေးဆိုင်ခန်း မီးလောင်မှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ကြံခင်းမြို့တွင် ယမန့်နေ့ည ၁၂ နာရီ ၅ မိနစ်အချိန်က ရွာသစ်ရပ်ကွက် ဘုရားကြီးလမ်းရှိ ဈေးဆိုင်ခန်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသဖြင့် မြို့နယ်မီးသတ် ဦးစီးအရာရှိ ဦးကိုကိုနိုင် အပါအဝင် မီးသတ်တပ်ဖွဲ့ဝင်(၂၆)ဦးမှ ရေသယ်ယာဉ်(၂)စီး မီးငြှိမ်းသတ်ယာဉ်(၁)စီးဖြင့် မီးသတ်စက်ယာဉ်(၁)စီး တို့ဖြင့် သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရသည်။

မကွေးတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာသစ်(၁၂)ဦးထပ်တိုးတွေ့ရှိ အသက် ၇၆ နှစ်အရွယ် ကိုဗစ်အတည်ပြုလူနာ(၁)ဦးသေဆုံး

မကွေးတိုင်းဒေသကြီးတွင် ဒီဇင်ဘာလ ၃၀ ရက်နေ့၌ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့လူနာသစ် (၁၂)ဦး ထပ်တိုး တွေ့ရှိခဲ့ပြီး၊ မကွေးသင်ကြားရေး ဆေးရုံကြီးတွင် တက်ရောက်နေသော ချောက်မြို့နယ်၊ ကုန်းကြီးရွာမှ အသက် ၇၆ နှစ်အရွယ် အမျိုးသားတစ်ဦး ယနေ့မနက်ပိုင်းက သေဆုံးသွားကြောင်း မကွေးတိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနက သိရသည်။

လာအိုနိုင်ငံမှ ရွှေ့ပြောင်းမြန်မာအလုပ်သမား ၄၀ ဦး ပြန်လည်ဝင်ရောက်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ် ဝမ်ပုံဆိပ်ကမ်းသို့ လာအိုနိုင်ငံ မိုင်းမောဆိပ်ကမ်းမှ ရွှေ့ပြောင်း မြန်မာအလုပ်သမား အမျိုးသား ၂၃ ဦးနှင့် အမျိုးသမီး ၁၇ ဦး၊ စုစုပေါင်း ၄၀ ဦးသည် ယမန်နေ့က ပြန်လည် ဝင်ရောက် လာခဲ့ကြောင်း သိရသည်။
Subscribe to