ရှမ်းရွာသစ်မြို့ ကွီးလေးကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၌ ကျောင်းဆောင်သစ် တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပညာရေးဝန်ကြီးဌာန၏ နှစ်စဉ်ခွင့်ပြုရန်ပုံငွေဖြင့် ဒေသနေပြည်သူများ၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်အတွက် ဆောင်ရွက်လျက်ရှိရာ ရှမ်းရွာ သစ်မြို့ ကွီးလေးကျေးရွာအုပ်စုရှိ ကွီးလေး ကျေးရွာအခြေခံပညာအလယ်တန်းကျောင်း၏ အန္တရာယ် ရှိသော ကျောင်းဆောင်အဟောင်းဖျက်သိမ်း၍ ကျောင်းဆောင် သစ်တည် ဆောက်ခြင်းလုပ်ငန်းကို ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။