ရွှေတောင်မြို့နယ် မီးသတ်ဦးစီးဌာနမှ အစဉ်အမြဲ စွမ်းရည်ပြည့်ဝစေရန် အပတ်စဉ်လေ့ကျင့်မှုများဆောင်ရွက်

ရွှေတောင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များ အောင်မြင်စေရန်အတွက် ရည်မှန်းချက် တာဝန်ကြီး(၄)ရပ်နှင့် လုပ်ငန်းစဉ်(၇)ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နေရာ မီးဘေး အန္တရာယ်မှ ကာကွယ်တားဆီးရေး၊ သဘာဝဘေးအန္တရာယ်များ ကျရောက်လာသည့်အခါ အရေးပေါ်ရှာဖွေ ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအတွက် မီးငြှိမ်းသတ်ရေး၊ ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်ခန်းများအား အပတ်စဉ် လေ့ကျင့်မှုများ ဆောင်ရွက်လျက်ရှိ​သည်။

မိုးနဲမြို့ နားခံစံပြကျေးရွာ၌ stay at home ကာလအတွင်း အခြေခံစားသောက်ကုန်များ ထောက်ပံ့

ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ် နားခံစံပြကျေးရွာကို ဒီဇင်ဘာ ၁၈ ရက်နေ့မှ စတင်၍ stay at home အစီအစဉ်တွင် အကျုံးဝင်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီမှ သက်မှတ်ထားရှိခဲ့ပြီးနောက် ယမန်နေ့ ညနေပိုင်းအချိန်က မိုးနဲမြို့စိန်တောင်ဆရာတော်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရွှေပိုးပရဟိတ အသင်းမှ တာဝန်ရှိသူများက အခြေခံစားသောက်ကုန်များ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP) မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာကော်မတီဖွဲ့စည်းခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ကျေးလက်‌ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ကျေးရွာ (၂၀)အား မိတ်ဆက်ရှင်းလင်းခြင်းနှင့် ကျေးရွာ ကော်မတီဖွဲ့စည်းခြင်းလုပ်ငန်းများကို ယမန်‌နေ့က ကွင်းဆင်းဆောင်ရွက်ပြီးစီး ခဲ့ကြောင်း ကျေးလက်ဦးစီးဌာနရုံးမှ သိရသည်။

ဖားဆောင်းမြို့နယ်တွင် က​လေးသူငယ် ကာကွယ်​​စောင့်​ရှောက်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲပြုလုပ်

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​ မြောက်ပိုင်းရပ်ကွက် အုပ်ချုပ်​ရေးမှူးရုံး၌ ယနေ့နံနက်(၁၀)နာရီက မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနရုံးမှ ကြီးမှူး၍ က​လေးသူငယ် ကာကွယ်​ စောင့်ရှောက်​ရေး အသိပညာ​ပေး ​ဟော​ပြောပွဲပြုလုပ်ခဲ့သည်။

ကလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ (၁၆)ဦး ကျန်းမာရေးကောင်းမွန်သဖြင့် ဆေးရုံမှ ဆင်း

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ တိုင်းရင်းဆေးရုံနှင့်ပြည်သူ့အဌားအိမ်ယာအိတ်စွပ်တို့တွင် ဆေးကုသမှု ခံယူနေကြသည့် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၁၆) ဦးတို့သည် ဆေးရုံဆင်းသတ် မှတ်ချက်များနှင့်အညီ ကျန်းမာရေးကောင်းမွန်သဖြင့် ယမန်နေ့က ဆေးရုံမှဆင်းခွင့်ပြုလိုက်ပြီဖြစ် ကြောင်းသိရသည်။

တိမ်ပင်လယ် ညအိပ်စခန်းများဖွင့်ခွင့်ရမည့် အချိန်အတွက်ကြိုတင်ပြင်ဆင်ထားရှိ

ရှမ်းပြည်နယ် နောင်ချို မြို့နယ်ရှိ တိမ်ပင်လယ် ညအိပ်စခန်းများသည် ယခုcovid ကာလတွင် ဖွင့်ခွင့်မရရှိသေးသော်လည်း ကျန်းမာရေးလမ်းညွှန်ချက်များနှင့်အညီ ဖွင့်ခွင့်ရမည့်အချိန်အတွက် ကြိုတင်ပြင်ဆင်လျက်ရှိကြောင်း သိရ သည်။

ရွာငံမြို့နယ် ရေဦဈေး၌ နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးနှင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ် ကိုဗစ်ကော်မတီမှ အရှိန်ဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရေဦးဈေးတွင် ဈေးရောင်းဈေးဝယ်များနှင့် ဈေးလာပြည်သူများအား နှာခေါင်းစည်းမတ်များ တင်ဆင်အသုံးပြုရေးနှင့် ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာ ပေးခြင်း များကို ယနေ့ နံနက်(၇)နာရီက လမ်းမတစ်လျှောက်နှင့် အဆိုပါဈေးအတွင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

ကျိုက်လတ်၌ ''Physical Fitness Dance '' Online Challenge ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနက ကျင်းပပြုလုပ်သည့် ''Physical Fitness Dance'' Online Challenge ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကို ယမန်နေ့နံနက်(၉)နာရီခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပ ခဲ့သည်။

ခရမ်းမြို့နယ်တွင် ကျေးရွာမီးလင်းရေး‌ ဆောင်ရွက်ပြီးစီးနေမှုများနှင့် လိုအပ်ချက်များအား ကွင်းဆင်းစစ်ဆေး

ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊‌ မကျီးကန်အုပ်စုကျေးရွာတွင် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာ မီးလင်းရေး ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များအား မြို့နယ်လွှတ်တော်ကိုယ်စား လှယ်နှင့် ဌာနတာဝန်ရှိသူများက ယမန်နေ့ နေလယ်က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Subscribe to